SL Slim by May May

SL Slim by May May

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SL Slim by May May, Health/Beauty, Yangon.

မြန်မာတနိုင်ငံလုံး ရောင်းအားအကောင်းဆုံး ကိုယ်စားလှယ်ကြီး Top2🏆🥈
ရန်ကုန်/မန်း Stock ကြီး ၂ခုကနေ ပြည်တွင်း/ပြည်ပ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချပေးနေမို့ စိတ်ချစွာဝယ်ယူအားပေးနိုင်ပါတယ်ရှင်
ကျန်းမာအဆီကျလှပဖို့ SL Slim သုံးကျစို့ဆက်သွယ်မှာယူရန် 09250517686

01/08/2026

🎉 SL Slim ရဲ့ အထူးကံစမ်းမဲ ပေါက်မဲစာရင်း ထုတ်ပြန်ကြေညာခြင်း 🎉

SL Slim ကို အစဉ်အမြဲ အားပေးအားမြှောက်ပြုကြတဲ့ ချစ်မိတ်ဆွေများအားလုံး မင်္ဂလာပါရှင်... ✨

မျှော်လင့်စောင့်စားနေကြတဲ့ ကံစမ်းမဲအစီအစဉ်ရဲ့ ပေါက်မဲနံပါတ်များကို ထုတ်ပြန်ပေးလိုက်ပါပြီနော်။ မိမိတို့ရဲ့ ကံစမ်းမဲလက်မှတ်နံပါတ်လေးတွေကို အောက်ပါစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပေးပါရှင်... 👇

💵 ငွေသားဆုများ
* ငွေသား (၁) သိန်းကျပ် (၂ ဆု) : 9720 , 0155
* ငွေသား (၅) သောင်းကျပ် (၁ ဆု) : 3282

🛋️ အိမ်သုံးပရိဘောဂ ဆုများ
* ဆိုဖာဆက် (၁) ဆက် : 5388
* မှန်တင်ခုံ (၁) ခု : 9727
* စားပွဲခုံ (၁) လုံး : 3417
* ပစ္စည်းတင်ခုံ (၁) ခု : 8172

🎁 SL Slim ထုတ်ကုန် ဆုများ
* အဆီကျယို (၂) ဘူး : 3690
* အဆီကျယို (၁) ဘူး (၄ ဆု) : 5049 , 8174 , 5131 , 2108
* ကျောက်ချဉ် Spray (၃) ဘူး (၂ ဆု) : 5526 , 5934
* Lemon Black Coffee (၂) ထုပ် : 9487

📩 ဆုမဲ ထုတ်ယူရန် နည်းလမ်း
> ကံထူးရှင်များအနေဖြင့် မိမိတို့ ပေါက်မဲရရှိထားသည့် ကံစမ်းမဲလက်မှတ် ဓာတ်ပုံ နှင့်အတူ Page Chat Box (Inbox) သို့ ဆက်သွယ်ပြီး ဆုမဲများကို ထုတ်ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။
>
ကံထူးသွားကြတဲ့ ကံထူးရှင်များအားလုံးအတွက် SL Slim မိသားစုမှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်နော်... 💚✨

09/07/2026

ဗိုက်အဆီတွေကို သိသိသာသာ လျော့ကျစေမယ့် Cortisol ထိန်းချုပ်နည်း (၈) ချက် -

Cortisol (ဖိစီးမှုဟော်မုန်း) မြင့်နေသရွေ့ သင့်ဗိုက်ခေါက်အဆီတွေ ဘယ်တော့မှ ကျမှာမဟုတ်ပါဘူး။
၁။ Magnesium (မဂ္ဂနီဆီယမ်) ဖြည့်ပါ
Magnesium နည်းနေရင် ဖိစီးမှုဟော်မုန်းတွေ ပိုထွက်လာပါတယ်။ ရွှေဖရုံစေ့၊ ဟင်းနုနွယ်၊ ဗာဒံစေ့နဲ့ Dark Chocolate တွေကနေ သဘာဝအတိုင်း ရယူပါ။ လူအများစုဟာ ဂရုတစိုက်မစားရင် Magnesium လုံလောက်စွာ မရတတ်ပါဘူး။
၂။ မနက်ခင်း Routine တစ်ခု ဖန်တီးပါ
ဦးနှောက်က မသေချာမရေရာမှုတွေကို မုန်းပါတယ်။ မနက်တိုင်း ပုံမှန်အလေ့အကျင့် (Routine) အတိုင်း အစီအစဉ်တကျ လုပ်ဆောင်ခြင်းက ဆုံးဖြတ်ချက်ချရတာတွေကို လျော့ကျစေပြီး Cortisol ကို သိသိသာသာ ငြိမ်ကျစေပါတယ်။
၃။ အူလမ်းကြောင်းကို ဂရုစိုက်ပါ (Gut-Brain Axis)
သင့်အူလမ်းကြောင်းနဲ့ ဦးနှောက်က တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ ဒိန်ချဉ်၊ ကင်မ်ချီ၊ Kefir လိုမျိုး အချဉ်ဖောက်ထားတဲ့ အစားအစာတွေ (Fermented foods) က အူလမ်းကြောင်းက ဘက်တီးရီးယားအကောင်းတွေကို အားဖြည့်ပေးပြီး ဖိစီးမှုကို လျော့ကျစေပါတယ်။ နေ့စဉ် နည်းနည်းစီ ပုံမှန်စားပေးပါ။
၄။ Ashwagandha (အက်ရ်ှဝါဂန်ဒါ)
သုတေသနတွေအရ Adaptogen ဖြစ်တဲ့ ဒီဆေးဘက်ဝင်အပင်ဟာ Cortisol ကို ကောင်းကောင်း ကျဆင်းစေပါတယ်။ ဆေးပမာဏ အများကြီးထက်၊ နည်းနည်းနဲ့ ပုံမှန်သောက်ပေးဖို့က ပိုအရေးကြီးပါတယ်။
၅။ Omega-3s နဲ့ ရောင်ရမ်းမှုကို ချပါ
ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့ သစ်ကြားသီးတွေမှာပါတဲ့ Omega-3 က ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။ ရောင်ရမ်းမှုနည်းလေ၊ Cortisol ကျလေပါပဲ။
၆။ သွေးတွင်းသကြားဓာတ်ကို ထိန်းပါ
သကြားဓာတ် အတက်အကျကြမ်းတာက ခန္ဓာကိုယ်ကို ဖိစီးမှုဖြစ်စေပါတယ်။ ကာဗိုဟိုက်ဒရိတ် စားတဲ့အခါ ပရိုတင်း သို့မဟုတ် သံလွင်ဆီ၊ ကြက်ဥ စတဲ့ အဆီကောင်းတွေနဲ့ တွဲစားပေးရင် သွေးတွင်းသကြားဓာတ် တည်ငြိမ်ပြီး Cortisol တက်တာကို တားဆီးပေးပါတယ်။
၇။ အလွန်အကျွံ လေ့ကျင့်ခန်းမလုပ်ပါနဲ့ (Overtraining)
လေ့ကျင့်ခန်းလုပ်တာက ဖိစီးမှုကျစေပေမယ့် အလွန်အကျွံလုပ်ရင်တော့ ပြောင်းပြန်ဖြစ်ပြီး Cortisol တွေ ထိုးတက်လာပါတယ်။ ပြင်းထန်လွန်းတဲ့ Workout တွေထက်စာရင် နေ့စဉ် ပုံမှန်လမ်းလျှောက်ပေးတာက Cortisol လျှော့ချဖို့ ပိုထိရောက်ပါတယ်။
၈။ ကော်ဖီသောက်ချိန် ပြောင်းပါ
မနက်နိုးနိုးချင်းမှာ သဘာဝအရ Cortisol က အမြင့်ဆုံးရောက်နေတတ်ပါတယ်။ အဲ့ဒီအချိန် ကော်ဖီချက်ချင်းသောက်လိုက်ရင် ပိုပြီး ထိုးတက်သွားပါလိမ့်မယ်။ နိုးပြီး မိနစ် ၆၀ ကနေ ၉၀ ကြားလောက်နေမှ ပထမဆုံး ကော်ဖီတစ်ခွက်ကို စသောက်ပါ။
မဂ္ဂနီဆီယမ်၊ အူလမ်းကြောင်းကျန်းမာရေး၊ Omega-3၊ သကြားဓာတ်ထိန်းချုပ်မှု၊ အိပ်စက်ခြင်းနဲ့ သင့်တင့်တဲ့ လှုပ်ရှားမှု... ဒါတွေအားလုံး ပေါင်းစပ်လိုက်တဲ့အခါ ဖိစီးမှုကင်းပြီး ဗိုက်ချပ်ရပ်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ

01/06/2026

"ဝိတ်ချလိုသူတွေအတွက် ဖစ်ဂုရုရဲ့ "ဝိတ်ချနည်း ၁၀၀"

၁။ ကယ်လိုရီ လိုငွေ (Calorie Deficit) မရှိရင်
ဝိတ်မကျဘူး။
၂။ အစားမစားခင် ရေတစ်ခွက် အရင်သောက်ပါ။
၃။ ပရိုတင်း (အသား) ကို ထမင်းထက် အရင်စားပါ။
၄။ အိပ်ရေးပျက်ရင် အဆီစုမယ် (ဒါ သဘာဝတရားပဲ)။
၅။ သကြားကို ရန်သူလို သဘောထားပါ။
၆။ ဝိတ်ချတာ ပြေးဖို့မဟုတ်၊ လမ်းများများလျှောက်ဖို့။
၇။ အသီးဖျော်ရည် (Juice) မသောက်နဲ့၊
အသီးလိုက် (Fruit) ဝါးစား။
၈။ ကြွက်သားရှိမှ အဆီလောင်တာ မြန်မှာ။
၉။ တစ်ခုခုစားချင်တိုင်း တကယ်ဆာတာဟုတ်ရဲ့လား
ပြန်မေးပါ။
၁၀။ ဖြည်းဖြည်းစားမှ ဗိုက်ပြည့်မြန်မှာ။
၁၁။ ပန်းကန်အကြီးကြီးနဲ့ မစားပါနဲ့။
၁၂။ အစာကို ကြေညက်အောင် ဝါးစားပါ။
၁၃။ အချိုရည်ဆိုတာ ဝိတ်တက်စေတဲ့
"အရည်ပျော်သကြား" တွေပဲ။
၁၄။ မနက်စာ မဖြစ်မနေ စားစရာမလိုဘူး (ဆာမှစား)။
၁၅။ ကော်ဖီသောက်ရင် သကြား၊
Creamer မပါတာ သောက်ပါ။
၁၆။ အိမ်မှာ မုန့်အချိုတွေ ဝယ်မထားပါနဲ့။
၁၇။ စိတ်ဖိစီးမှု (Stress) များရင်
ဗိုက်ခေါက်ထွက်လွယ်တယ်။
၁၈။ ညစာကို စောစောစားပါ။
၁၉။ အစာစားနေရင်း ဖုန်းမသုံးပါနဲ့
(သတိလွတ်ပြီး ပိုစားမိတတ်တယ်)။
၂၀။ ကိုယ်အလေးချိန်ကို နေ့တိုင်းချိန်ကြည့်တာ
စိတ်ဖိစီးစေတယ်။
၂၁။ တစ်ပတ်တစ်ခါပဲ ပေါင်ချိန်ပါ။
၂၂။ မှန်ထဲက ကိုယ့်ပုံစံက ပေါင်ချိန်စက်ထက်
ပိုတိကျတယ်။
၂၃။ ဟင်းသီးဟင်းရွက်ကို ထမင်းထက် ပိုစားပါ။
၂၄။ အဆီ (Fat) တိုင်း မကြောက်ပါနဲ့၊
အဆီကောင်း (Good Fat) ဖြစ်ဖို့ လိုတယ်။
၂၅။ ကြက်ဥအနှစ်ကို လွှင့်မပစ်ပါနဲ့
(အာဟာရအကုန် အဲ့ဒီမှာ)။
၂၆။ အကြော်အလှော် လျှော့စားပါ။
၂၇။ အရက်၊ ဘီယာက ဗိုက်ခေါက်ရဲ့ မိတ်ဆွေပဲ။
၂၈။ အာလူးကြော်၊ လေဖောင်းမုန့်တွေကို
အိမ်ထဲမသွင်းနဲ့။
၂၉။ ရေဆာတာကို ဗိုက်ဆာတယ်လို့ အထင်မမှားပါနဲ့။
၃၀။ နေရောင်ခြည်ခံပါ (Vitamin D နည်းရင် ဝိတ်ကျနှေးတယ်)။
၃၁။ လှုပ်ရှားမှုတိုင်းက ကယ်လိုရီလောင်တယ် (NEAT)။
၃၂။ ဓာတ်လှေကားအစား လှေကားကို သုံးပါ။
၃၃။ ထိုင်ခုံမှာ ကြာကြာမထိုင်ပါနဲ့။
၃၄။ ဖုန်းပြောရင် လမ်းလျှောက်ရင်း ပြောပါ။
၃၅။ အိမ်မှုကိစ္စလုပ်တာလည်း ဝိတ်ကျစေတယ်။
၃၆။ Gym မသွားနိုင်ရင် အိမ်မှာ Bodyweight ဆော့ပါ။
၃၇။ Cardio တစ်ခုတည်းနဲ့ ပုံမကျလှဘူး။
၃၈။ သံတုံးမပါရင် (Weight training မလုပ်ရင်) လုံးကြီးပေါက်လှ မဖြစ်ဘူး။
၃၉။ မိန်းကလေးတွေ ကြွက်သားကြီးမှာ မကြောက်ပါနဲ့ (ဟော်မုန်းမတူလို့ မကြီးနိုင်ဘူး)။
၄၀။ Squat ထိုင်တာက ကယ်လိုရီအလောင်ဆုံးပဲ။
၄၁။ ဈေးဝယ်ထွက်ရင် ဗိုက်ဆာနေတဲ့အချိန် မသွားနဲ့။
၄၂။ Label ဖတ်တတ်တဲ့ အကျင့်လုပ်ပါ။
၄၃။ "Low Fat" ဆိုတဲ့ စာတမ်းတွေကို မယုံပါနဲ့
(သကြားတွေ အများကြီးပါတယ်)။
၄၄။ အစားတစ်လုပ်ကို အနည်းဆုံး ၂၀ ခါ ဝါးပါ။
၄၅။ အစားအစာကို ဆုကြေးအဖြစ် မသတ်မှတ်ပါနဲ့။
၄၆။ ဝိတ်မကျတော့ရင် Diet Break ခဏလုပ်ပါ။
၄၇။Cheat Meal မလုပ်နဲ့၊ Refeed Day ပဲ လုပ်ပါ။
၄၈။ ဆား (Sodium) များရင် ကိုယ်ဖောတတ်တယ်။
၄၉။ ဟင်းချိုမှုန့် လျှော့စားတာ အကောင်းဆုံး။
၅၀။ Protein Shake က အစားအစာလောက်
မကောင်းဘူး (အကူအညီပဲရမယ်)။
၅၁။ နေ့လယ်စာကို ဘုရင်လိုစား၊ ညစာကို သူတောင်းစားလိုစား။
၅၂။ ပလတ်စတစ်ဘူးနဲ့ ရေနွေးမသောက်နဲ့
(ဟော်မုန်းတွေ ပျက်မယ်)။
၅၃။ အစာအိမ်က "ပြည့်ပြီ" လို့ ပြောဖို့ မိနစ် ၂၀ လိုတယ်။
၅၄။ ထမင်းစားပြီးပြီးချင်း မအိပ်ပါနဲ့။
၅၅။ အစပ်စားတာက ဇီဝကမ္မဖြစ်စဉ်ကို ခဏတာ မြန်စေတယ်။
၅၆။ လက်ဖက်ရည်ကြမ်း (Green Tea) သောက်ပါ။
၅၇။ အမျှင်ဓာတ် (Fiber) က ဗိုက်မြန်မြန်ပြည့်စေတယ်။
၅၈။ ဝိတ်ကျဆေးဆိုတာ လောကကြီးမှာ မရှိဘူး။
၅၉။ ခါးပတ်ပတ်လို့ ဗိုက်မချပ်ဘူး။
၆၀။ ချွေးထွက်များတိုင်း ပိန်တာမဟုတ်ဘူး
(ရေဓာတ်ကုန်တာ)။
၆၁။ ယောဂကျင့်တာ စိတ်ရောကိုယ်ပါ ကျန်းမာစေတယ်။
၆၂။ သူများ Diet နည်းကို အကန်းယုံ မလိုက်လုပ်နဲ့။
၆၃။ ကိုယ်နဲ့ကိုက်ညီမယ့် နည်းလမ်းကို ရှာပါ။
၆၄။ အချိန်အကြာကြီး အငတ်မခံပါနဲ့။
၆၅။ မနက်စာကို ပရိုတင်းများများ ပါအောင်စား။
၆၆။ ညဘက် ကာဘိုဟိုက်ဒရိတ် လျှော့စား။
၆၇။ ဘူဖေး (Buffet) စားတာ လျှော့ပါ။
၆၈။ ဆီစိမ်ထားတဲ့ အစာတွေ ရှောင်ပါ။
၆၉။ ငါးကြီးဆီ (Omega-3) က အဆီကျဖို့ ကူညီပေးတယ်။
၇၀။ ရေခဲရေသောက်လို့ ဗိုက်မရွှဲဘူး (ဒါ ဒဏ္ဍာရီပဲ)။
၇၁။ သဘာဝအတိုင်းရတဲ့ အစားအစာ (Whole Food) က အကောင်းဆုံး။
၇၂။ စည်သွပ်ဘူးတွေကို ရှောင်ပါ။
၇၃။ ဆော့စ် (Sauce) တွေမှာ ကယ်လိုရီအများကြီးပဲ။
၇၄။ အသုပ်တွေမှာ ဆီချက် လျှော့ထည့်။
၇၅။ ထမင်းဖြူအစား ဆန်လုံးညိုစားရင် ပိုကောင်းတယ်။
၇၆။ ပဲအမျိုးမျိုးက ပရိုတင်းအရင်းအမြစ်ကောင်းပဲ။
၇၇။ အဆာပြေစာအဖြစ် သစ်သီးခြောက်တွေမစားနဲ့ (သကြားများတယ်)။
၇၈။ အခွံမာသီး (Nuts) တွေက ကောင်းပေမယ့် ကယ်လိုရီများတယ်။
၇၉။ ညဘက် ၃ နာရီလောက် အစာမစားဘဲ အိပ်ပါ။
၈၀။ တရားထိုင်တာက Cortisol ကျစေလို့ ဝိတ်ကျလွယ်တယ်။
၈၁။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ် မမွေးပါနဲ့။
၈၂။ ဝိတ်ကျဖို့ အချိန်ပေးရတယ်၊ စိတ်ရှည်ပါ။
၈၃။ တစ်လကို ၄ ပေါင်ကနေ ၈ ပေါင်ကျရင် လုံလောက်ပြီ။
၈၄။ မြန်မြန်ကျရင် မြန်မြန်ပြန်တက်မယ်။
၈၅။ သူငယ်ချင်းကောင်းတွေနဲ့ တွဲစားပါ။
၈၆။ ဝိတ်ချနေတဲ့ Partner ရှာပါ။
၈၇။ ကိုယ့်တိုးတက်မှုကို မှတ်တမ်းတင်ထားပါ။
၈၈။ "ငါလုပ်နိုင်တယ်" လို့ ယုံကြည်ပါ။
၈၉။ ပျက်ကွက်တဲ့ရက်ရှိရင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်နဲ့။
၉၀။ နောက်နေ့ ပြန်စလိုက်၊ ဘာမှ မဖြစ်ဘူး။
၉၁။ အစားအစာကို ကြောက်စိတ်မဝင်ပါနဲ့။
၉၂။ ကျန်းမာဖို့က ပိန်ဖို့ထက် အရေးကြီးတယ်။
၉၃။ အဆီကျရင် မျက်နှာကအစ နုသွားလိမ့်မယ်။
၉၄။ အဝတ်အစား ဆိုဒ်ပြောင်းသွားတာ ပေါင်ချိန်စက်ထက် ပိုပျော်ဖို့ကောင်းတယ်။
၉၅။ အချစ်ရေး အဆင်မပြေရင် အစားနဲ့ မဖြေဖျောက်ပါနဲ့။
၉၆။ ညဘက် ဖုန်းပွတ်တာ လျှော့ (Blue light က အိပ်ရေးပျက်စေတယ်)။
၉၇။ အိပ်ခန်းကို အေးနေအောင် ထားပါ။
၉၈။ ကျန်းမာရေးနဲ့ညီတာ စားရတာ ဈေးကြီးတယ်လို့ မထင်ပါနဲ့ (ဆေးဖိုးထက် သက်သာတယ်)။
၉၉။ ဘဝပုံစံ (Lifestyle) တစ်ခုလုံး ပြောင်းလဲမှ ရေရှည်ခံမယ်။
၁၀၀။ ဇွဲမလျှော့ပါနဲ့၊ ခင်ဗျား လုပ်နိုင်တယ်။ သင့်အတွက်ဖြစ်စေ၊ ဝိတ်ချလိုသူတဲ့ သင်ချစ်ရသူတွေအတွက်ဖြစ်စေ ဒီပို့စ်ကို share ပီးကုသိုလ်ယူပါ

01/06/2026

‼ ဝိတ်ချမယ်ဆို ဒီ(3)ချက်ကို လိုက်နာပါ ‼

ဒီ (3) ချက်နဲ့တင် သေချာပေါက် ဝိတ်ကျပါတယ်

- SL Slim ကို နေ့စဥ် ပုံမှန် အသုံးပြု
- ဆီကြော်စာရှောင် / အချိုအရမ်းများတာရှောင်
- အထိုင်မများနဲ့ ရေများများသောက် အိပ်ရေးဝဝအိပ်

ဒီ (၃) ချက်ပဲ အရင်စလုပ်ကြည့် တစ်လအတွင်း
သိသိသာသာပြောင်းလဲလာလိမ့်မယ် 💯

01/06/2026

ကိုယ်အလေးချိန် အရမ်းတက်လာရင် အဆစ်နာပြီး လမ်းမလျှောက်နိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ⚠️

ကိုယ်အလေးချိန် အရမ်းတက်လာတာဟာ အလှအပရေးရာတင်မကဘဲ သင့်ခန္ဓာကိုယ်ကို ထောက်ကန်ပေးထားတဲ့ အဆစ်အမြစ်တွေကို တဖြည်းဖြည်းချင်း ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။
ရေရှည်မှာ လမ်းမလျှောက်နိုင်တဲ့အထိ
ပြင်းထန်တဲ့ ဒုက္ခတွေကို ပေးနိုင်ပါတယ်။ 🚨

______________________________

ကိုယ်အလေးချိန်က အဆစ်တွေကို ဘယ်လိုပျက်စီးစေတာလဲ? 🔬

ဖိအားဒဏ် အလွန်အကျွံခံရခြင်း (Mechanical Stress) ကျွန်တော်တို့ လမ်းလျှောက်တဲ့အခါ ကိုယ်အလေးချိန်ရဲ့ ၃ ဆကနေ ၆ ဆအထိ ဖိအားဟာ ဒူးဆစ်တွေပေါ်ကို ကျရောက်ပါတယ်။ ကိုယ်အလေးချိန် ၅ ပေါင် တက်လာတိုင်း ဒူးဆစ်ပေါ်မှာ ပေါင် ၃၀ နီးပါး ပိုမိုဝန်ပိသွားစေတာကြောင့် အရိုးနု (Cartilage) တွေဟာ မြန်မြန်ဆန်ဆန်
ပွန်းစားပျက်စီးလာပါတယ် ‼

______________________________

နောက်ဆက်တွဲ ခံစားရမည့် ဒုက္ခများ 📊

- လမ်းလျှောက်ရန် ခက်ခဲခြင်း: အနည်းငယ် လမ်းလျှောက်ရုံနဲ့ ဒူးနာခြင်း၊ ခြေထောက်နာခြင်းများ ဖြစ်လာပြီး နောက်ပိုင်းမှာ လမ်းလျှောက်ဖို့တောင် သူတစ်ပါး အကူအညီ ယူရတတ်ပါတယ်။

- လှုပ်ရှားမှု နည်းသွားခြင်း: နာကျင်မှုကြောင့်
မလှုပ်ရှားချင်တော့တဲ့အခါ ကိုယ်အလေးချိန်က
ပိုတက်လာပြီး အဆစ်တွေ ပိုပျက်စီးစေတဲ့
သံသရာထဲ ပိတ်မိသွားတတ်ပါတယ်။

- ခွဲစိတ်ကုသမှု ခံယူရခြင်း: အဆစ်တွေ လုံးဝပျက်စီးသွားတဲ့အခါ ဒူးဆစ်အတုလဲခြင်း (Knee Replacement) စတဲ့ ခွဲစိတ်မှုတွေကို မဖြစ်မနေ ပြုလုပ်ရတတ်ပါတယ်။

______________________________

ဘယ်လို ကာကွယ်မလဲ? 🛡️

- ကိုယ်အလေးချိန် လျှော့ချပါ - ကိုယ်အလေးချိန် ၁၀ ရာခိုင်နှုန်းခန့် လျှော့ချလိုက်ရုံနဲ့ အဆစ်နာကျင်မှုကို သိသိသာသာ သက်သာစေပါတယ်။ ✅

______________________________

သတိပြုရန် အချက်များ ⚠️

ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေက လှဲလှယ်ဖို့ ခက်ပါတယ်။ လမ်းမလျှောက်နိုင်တဲ့အထိ ဒုက္ခမရောက်ခင် ကိုယ်အလေးချိန်ကို တတ်နိုင်သမျှ လျှော့ချပြီး စနစ်တကျ ထိန်းသိမ်းဖို့ အလွန်အရေးကြီးပါတယ်။

01/06/2026

အချိန်တိုအတွင်း သိသိသာသာ အဆီကျဖို့

SL Slim အဆီကျယိုနှင့် Cream လေး သုံးကြည့်ပါ...

ပိန်ချင်သူ

ဗိုက်ချပ်ချင်သူ

အဆီကျချင်သူ

အစားမရှောင်ချင်သူ

လေ့ကျင့်ခန်းမလုပ်ချင်သူ

လက်မောင်းသွယ်လျချင်သူ

ခြေသလုံးတုတ်တာမကြိုက်သူတွေကတော့

SL Slim ကို သုံးမှဖြစ်မယ်နော်...

အမျိုးသားတွေကော အမျိုးသမီးတွေကော

SL Slim ယို နဲ့ Cream ကို အသုံးပြုလို့ရပါတယ်...

01/06/2026

“ဘဝမှာ တခါလောက် ဝိတ်ချဖြစ်အောင်ချပါ"

တစ်ချိန်က ဝတ်ချင်တိုင်းဝတ်လို့ရတဲ့
အဝတ်အစားတွေကို မဝတ်ရဲတော့တဲ့နေ့တွေ
ရောက်လာပြီဆိုရင်တော့ သေချာပေါက်
ဝိတ်ချဖို့လိုနေပါပြီ ဒီနေ့ပဲ ဝိတ်ချဖို့ကို စတင်လိုက်ပါ‼

လူအများစုက ဝိတ်ချဖို့ စဥ်းစားလိုက်တိုင်း
နောက်မှ လုပ်မယ် ဆိုပြီး အချိန်ဆွဲတတ်ကြတယ်
ဒါပေမယ့် အချိန်ကြာလာလေလေ
အဆီပိုတွေက ပိုပိုတိုးလာလေလေမို့

အချိန်မနှောင်းခင်
ကိုယ့်ခန္ဓာကိုယ်ကို ပြန်ပြီး ထိန်းချုပ်နိုင်ပါတယ် 💯

01/06/2026

ယို + လိမ်းဆေး နှစ်မျိုးပေါင်းအတွဲလေးက သုံးပေးခြင်းအားဖြစ် (၁)လအတွင်း (၅)ပေါင်ကနေ(၇)ပေါင်အထိ ကျသွားစေမယ်ဆိုတာ သင်သိပါသလား

အာမခံမှု၊ အာမခံချက် အပြည့်အ၀ ပေးတဲ့ SL Slim အဆီ(ကျ)လိမ်းဆေး + ယို ကို အသုံးပြုပေးခြင်းအားဖြစ် မိမိခန္ဓာကိုယ်ပေါ်မှာရှိတဲ့ မလိုအပ်တဲ့ အဆီပိုတွေကို လွယ်ကူ လျှင်မြန်စွာ ဖယ်ရှားပေးမှာ ဖြစ်ပါတယ်ရှင်

အဆီချပေးရုံတင်မဟုတ်ဘဲ၊ တစ်ခြားရောဂါဝေသနာများကိုလဲ သက်သာပျောက်ကင်းစေပါတယ်ရှင်

အမျိုးသား၊ အမျိုးသမီး မည့်သည့်အသက်အရွယ်မဆို အသုံးပြုလို့ရပြီး၊ ကလေးမွေးထားတဲ့ မေမေတွေအတွက်လဲအရမ်းကို အဆင်ပြေတဲ့ Sl Slim လေးပါရှင်

Sl slim (အာမခံ အဆီ(ကျ)သဘာ၀ဂျင်းပျားသံပုရာအနှစ်)

၁ ဘူး ၁၇၀၀၀ ကျပ်

ီကျလိမ်းဆေး
#တကယ်လိမ်းရင်တကယ်ကျ
#တကယ်စားရင်တကယ်ကျ
#သဘာ၀အဆီကျဂျင်းပျားသံပုရာအနှစ်
#လိမ်းမှာလား
#စားမှာလား

Category

Website

Address


Yangon

Alerts

Be the first to know and let us send you an email when SL Slim by May May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.