Kembangan Specialist Centre

Kembangan Specialist Centre

Share

Where Medical and Aesthetic Services are Provided at International Level!

30/07/2026

🌿 ကူးစက်တတ်တဲ့ ပွေးနဲ့ဝဲရောဂါအကြောင်း….🌿

မိုးရာသီလို စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဥတုမှာဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားလို့ ချွေးထွက်များတဲ့အခါမှာဖြစ်စေ အရေပြားမှာ ယားယံလာတာမျိုး ခံစားဖူးပါသလား။ ဒါဟာ အဖြစ်များတဲ့ အရေပြားမှိုစွဲရောဂါတွေဖြစ်တဲ့ "ပွေး" နဲ့ "ဝဲ" ကြောင့် ဖြစ်နိုင်ပါတယ်။

ဒီနေ့မှာတော့ ဒီရောဂါတွေအကြောင်းကို သေချာလေးရှင်းပြပေးသွားမှာ ဖြစ်ပါတယ်ရှင်။

၁။ ပွေး (Ringworm / Tinea) ဆိုတာ ဘာလဲ?

ပွေးဆိုတာ ကာလသားရောဂါတစ်မျိုးမဟုတ်ဘဲ မှို (Fungi - Dermatophytes) ကြောင့် အရေပြားပေါ်မှာ ဖြစ်ပွားတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
လက္ခဏာများ:
အဝိုင်းပုံသဏ္ဌာန် (သို့) ဘဲဥပုံသဏ္ဌာန် ကွင်းစွပ်ပြီး နီရဲနေတတ်ပါတယ်။
အကွင်းရဲ့ အစွန်းဘက်မှာ အနားသားထနေပြီး အလယ်ပိုင်းကတော့ သာမန်အရေပြားလို ဖြစ်နေတတ်ပါတယ်။
ပြင်းထန်စွာ ယားယံတတ်ပြီး ရာသီဥတုပူလို့ ချွေးထွက်ရင် ပိုယားတတ်ပါတယ်။

အဖြစ်များတဲ့နေရာများ:
ဇက်ပိုး၊ လည်ပင်း၊ ပေါင်ကြား၊ တင်ပါး၊ ဗိုက်နဲ့ လက်ဖျံ စတဲ့ ချွေးထွက်လွယ်ပြီး စိုစွတ်တဲ့နေရာတွေမှာ အဖြစ်များပါတယ်။

၂။ ဝဲ (Scabies) ဆိုတာ ဘာလဲ?

ဝဲဆိုတာကတော့ ပွေးလို မှိုကြောင့်မဟုတ်ဘဲ Sarcoptes scabiei လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ ပိုးကောင်ငယ်လေးတွေ အရေပြားအောက်ထဲ ထိုးဖောက်ဝင်ရောက်ကျူးကျော်ရာကနေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီပိုးကောင်တွေက အရေပြားပေါ်မှာ ဥတွေအုက်ပြီး တွင်းအောင်းနေတတ်လို့ အလွန်အမင်း ယားယံစေပါတယ်။

လက္ခဏာများ:
အထူးသဖြင့် ညဘက်ရောက်ရင် ပိုပြီး ဆိုးဆိုးရွားရွား ယားယံတတ်ပါတယ် (ပိုးကောင်လေးတွေ ညဘက်လှုပ်ရှားမှု ပိုများလို့ ဖြစ်ပါတယ်)။
အနီစက်လေးတွေ၊ အရည်ကြည်ဖုလေးတွေနဲ့ ကုတ်ခြစ်ရာတွေ ထွက်လာတတ်ပါတယ်။

အဖြစ်များတဲ့နေရာများ:
လက်ချောင်းကြား၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ချိုင်းကြား၊ ခါးပတ်ပတ်လည်နဲ့ ပေါင်ခြံတို့မှာ အဓိက ဖြစ်ပွားတတ်ပါတယ်။

၃။ ဘယ်လိုကူးစက်တတ်သလဲ?

ပွေးရောဂါ က ပွေးရှိသူနဲ့ ထိတွေ့မိတာ၊ အဝတ်အစား၊ မျက်နှာသုတ်ပုဝါ၊ ဘီး၊ အိပ်ရာခင်း စတာတွေကို မျှဝေသုံးစွဲမိတာကနေ ကူးစက်တတ်ပါတယ်။
ဝဲရောဂါ ကတော့ လူတစ်ယောက်နဲ့တစ်ယောက် အနီးကပ် ထိတွေ့ဆက်ဆံမှုကနေ အလွန်တရာ လွယ်ကူမြန်ဆန်စွာ ကူးစက်တတ်တဲ့အတွက် မိသားစုဝင်တွေထဲမှာ တစ်ယောက်ဖြစ်ရင် အကုန်လိုက်ဖြစ်တတ်ပါတယ်။

၄။ ဘယ်လို ကာကွယ်ကုသကြမလဲ?

မိမိသဘောနဲ့ ဆေးဝါးများ လိမ်းခြင်းမှ ရှောင်ကြဉ်ပါ - အထူးသဖြင့် စတီးရွိုက် (Steroid) ပါတဲ့ အလွယ်ဝယ်လို့ရတဲ့ လိမ်းဆေးတွေက ပွေးရောဂါအတွက် ရောဂါလက္ခဏာကို ခေတ္တပျောက်သွားစေပေမဲ့ မှိုကို ပိုပြန့်ပွားစေပြီး ပိုဆိုးလာစေတတ်ပါတယ်။

ဆရာဝန်နဲ့ ပြသပါ - ရောဂါလက္ခဏာစတင်တွေ့ရှိတာနဲ့ အရေပြားအထူးကုဆရာဝန်နဲ့ ပြသပြီး မှန်ကန်တဲ့ မှိုသတ်ဆေး (Antifungal) သို့မဟုတ် ပိုးသတ်ဆေးများကို သတ်မှတ်ရက်ပြည့်အောင် ကုသသင့်ပါတယ်။
ကိုယ်ရေးကိုယ်တာ သန့်ရှင်းရေး - အဝတ်အစား၊ မျက်နှာသုတ်ပုဝါနဲ့ အိပ်ရာခင်းများကို ရေနွေးနဲ့လျှော်ဖွတ်ပြီး နေလှန်းပါ။ သူများပစ္စည်းများကို လုံးဝ မသုံးစွဲပါနဲ့။

ခြောက်သွေ့အောင်ထားပါ - ကိုယ်လက်လှုပ်ရှားပြီး ချွေးထွက်ပါက ရေမိုးချိုးပြီး ခန္ဓာကိုယ်ကို ခြောက်သွေ့အောင် ထားပါ။ ချွေးစိုတဲ့အဝတ်အစားတွေကို ကြာရှည်ဝတ်ဆင်တာမျိုး ရှောင်ကြဉ်ပါ။

အရေပြားမှာ ယားယံတာတွေ၊ အကွင်းလိုက်ဖြစ်လာတာတွေ ခံစားနေရပြီဆိုရင် ကိုယ့်ဖာသာ ဆေးသောက်၊ဆေးလိမ်းတာတွေမလုပ်ဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသပြီး သေချာကုသမှုခံယူဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ 🌸

ကျွန်မတို့ Kembangan မှာဆိုရင်လည်း ဆရာဝန်တွေနဲ့ လာရောက်ဆွေးနွေးပြသနိုင်ပါတယ်နော်….

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634၊ 09 448 026 197

#အရေပြားရောဂါ #ပွေးနှင့်ဝဲ #ကျန်းမာရေးဗဟုသုတ #မိုးရာသီကျန်းမာရေး

27/07/2026

🤫"ရှက်လို့မကုပဲထားရင် ပိုဆိုးလာနိုင်ပါတယ်"

အပြင်မှာ မပြောရဲ၊ ဘယ်သူ့မှလည်း မပြရဲဘဲ ကြိတ်ပြီး သောကရောက်နေရတဲ့ အရေပြားနဲ့ အမျိုးသားကျန်းမာရေး ပြဿနာတွေ သင့်မှာ ရှိနေသလား?

👉မသက်သာတဲ့ အရေပြား ယားယံ၊ အဖုအပိန့်တွေ

👉စိုးရိမ်စိတ်နဲ့ ကြောက်လန့်နေရတဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါလက္ခဏာတွေ

👉ဘယ်သူ့ကို မေးလို့မေးရမှန်းမသိတဲ့ ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေ...

✅ကျန်းမာရေးပြဿနာဆိုတာ ရှက်စရာမဟုတ်ပါဘူး။ ဆေးမြီးတိုတွေနဲ့ အချိန်ဆွဲလေ ပိုပြီး ကုသရခက်လေပါပဲ။

ဒီလိုမျိုး စိုးရိမ်စရာတွေကို စိတ်အေးချမ်းစွာနဲ့ ၁၀၀% ယုံကြည်စိတ်ချရတဲ့ နေရာတစ်ခုဖြစ်တဲ့ Kembangan Specialist Centre မှာ အရေပြားနှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါအထူးကု ဒေါက်တာ မျိုးသန့် (Consultant Dermatovenereologist) နဲ့ တိုက်ရိုက်ဆွေးနွေးကုသနိုင်ပါပြီ။

👨‍⚕️ ဒေါက်တာနဲ့ ပြသနိုင်သောရောဂါများ

👉အရေပြားနှင့်အလှအပဆိုင်ရာများ

👉အရေပြားရောဂါအမျိုးမျိုး

👉ဆီးပူညောင်းကျရောဂါ

👉ကျင်ချောင်းမှပြည်ထွက်ခြင်း၊
👉လိင်တဝိုက်မှာ အနာ/အဖုအပိန့်တွေထွက်ခြင်း

👉ကာလသားရောဂါဟုတ်မဟုတ်စစိဆေးခြင်း

👉လိင်အင်္ဂါတဝိုက်အရေပြားပြဿနားအမျိုးမျိုး

👉HIV, PEP, PrEP အတွက်အကြံပေးကုသခြင်း

👉လိင်အင်္ဂါကြွက်နို့အမျိုးမျိုးရောဂါ

ကိုယ်တိုင် ဖြစ်နေတာပဲဖြစ်ဖြစ်၊ လိုအပ်နေတဲ့ သူငယ်ချင်းဆီပဲဖြစ်ဖြစ် Share ပေးထားဖို့ မမေ့နဲ့နော်။ စိတ်အေးချမ်းစွာ တိုင်ပင်ပြီးအချိန်မှီကုသနိုငဖို့ အခုပဲ ရက်ချိန်းယူလိုက်ပါနော်...

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634၊ 09 448 026 197

#ဒေါက်တာမျိုးသန့် #အရေပြားအထူးကုဆရာဝန် #လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါ #ကာလသားရောဂါ #ဆီးပူညောင်းကျရောဂါ #လိင်အင်္ဂါကြွက်နို့ ုတေသနနှင့်ကုသမှု ှင့်PrEP #ရန်ကုန်အထူးကုဆေးခန်း #ဗဟန်းမြို့နယ်ဆေးခန်း #အရေပြားရောဂါကုသရန်

21/07/2026

😱သူများတွေ မြန်မြန် ဝိတ်ကျကုန်ပြီနော်... 😉✨

Celebrity တွေ၊ Hollywood မင်းသမီးတွေ အချိန်ခဏလေးအတွင်းမှာ သိသိသာသာ Glow Up ဖြစ်ပြီး ဝိတ်ကျသွားကြတာ ဘာကြောင့်လဲ၊ ဘယ်လိုနည်းလမ်းလဲဆိုတာ သိချင်နေကြပြီမလား?

ဒီနေ့ခေတ်မှာ ဝိတ်အမြန်ကျချင်သူတွေနဲ့ ကျန်းမာရေးအရ ဝိတ်ချဖို့ လိုအပ်နေသူတွေအကြား နိုင်ငံတကာမှာ အရမ်းခေတ်စားပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတဲ့ "Ultimate Medical Weight Loss Program" အကြောင်းကို ပြောပြပေးချင်ပါတယ်။

ဒီ Weight Loss Program ကတော့ ရိုးရိုးဝိတ်ချနည်းတွေလို အစားအသောက်အငတ်ခံ၊လေ့ကျင့်ခန်းလုပ်နေစရာမလိုဘဲ ခန္ဓာကိုယ်ထဲက ဟော်မုန်းစနစ်ကို အလုပ်လုပ်စေတဲ့ ကမ္ဘာ့ခေတ်မီဆုံး နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဘာကြောင့် ဒီလောက်ထိ ထိရောက်ပြီး လူကြိုက်များရတာလဲဆိုရင်...👇

✅အမြဲဗိုက်ခဏခဏဆာတတ်တဲ့ "အစာစားချင်စိတ် (Food Noise)" ကို ပျောက်စေတယ်✅

"ဝိတ်ချမယ်" လို့ တွေးလိုက်တာနဲ့ ခေါင်းထဲမှာ အချိုတွေ၊ အဆီတွေ စားချင်စိတ် ပေါ်ပေါ်လာတတ်တဲ့ Food Noise တွေကို လုံးဝ ငြိမ်ကျသွားစေပါတယ်။ ဗိုက်ဆာတာကို သဘာဝအတိုင်း ထိန်းချုပ်ပေးသွားမှာပါ။

✅ဟော်မုန်း ၂ မျိုးကို တစ်ပြိုင်နက် ထိန်းညှိပေးတယ် (Dual Action)✅

အရင်ခေတ်က Weight Loss နည်းလမ်းတွေလို ဟော်မုန်းတစ်မျိုးတည်းကို မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်နဲ့ ဆာလောင်မှုကို ထိန်းချုပ်တဲ့ ဟော်မုန်းနှစ်မျိုးစလုံး (GIP & GLP-1) ကို ညီညွတ်အောင် ထိန်းပေးတာမို့ ဝိတ်ကျနှုန်းက အံ့သြစရာကောင်းလောက်အောင် မြန်ဆန်ပါတယ်။

✅အစာအိမ်ထဲ အစာကြာကြာ ထိန်းပေးတယ်✅

စားလိုက်တဲ့ အစားအစာတွေကို အစာအိမ်ထဲမှာ အချိန်ပိုကြာကြာ ထိန်းထားပေးတဲ့အတွက် နည်းနည်းလေး စားရုံနဲ့ ဗိုက်ပြည့်လွယ်ပြီး ခဏခဏ မုန့်စားချင်စိတ် မရှိတော့ပါဘူး။

✅တစ်ပတ်မှ တစ်ကြိမ်ပဲ! နေ့တိုင်း ပင်ပန်းခံစရာမလိုဘူး❇️

နေ့တိုင်း ဆေးသောက်ဖို့ မေ့တတ်တဲ့သူတွေအတွက် အဆင်ပြေဆုံးပါပဲ။ တစ်ပတ်မှာ တစ်ကြိမ်ပဲ လုပ်ဆောင်ပေးရုံနဲ့ အဆီတွေကို ၂၄ နာရီပတ်လုံး ဖြည်းဖြည်းချင်း လောင်ကျွမ်းပေးနေမှာပါ။

ဒါကြောင့် ယနေ့ခေတ်ရဲ့ Weight Loss Program နဲ့ဆို "ခန္ဓာကိုယ် အချိုးအစား လှလှလေးနဲ့ Confidence အပြည့် ပြန်ရဖို့အတွက် အချိန်အကြာကြီး ပေးစရာမလိုတော့ပါဘူး။"

❇️ဆရာဝန်တွေ ကိုယ်တိုင် စနစ်တကျ ညွှန်းဆိုပေးတဲ့ နိုင်ငံတကာအသိအမှတ်ပြု ဒီ Weight Loss Program နဲ့ ပတ်သက်ပြီး အသေးစိတ် မေးမြန်းချင်တယ်ဆိုရင်တော့ အခုပဲ Page Chatbox မှာ "Program" လို့ ရေးပြီး ဆက်သွယ်လိုက်ပါနော်။ 💌

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

17/07/2026

🔎 သင့်မျက်နှာပေါ်က ဝက်ခြံက ဘယ်လိုအမျိုးအစားလဲ?

ဝက်ခြံပြဿနာကို ထိရောက်စွာ ကုသနိုင်ဖို့ဆိုရင် ကိုယ့်မျက်နှာပေါ်မှာ ဖြစ်နေတာ ဘယ်လို ဝက်ခြံအမျိုးအစားလဲဆိုတာ အရင်ဆုံး သိဖို့ လိုအပ်ပါတယ်။ ဝက်ခြံတွေဟာ အမျိုးအစားပေါ်မူတည်ပြီး ကုသပုံချင်း လုံးဝမတူညီကြပါဘူး။
အကြမ်းဖျင်းအားဖြင့် ဝက်ခြံကို ရောင်ရမ်းမှုမရှိတဲ့အုပ်စု နဲ့ ရောင်ရမ်းပိုးဝင်တဲ့အုပ်စု ဆိုပြီး (၂) မျိုး ခွဲခြားနိုင်ပါတယ်။

Group A: ရောင်ရမ်းမှုမရှိသော ဝက်ခြံများ (Non-Inflammatory Acne)
ဒီအုပ်စုကတော့ နာကျင်ခြင်းမရှိဘဲ အရေပြားဆဲလ်သေတွေနဲ့ အဆီပြန်ခြင်းတို့ကြောင့် ချွေးပေါက်ပိတ်ဆို့ပြီး ဖြစ်လာတာပါ။

၁။ Whiteheads (အဆီခဲဝက်ခြံ / ခေါင်းဖြူဝက်ခြံ)
ပုံသဏ္ဌာန်: အရေပြားပေါ်မှာ အသားရောင် သို့မဟုတ် အဖြူရောင် အဖုသေးသေးလေးတွေအဖြစ် မြင်ရတတ်ပါတယ်။
ဖြစ်ရသည့်အကြောင်းရင်း: ချွေးပေါက်ပိတ်ဆို့မှုအပေါ်မှာ အရေပြားပါးပါးလေး အုပ်ထားတဲ့အတွက် လေထုနဲ့မထိတွေ့ဘဲ အဖြူရောင်အတိုင်း ရှိနေခြင်းဖြစ်ပါတယ်။

၂။ Blackheads (ဆားဝက်ခြံ / ခေါင်းမည်းဝက်ခြံ)
ပုံသဏ္ဌာန်: နှာခေါင်း၊ မေးစေ့နဲ့ ပါးပြင်တွေမှာ အမည်းစက်လေးတွေအဖြစ် တွေ့ရတတ်ပါတယ်။
ဖြစ်ရသည့်အကြောင်းရင်း: ချွေးပေါက်ပိတ်ဆို့နေတဲ့ အဆီနဲ့ ဆဲလ်သေတွေဟာ လေထုထဲက အောက်ဆီဂျင်နဲ့ ထိတွေ့ကာ ဓာတ်တိုးပြီး အမည်းရောင် ပြောင်းသွားခြင်း ဖြစ်ပါတယ်။

Group B: ရောင်ရမ်းပိုးဝင်သော ဝက်ခြံများ (Inflammatory Acne)
ချွေးပေါက်ထဲမှာ ဘက်တီးရီးယား (C. acnes) အောင်းပြီး နီရဲ၊ ရောင်ရမ်းကာ နာကျင်မှုပါရှိတဲ့ ဝက်ခြံအမျိုးအစားတွေဖြစ်ပါတယ်။

၃။ Papules (ဝက်ခြံဖုအနီ)
ပုံသဏ္ဌာန်: နီရဲပြီး အနည်းငယ် ဖောင်းကြွနေတဲ့ အဖုလေးတွေဖြစ်ပါတယ်။ ကိုင်ကြည့်ရင် မာမာလေးနဲ့ နာကျင်တတ်ပေမယ့် ပြည်ဦးခေါင်း မရှိသေးပါဘူး။
ဖြစ်ရသည့်အကြောင်းရင်း: ချွေးပေါက်အတွင်းပိုင်းအထိ နက်ရှိုင်းစွာ ပိတ်ဆို့ပြီး ရောင်ရမ်းစပြုလာခြင်းဖြစ်ပါတယ်။

၄။ Pustules (ပြည်တည်ဝက်ခြံ)
ပုံသဏ္ဌာန်: အောက်ခြေက နီရဲပြီး ထိပ်ဖျားမှာ အဝါရောင် သို့မဟုတ် အဖြူရောင် ပြည်ခေါင်းလေးတွေ ထွက်နေတတ်ပါတယ်။
ဖြစ်ရသည့်အကြောင်းရင်း: ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဘက်တီးရီးယားတွေကို ပြန်လည်တိုက်ထုတ်ရာကနေ သေဆုံးသွားတဲ့ ဆဲလ်တွေနဲ့ သွေးဖြူဥတွေကြောင့် ပြည်တည်လာခြင်း ဖြစ်ပါတယ်။

၅။ Nodules (ဆင်ဝက်ခြံ)
ပုံသဏ္ဌာန်: အရေပြားအောက် နက်ရှိုင်းတဲ့နေရာမှာ ဖြစ်ပေါ်ပြီး အဖုအကျိတ်ကြီးကြီး၊ မာမာကြီးတွေဖြစ်ကာ ထိလိုက်ရင် အရမ်းနာကျင်ပါတယ်။
ဖြစ်ရသည့်အကြောင်းရင်း: ရောင်ရမ်းမှုဟာ အရေပြားရဲ့ အောက်လွှာအထိ ပြင်းထန်စွာ ပျံ့နှံ့သွားလို့ဖြစ်ပြီး သေချာမကုသရင် အမာရွတ်ကျန်ခဲ့ဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။

၆။ Cysts (ရေအိတ်ဝက်ခြံ)
ပုံသဏ္ဌာန်: အပြင်းထန်ဆုံး ဝက်ခြံအမျိုးအစား ဖြစ်ပါတယ်။ အရေပြားအောက်မှာ နီရဲပြီး ပြည် သို့မဟုတ် အရည်တွေအပြည့်နဲ့ ပျော့စိစိဖြစ်နေတတ်ကာ အလွန်နာကျင်ပါတယ်။
ဖြစ်ရသည့်အကြောင်းရင်း: အရေပြားဆဲလ်တွေ အောက်ခြေအထိ ပေါက်ပြဲပြီး ပြင်းထန်စွာ ပိုးဝင်ခြင်းဖြစ်လို့ ဆရာဝန်နဲ့ စနစ်တကျ ကုသမှု ခံယူဖို့ မဖြစ်မနေ လိုအပ်ပါတယ်။

အုပ်စု (B) ဖြစ်တဲ့ ရောင်ရမ်းဝက်ခြံတွေကို လက်နဲ့ညှစ်ခြင်း၊ ဆိတ်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ပါနဲ့။ လက်မှာရှိတဲ့ ဘက်တီးရီးယားတွေကြောင့် ပိုမိုရောင်ရမ်းပြီး ကုရခက်တဲ့ ဝက်ခြံအကျိတ်တွေ ဖြစ်သွားနိုင်သလို၊ ပျောက်သွားရင်လည်း နက်ရှိုင်းတဲ့ "ဝက်ခြံတွင်းခွက် (Atrophic Scars)" အမာရွတ်တွေ ကျန်ရစ်ခဲ့စေတတ်ပါတယ်။
ဒါကြောင့် ဒီဝက်ခြံပြသာနာတွေကြုံတွေ့နေရပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးကုသ သင့်ပါတယ်ရှင်။ 🏥✨
💬 သင့်မျက်နှာပေါ်မှာရော လက်ရှိ ဘယ်လိုဝက်ခြံအမျိုးအစားတွေနဲ့ အဓိက ရုန်းကန်နေရပါသလဲ..?

Comment မှာပြောပြခဲ့ပေးလို့ရတယ်နော်...

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

#ကမ်ဘန်ဂန်အထူးကုဆေးခန်း #ဝက်ခြံ #ဝက်ခြံအမျိုးအစားများ #ဝက်ခြံကုသနည်း #ဝက်ခြံဖု #ဆားဝက်ခြံ #အဆီပြန်ဝက်ခြံ #ပြည်တည်ဝက်ခြံ #ဝက်ခြံအမာရွတ် #အသားအရေထိန်းသိမ်းနည်း

13/07/2026

👉ဖုန်မှုန့်တွေ၊ အဆီတွေ ပိတ်ဆို့ပြီး မျက်နှာက မွဲခြောက်ခြောက် ဖြစ်နေပြီလား? 💆‍♀️

မျက်နှာသစ်ရုံတင်မကဘဲ အရေပြားအောက်ခြေအထိ Deep Clean ဖြစ်သွားဖို့ Carbon Laser Treatment က ဘာတွေ ကူညီပေးနိုင်လဲဆိုရင်...

✨ ချွေးပေါက်ကျဉ်းပြီး အသားညက်စေတယ်: လေဆာရဲ့ အပူစွမ်းအင်က ချွေးပေါက်နံရံတွေကို ကျုံ့သွားစေလို့ အသားအရေကို Baby Face လေးလို ညက်ညောသွားစေပါတယ်။

✨ ဆားဝက်ခြံနဲ့ အဆီခဲတွေကို ရှင်းထုတ်ပေးတယ်: ညှစ်စရာမလိုဘဲ ကာဗွန်ခရင်မ်ရဲ့ စုပ်ယူမှုအားကြောင့် ဆားဝက်ခြံတွေ အလိုလို ပါးသွားစေပါတယ်။

✨ Instant Glow (ချက်ချင်း ကြည်လင်စေတယ်): ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ လုပ်ပြီးတာနဲ့ မျက်နှာလေးက သိသိသာသာ လင်းပွင့်ပြီး အမည်းစက်တွေ ပါးသွားစေပါတယ်။

✨ အရေးအကြောင်း သက်သာစေတယ်: အသားအရေကို တင်းရင်းစေတဲ့ Collagen ဓာတ်ကို ထုတ်လုပ်မှု ပိုကောင်းအောင် လှုံ့ဆော်ပေးပါတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးဘူးနော်!
Carbon Laser ရဲ့ အကောင်းဆုံးအချက်က အသားမနာဘူး၊ နီရဲပြီး အနားယူနေရတာမျိုး (Down Time) လုံးဝ မရှိလို့ လုပ်ပြီးတာနဲ့ ချက်ချင်း Level Up ဖြစ်ပြီး သိသာတဲ့ အလှတရားကို ပိုင်ဆိုင်ရမှာပါ။

ဒါကြောင့် မျက်နှာအသားအရေလေးကို သိသာတဲ့အပြောင်းအလဲလေးနဲ့ ပိုင်ဆိုင်ချင်တယ်ဆိုရင် ခုပဲ Kembangan ကိုအရောက်လာခဲ့လိုက်တော့နော်....

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

#ချက်ချင်းကြည်လင် #ချွေးပေါက်ကျဉ်း #ဆားဝက်ခြံပျောက် #အသားအရေထိန်းသိမ်းမှု #အလှအပ

10/07/2026

🚨ရိုးရိုးတမ်းတမ်း ဆံပင်ကျွတ်တာဟုတ်ရဲ့လား...🧐

Shampoo တွေလည်း အစုံပြောင်းပြီးပြီ၊ ဆံပင်အားဆေးတွေလည်း မျိုးစုံသောက်ပြီးပြီ... ဒါပေမဲ့ ဆံပင်က ဘာလို့ ဆက်တိုက်ကျွတ်ပြီး ပါးနေရတာလဲ? ဓာတ်မတည့်တာထက် ပိုဆိုးတဲ့ တစ်ခုခု ဖြစ်နေပြီလား... 🧐

ဆံပင်က"ခဏခဏကျွတ်တာပဲ နောက်မှ ပြန်ပေါက်မှာပါ" ဆိုပြီး ပေါ့ပေါ့ဆဆ တွေးနေတုန်းပဲလား?

တကယ်တော့ ဒါဟာ ရိုးရိုးသာမန် ဆံပင်ကျွတ်တာ မဟုတ်ဘဲ ဦးရေပြားရဲ့ နောက်ဆုံးအဆင့် သတိပေးချက် (Danger Signal) ဖြစ်နေနိုင်ပါတယ်။

ကျွန်မတို့ရဲ့ ဦးရေပြားမှာ ဆံပင်အမြစ် (Hair Follicles) တွေ ရှိပါတယ်။ ဒီအမြစ်တွေက တစ်ခါ ပျက်စီးသွားပြီဆိုရင် ဘယ်လောက်ပဲ ကောင်းတဲ့ Shampoo သုံးသုံး၊ ဘယ်လောက်ပဲ ဈေးကြီးတဲ့ အားဆေးသောက်သောက် ဆံပင်လုံးဝ ပြန်မပေါက်နိုင်တော့တဲ့ အခြေအနေ (Permanent Hair Loss) ထိ ရောက်သွားတတ်ပါတယ်။

⚠️ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ရအောင် -

👉ခေါင်းဖြီးလိုက်တိုင်း၊ ရေချိုးလိုက်တိုင်း လက်တစ်ဆုပ်စာလောက် ကျွတ်နေလား?

👉 ပြန်ပေါက်လာတဲ့ ဆံပင်အနုလေးတွေ လုံးဝ မတွေ့ရတော့ဘူးလား?

👉ဦးရေပြား ဖြူဖြူပြောင်ပြောင်ကြီးတွေ သိသိသာသာ မြင်လာရပြီလား?

💁🏻‍♀️ဒါဆိုရင်တော့ အပေါ်ယံ Treatment တွေနဲ့ မရတော့ဘဲ စောစောသိ၊ စောစောကုသဖို့ အချိန်တန်ပါပြီ။ အမြစ်မသေခင် ကယ်တင်နိုင်ရင် ဆံပင်တွေ ပြန်အုံထူလာဖို့ အခွင့်အရေး ရှိပါသေးတယ်။

ဒါကြောင့် ကိုယ့်ရဲ့ ဦးရေပြား အခြေအနေက ဘယ်အဆင့်ထိ ရောက်နေပြီလဲဆိုတာ စိတ်ပူနေရင်တော့ ခေတ်မီစက်ကိရိယာတွေ၊ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေနဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီး လိုအပ်တဲ့ ကုသမှုတွေ ခံယူဖို့ Kembangan Specialist Centre ကို သတိရလိုက်ပါနော်။

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

Centre #ဆံပင်ကျွတ်ခြင်း #ဦးရေပြားပြဿနာ #ဆံပင်ပါးခြင်း #ဆံပင်ကျွတ်သက်သာစေမည့်နည်းလမ်းများ #ရန်ကုန်အထူးကုဆေးခန်း #ဦးရေပြားသတိပေးချက် #ဆံပင်ပြန်ပေါက်ချင်သူများအတွက်

06/07/2026

💊ဆေးလိမ်းလိုက်ရင် ခဏသက်သာတယ်... ပြီးရင် ပြန်ယားလာပြန်ရော 😔

ဒီလိုနဲ့ပဲ အရေပြားပြဿနာက ပျောက်မသွားဘဲ ဘာကြောင့် နာတာရှည် ဖြစ်နေရတာလဲ?"

လူကြားထဲသွားရင်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းစေတဲ့အပြင်၊ 'ဒါလေးလိမ်းကြည့်လား၊ ဟိုဟာလေး ကောင်းတယ်' ဆိုပြီး တွေ့သမျှ ဆေးမြီးတိုတွေ စမ်းသုံးရင်း အရေပြားက ပိုဆိုးလာတတ်ပါတယ်။

💁🏻‍♀️နာတာရှည် အရေပြားရောဂါတွေဟာ စိတ်ရှည်လက်ရှည်နဲ့ တိကျတဲ့ ရောဂါရှာဖွေမှုကို လိုအပ်တာမို့ "ဘယ်တော့မှ ပျောက်မှာလဲ" ဆိုပြီး အားမငယ်ပါနဲ့တော့နော်။

Kembangan Specialist Centre မှာ သင့်ရဲ့ အရေပြားပြဿနာတွေကို အရေပြား အထူးကု နဲ့လည်းပြချင်တယ် အချိန်အကြာကြီးလည်းမစောင့်ချင်ဘူး အေးအေးဆေးဆေး၊ စိတ်ကြိုက် တိုင်ပင်ဆွေးနွေးချင်တယ်ဆိုတဲ့ သူတွေအတွက် ထိရောက်တဲ့ ကုသမှုတွေ ခံယူနိုင်ဖို့ အရေပြားအထူးကု ဆရာဝန်ကြီး Dr. Phyu Phyu Han ရှိနေပါပြီ။ 🩺✨

ဆရာဝန်ကြီးက နာတာရှည် အရေပြားဝေဒနာရှင်တွေရဲ့ အခြေအနေကို စနစ်တကျ ရောဂါရှာဖွေပေးပြီး သင့်အသားအရေနဲ့ အကိုက်ညီဆုံး ဖြစ်မယ့် ကုသမှုပုံစံကို တစ်ဦးချင်းစီ သေချာအချိန်ပေးဆွေးနွေး ပေးသွားမှာပါ။

တစ်ယောက်ချင်းစီအတွက် ဆွေးနွေးချိန် သေချာပေးပြီး ကုသပေးမှာဖြစ်လို့ တစ်ရက်စာ လူနာဦးရေ ကန့်သတ်ချက် ရှိပါတယ်။ ဆရာဝန်ကြီးနဲ့ အေးဆေးဆေးဆေး ဆွေးနွေးတိုင်ပင်ဖို့ ရက်ချိန်း (Appointment) ကို အခုပဲ Page Messenger ကနေ ကြိုတင်ရယူထားလိုက်ပါတော့နော်။ 👇

💢ပြသနိုင်မည့်ရက် - အပတ်စဥ် စနေနေ့တိုင်း
💢ပြသနိုင်မည့် အချိန် - နေ့လယ် (၂)နာရီ

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634
#အရေပြားပြဿနာ #နာတာရှည်အရေပြားရောဂါ #အရေပြားအထူးကု #ကမ်ဘန်ဂန်အထူးကုဆေးခန်း #အရေပြားအထူးကုဆရာဝန်ကြီး #ယားယံခြင်း #အသားအရေထိန်းသိမ်းမှု #အရေပြားကုသမှု #ရန်ကုန်အထူးကုဆေးခန်း

Photos from Kembangan Specialist Centre's post 27/06/2026

Kembangan Specialist Centre မှာကျင်းပခဲ့တဲ့ #ကမ္ဘာခရုသင်း(သမင်ဖြူ)နေ့ အထိမ်းအမှတ် ကုသိုလ်ဖြစ်ဆေးခန်းမှ ပုံရိပ်လေးများကိုမျှဝေပေးလိုက်ပါတယ်နော်..။😃🤩🥳

အစစအရာရာကူညီပံ့ပိုးပေးခဲ့ကြတဲ့ သူများနှင့် ဆေးကုမ္ပဏီများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင်....🙏🤝🫶

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

#ရွှေဂုံတိုင်
#ကမ္ဘာ့ခရုသင်းနေ့ #ကမ်ဘန်ဂန်အထူးကုဆေးခန်း #အခမဲ့ဆွေးနွေးပေးခြင်း

25/06/2026

💜အသားအရောင်မညီမညာဖြစ်နေလည်းပဲ... အားလုံးက တန်းတူပါပဲ 💜

နှစ်တစ်နှစ်ရဲ့ ဇွန်လ (၂၅ )ရက်နေ့က ‘ကမ္ဘာ့ခရုသင်း (သမင်ဖြူ) ရောဂါနေ့’ လေးဖြစ်ပါတယ်နော်။🤗

👉လူအများစု ထင်နေကြသလို ခရုသင်းဆိုတာ ကူးစက်ရောဂါလည်း မဟုတ်ဘူး၊ ထိတွေ့ကိုင်တွယ်လို့လည်း ဘာမှမဖြစ်ပါဘူး။

💁🏻‍♀️ဒါကြောင့် သူတို့ရဲ့ ကွဲပြားခြားနားတဲ့ အလှတရားကို စနောက်တာ၊ ဝေဖန်တာမျိုးတွေထက်… နားလည်ပေးမှု၊ ဖေးမမှုတွေနဲ့ Supportive ဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုကို အတူတူ ဖန်တီးပေးကြရအောင်လို့ တိုက်တွန်းရင်း ကမ္ဘာ့ခရုသင်း(သမင်ဖြူ)နေ့လေးမှာ ခရုသင်း ဝေဒနာရှင်တွေအားလုံးကို ‘You are beautiful just the way you are’ လို့ အားပေးစကားလေး ပြောလိုက်ချင်ပါတယ်ရှင်။ ✨

ကျွန်မတို့ Kembangan မှာလည်း ကမ္ဘာ့ခရုသင်း(သမင်ဖြူ)နေ့ အထိမ်းအမှတ်အနေ နဲ့ June လ (၂၆)ရက်(သောကြာနေ့) မှာ ပွဲလေးတစ်ခုစီစဥ်ထားပါတယ်။

ဒီပွဲလေးမှာတော့ ဆေးခန်းကိုလာရောက်တဲ့သူတွေအတွက် ဆရာဝန်များနှင့် အခမဲ့တိုင်ပင်ဆွေးနွေးခြင်းများ၊ အထူး Promotion များ နှင့် လက်ဆောင်များပေးသွားမယ့် အစီအစဥ်တွေ အများကြီး ရှိတာဖြစ်လို့ လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်...

-----------------------------------------
🏥KEMBANGAN SPECIALIST CENTRE🏥
ကမ်ဘန်ဂန်အထူးကုဆေးခန်း
အမှတ် (171)၊ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်‌ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်၊ရန်ကုန်မြို့

☎️Tel : ‪09 772 458 611‬၊ 09 795 899 634

#ကမ္ဘာ့ခရုသင်းနေ့ #သမင်ဖြူရောဂါ #ကျန်းမာရေးအသိပညာ #ကမ်ဘန်ဂန်အထူးကုဆေးခန်း #အခမဲ့တိုင်ပင်ဆွေးနွေးခြင်း #အထူးပရိုမိုးရှင်း #ရန်ကုန်ဆေးခန်း

20/06/2026

💜World Vitiligo Day (ကမ္ဘာ့ခရုသင်း(သမင်ဖြူ)နေ့အထိမ်းအမှတ် ကုသိုလ်ဖြစ်ဆေးခန်း အခမ်းအနားဖိတ်ကြားခြင်း💜

မင်္ဂလာပါရှင်...💜❣️

ဒီနေ့မှာတော့ ကျွန်မတို့ Kembangan Specialist Centre ကနေ သတင်းကောင်းလေးတစ်ခုပါးချင်ပါတယ်နော်။

လာမယ့် ဇွန်လ (၂၆)ရက်နေ့မှာ ကမ္ဘာ့ခရုသင်း (သမင်ဖြူ) နေ့ အထိမ်းအမှတ်အနေနဲ့ Kembangan ဆေးခန်းမှာ ကုသိုလ်ဖြစအခမဲ့ ဆွေးနွေးတိုင်ပင်ပေးမယ့် အစီအစဉ်လေးတစ်ခု လုပ်ဖို့ရှိပါတယ်နော်။

👉သမင်ဖြူ (ခရုသင်း) ဆိုတာ ကူးစက်တတ်တဲ့ ရောဂါမဟုတ်သလို၊ ကြောက်စရာရောဂါလည်း လုံးဝ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အသားအရေပေါ်က အဖြူကွက်လေးတွေကြောင့် လူကြားထဲသွားရတာ မဝံ့မရဲဖြစ်နေတာ၊ ယုံကြည်မှု ပျောက်ဆုံးနေတာမျိုးတွေတော့ ရှိတတ်ကြပါတယ်။ အဲဒီလို စိတ်ထဲမှာ စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုရင် လာရောက်ဆွေးနွေးတိုင်ပင်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်
ချင်ပါတယ်။🤗

💁🏻‍♀️ဘယ်သူတွေ လာပြလို့ရမလဲဆိုရင်...

လက်ရှိ သမင်ဖြူရောဂါ ခံစားနေရတဲ့သူတွေ
ကိုယ့်အသားပေါ်မှာ အဖြူကွက်လေးတွေ၊ အဖြူစက်လေးတွေ ပေါ်နေလို့ သမင်ဖြူများလားဆိုပြီး လာရောက်စစ်ဆေးချင်တဲ့သူတွေ အကုန်လုံး လာခဲ့လို့ရပါတယ်ခင်ဗျာ။
လူဦးရေ ကန့်သတ်ထားတာမျိုးလည်း မရှိပါဘူးနော်။

လာရောက်သူများအတွက်လည်း အခမဲ့ဆွေးနွေးခွင့်အပါအဝင် Promotion များ,လက်ဆောင်များပေးအပ်သွားမှာဖြစ်ပါတယ်ရှင့်...🤗

❇️ဘယ်အချိန်၊ ဘယ်နေရာတွေမှာ လာပြလို့ရမလဲဆိုတော့...

📍Kembangan Specialist Centre

အချိန် - ၂၆.၀၆.၂၀၂၆ (မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ)
လိပ်စာ - အမှတ် (၁၇၁)၊ ရွှေဂုံတိုင်လမ်းသွယ်၊ အနောက်ရွှေဂုံတိုင်လမ်းမကြီး၊ ဗဟန်းမြို့နယ်။
ဖုန်း - 09-772458611, 09-795899634

ကိုယ့်ရဲ့ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ဖို့နဲ့ သိချင်တာလေးတွေကို အေးအေးဆေးဆေး မေးမြန်းဆွေးနွေးနိုင်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်ရှင်..

#ခရုသင်းရောဂါ #သမင်ဖြူရောဂါ #အခမဲ့ဆေးကုသိုလ် #အရေပြားအထူးကု #ကမ္ဘာ့ခရုသင်းနေ့ #ကျန်းမာရေးအသိပညာ #ဗဟန်းမြို့နယ်

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 171, Shwe Gon Dine Lane, West Shwe Gon Dine Qr, Near AYA Bank, Bahan Tsp
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00