Soul & Threads

Soul & Threads

Share

“Clothing made for those who wear their soul with style.”

Photos from Soul & Threads's post 02/01/2026

Try This Colour Combinations...ပျိုတို့အတွက်
&Threads

22/09/2025

Coming soon!
&threads

14/06/2019

ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့
- - - - - - - - - - - - - - - - - - -
လူတစ်ယောက်ဟာ လမ်းလျှောက်လာရင်း ဆင်တွေကို မြင်ပြီး ရုတ်တရက် ရပ်တန့်လိုက်ပါတယ်။ ဆင်တွေရဲ့ရှေ့လက်မှာ ကြိုးတစ်ချောင်းနဲ့ ချည်ထားပြီး မြေပြင်ပေါ်မှာ တုတ်ရိုက်ထားတာကို တွေ့လိုက်ရလို့ ဖြစ်ပါတယ်။ သူ အံ့သြသွားပါတယ်။ “ ဒီ ဧရာမသတ္တဝါကြီးတွေကို ဘာဖြစ်လို့ ကြိုးသေးသေးနဲ့ ချည်ထားတာတောင် ဆင်တွေမပြေးတာလဲ၊ သံမဏိကြိုးလည်း မဟုတ်၊ လှောင်အိမ်လည်း မဟုတ်ဘဲနဲ့ ဒီကောင်ကြီးတွေ အလွယ်တကူရုန်းပြီး ထွက်ပြေးနိုင်တာကို ဘာလို့ မပြေးကြတာလဲ” လို့ တစ်ယောက်တည်း တွေးမိလိုက်ပါတယ်။
အဲလိုနဲ့ အနီးနားမှာရှိတဲ့ ဆင်ထိန်းကို မေးလိုက်ပါတယ်။ “ အကိုဆင်ထိန်း ဆင်ဆိုတဲ့သတ္တဝါက တော်တော်အားသန်တာဗျ၊ ကြိုးသေးသေးလေးနဲ့ ထိန်းထားတာကို ဘာလို့မပြေးကြတာလဲ၊ ရန်မူမှာ မကြောက်ဖူးလား၊ သံကြိုးလည်း မဟုတ်ဘဲနဲ့ဗျာ၊ အံပါရဲ့” လို့ မေးလိုက်ပါတယ်။ ဆင်ထိန်းက

“ ကောင်းပြီ ကျွန်တော်ရှင်းပြမယ်၊ ဒီဆင်တွေ ငယ်ငယ်တုန်းက ဆင်ပေါက်စ ဘဝတုန်းက ပေါ့ဗျာ၊ အဲဒီကြိုးလေးနဲ့ ချီထားတာ၊ သူတို့ မရုန်းနိုင်ခဲ့ပါဘူး၊ အားက မသန်သေးတာကို၊ အခု ကြီးလာတော့လည်း အဲဒီကြိုးလေးနဲ့ပဲ ချီထားလိုက်တာပဲ၊ ဆင်တွေရဲ့စိတ်ထဲမှာ ဒီကြိုးကို သူတို့ဘယ်တော့မှာ မရုန်းနိုင်ဘူးလို့ စိတ်စွဲနေတာဗျ”
လို့ ပြန်ဖြေလိုက်ပါတယ်။
လူ့ဘဝဆိုတာလည်း အဲဒီအတိုင်းပဲ ဖြစ်ပါတယ်။ တစ်ချိန်တုန်းက ကိုယ်မစွမ်းဆောင်ခဲ့နိုင်တာကို တစ်သက်လုံး ငါဘယ်တော့မှ မလုပ်နိုင်ဘူးလို့ အရှုံးပေးလက်လျော့တက်ကြပါတယ်။ တကယ်တော့ ဘဝဆိုတာ လက်ဝှေ့ကြိုးဝိုင်းလိုပါပဲ။ ကြမ်းပြင်ပေါ် လဲသွားတာကို ကြိုးဝိုင်းဒိုင်က အရှုံးလို့ မသတ်မှတ်ပါဘူး။ သင်ပြန်မထလာမှ အရှုံးလို့ သတ်မှတ်လိုက်တာပါ။ အရှုံးဆိုတာကို ရင်ဝယ်ပိုက်ထားရင် တစ်သက်လုံးရှုံးမှာ သေချာပါတယ်။

- - - - - - - - - - - - - - - - - - - - - - - - - - -

Credit : Kyaw Soe Aung ( Myanmar Knowledge Bank)

media1.tenor.co 11/06/2019

Splendid Nature product is coming soon!

media1.tenor.co

11/06/2019

ယောက်ျားမယူကြနဲ့ 😁😁😁

မိန်းမဟူသည်
သမီးရည်းစားဘ၀မှာ
ရေသန့်ဘူးဖွင့်ဖို့ အားမရှိသလောက်
နေကြာစေ့အခွံခွါဖို့ ပျင်းသလောက်
မသွားရဲ မလာရဲသလောက်
အိမ်ထောင်သည်ဘ၀မှာ
ဆက်တီ ဘီရို ရေသယ် ကအစ
ကလေး နှစ်ဘက်နဲ့တောင်
တစ်ယောက်တည်း ခရီးသွားနိုင်လာပြီး

ယောက်ျားဟူသည်
သမီးရည်းစားဘ၀မှာ
ပင်လယ်ကြီးတောင် လက်ပစ်ကူးပြမယ်ဆိုသလောက်
မင်းအတွက်ဆို အရာရာ ဘာဖြစ်မယ် ညာဖြစ်မယ်နဲ့
ကိုကိုမပါဘဲ ဘယ်မှမသွားနဲ့ စိတ်ပူရ နဲ့
ရဲရင့်သတ္တိ ရှိခဲ့လေသမျှ
အိမ်ထောင်ကျချိန်မှာတော့
ကိုယ့် အိမ်ထဲက ကိုယ့်ပုဆိုးတောင်
မိန်းမရှာပေးမှ တွေ့တဲ့ ဘ၀အဖြစ်

ပြောင်းလဲကုန်ကြတာ ခိခိ

ဘဝ က ရုပ်ရှင် မဟုတ်ဘူးနော်​...ညီမလေးတို့ရေ😜😜

Credit...

22/05/2019

ကဲ ဘယ်သူတွေအစပ်စားနိုင်ကြလဲ🌶️🌶️🌶️
အသည်းတွေ ဘယ်လိုဖြစ်ကုန်💗💗

Category

Telephone

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Soul & Threads posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.