Nature’s Life မှာSpa,Hotel နှင့် တစ်ကိုယ်ရည်သုံး Ess
မင်္ဂလာပါခင်ဗျာ။ Nature's Life မှာ Aromatherapy ကိုနှစ်သက်တဲ့ သဘာဝအနံ့လေးမျာကို မြတ်နိုးသူတိုင်းအတွက် လိုအပ်တဲ့ တစ်ကိုယ်ရည်သုံးသာမက Hotel နှင့် Spa တို့အတွက်ပါ Essential Oils, Carrier Olis, Massage Oilအမျိုးမျိုး, Massage Cream/ Lotion, Herbal Body Scrub, Body Mask တို့အပြင် Hotel သုံး Shampoo, Bath Gel, Body Lotion နှင့် Hand Wash တို့ကို ကောင်းမွန်သောအရည်အသွေး သင့်လျော်သောဈေးနှုန်းတို့ဖြင့် လက်လ
ီလက်ကား ဖြန့်ဖြူးပေးနေပါသည်။Aromatherapy Massage မှရရှိသောအကျိုးများမှာ
- အနှိပ်ခံရတဲ့နေရာတ၀ိုက်ကို သွေးလည်ပတ်မှုတိုးစေပြီး ကြွက်သားတွေ ကိုလည်း လှုံ့ဆော်ပေးနိုင်ပါတယ်။
- ဒါကြောင့် သွားလာလှုပ်ရှားရာမှာ ပေါ့ပါးသွက်လက်လာနိုင်ပါတယ်။
- စိတ်ဖိစီးတာ၊ စိတ်ပိုင်းရုပ်ပိုင်းတင်းကြပ်နေတာတွေကိုလည်း သိသိ သာသာကြီးကို လျော့ပါးသက်သာစေပါတယ်။
- ခေါင်းမူး၊ ခေါင်းကိုက်၊ ကိုယ်လက်လေးလံထိုင်းမှိုင်းတာ၊ အကြောတွေ တင်းတောင့်နေတာတွေလည်း သက်သာစေပါတယ်။
- ကိုယ်တွင်းရည်လည်ပတ်မှုစနစ်ကိုလှုံ့ဆော်ပေးနိုင်ပြီး အဆိပ်တွေကို ထုတ်ပေးတဲ့အတွက် ကိုယ်ခံအားစနစ်ကိုတိုးတက်စေနိုင်ပါတယ်။
ဒီလိုကောင်းကျိုးပေးတဲ့ Massage ကို Aromatherapy နဲ့ပေါင်းစပ်လိုက်တဲ့ အခါ အနှိပ်ခံရတာပိုပြည့်စုံကောင်းမွန်သွားစေမှာပါ။
- Essential oils တွေမှာပါဝင်တဲ့ သဘာဝဒြပ်ပစ္စည်းတွေဟာ စိတ်ခံစားမှု တင်းကြပ်တာတွေကို လျော့ကျစေနိုင်ပါတယ်။ Carrier oil နဲ့ရောစပ်ပီး oil massage လုပ်ကြည့်ရင် စိတ်ဖိစီးတာ၊ ကိုယ်ခဲနာကျင်နေတာတွေ အရမ်းကို သိသိသာသာသက်သာသွားတာ ကြုံတွေ့ရမှာပါ။
- အနှိပ်ခန်းနဲ့ Spa တွေမှာမှမဟုတ်ပါဘူး။ကိုယ်ရဲ့ခင်ပွန်းဇနီးမယားနဲ့လည်း အချင်းချင်းအပြန်အလှန်နှိပ်နယ်ပေးနိုင်ပါတယ်။ တစ်ချို့ aphrodisiac အစွမ်း ရှိတဲ့ Essential Oil (or) Blend oil တွေကိုသုံးပြီးနှိပ်ရင် ပိုကောင်းမွန်တဲ့ ရလာဒ်တွေပါဖြစ် ပေါ်စေမှာပါ။ အချင်းချင်းနှိပ်တဲ့အခါ စနစ်တကျ အကွက်တွေ တက်တဲ့အထိလေ့လာစရာမလိုပါဘူး၊ Massage ဆိုတာ ထိတွေ့ မှုတစ်မျိုးပါ။ စိတ်ပါလက်ပါနှိပ်ကြည့်ရင် အကျိုးထူးတာတွေ့ရမှာပါ။
- တချို့ massage oils တွေမှာ synthetic oil တွေပါဝင်တက်ပါတယ်။ ဒီအဆီတွေကြောင့် အရေပြားကောင်းကောင်းအသက်မ ရှူနိုင်ပါဘူး။ ဒါကြောင့် သဘာဝအဆီ carrier oil တွေကိုပဲရွေးချယ်သုံးစေချင်ပါတယ်။ အရေပြားကို အာဟာရဓါတ်လည်း ပေးနိုင်ပါတယ်။ အစိုဓါတ်ကိုလည်းထိန်းပေးထားနိုင် ပါတယ်။ fatty acids, anti-oxidants တွေ၊ အခြားအရေးကြီးတဲ့ အာဟာရ ဓါတ်တွေကိုပါ အရေပြားကိုပေးနိုင်ပါတယ်။
တကယ့် oil massage ကိုအနှိပ်ခံချင်ရင်တော့ နာရီပေါင်းများစွာကျင့်ထားတဲ့ သူတွေဆီမှာသာ အနှိပ်ခံပါ။ အဲ့လိုဆိုင်မှာအနှိပ်ခံတာ မဟုတ်ပဲ ကိုယ်ချင်း ကိုယ်ချင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ချစ်ချစ်ခင်ခင်နှိပ်ဖို့အတွက်ဆိုရင်တော့ အခုဖေါ်ပြ ထားတာတွေကို ကြိုသိထားသင့်ပါတယ်။
- အရမ်းကြီးဖိတွန်းမနှိပ်ပါနဲ့။ ခံလိုကောင်းသယောင်ရှိပေမဲ့ တကယ်တော့ ညင်ညင်သာသာနှိပ်တာက ဘေးပိုကင်းပြီး ရေရှည်မှာ ကောင်းကျိုးပိုရှိပါတယ်။
- အရိုးပေါ်ကို ဘယ်တော့မှတိုက်ရိုက်မနှိပ်မိပါစေနဲ့၊ အရိုးကျိုးထားဘူး တဲ့နေရာတွေဆိုရင် ပိုတောင်သတိထားပါ။
- အစာအိမ်ရောဂါရှိသူ၊ ကိုယ်ဝန်ဆောင်တွေရဲ့ ၀မ်းဗိုက်နေရာကို လုံးဝ မနှိပ်ပါနဲ့။
- ပွန်းပဲ့ထားတဲ့နေရာ၊ ဒဏ်ရာရှိတဲ့နေရာတ၀ိုက်ကိုလည်း မနှိပ်ပါနဲ့။
- ကျောတွေ၊ ဇတ်တွေကိုလည်း သွားမချိုးပါနဲ့။ ဒါမျိုးက ကျွမ်းကျင်တဲ့ သူတွေပဲလုပ်သင့်တာပါ။
- ဆေးကုခံနေရတဲ့သူ၊ နာတာရှည်ရောဂါသည်ဖြစ်ရင်လည်း မနှိပ်ပေး တာကောင်းပါတယ်။ ကျွမ်းကျင်ပညာရှင်တွေကသာ ဒီဝေဒနာသည်တွေ ကို နှိပ်ပေးသင့်ပါတယ်။
စိတ်ဝင်စားသွားပြီဆိုရင်တော့ အခုပဲစမ်းသပ်မှာယူသုံးစွဲကြည့်နိုင်ပါပြီခင်ဗျာ။