Tr.May Moe General Knowledge Sharing
အမျိုးသမီးများအတွက် ကျန်းမာရေးနှင့် အလှအပရေးရာဗဟုသုတအဖြာဖြာ
“အဲဒီတော့ ပိန်ကြုံတဲ့ပိုက်ဆံအိတ် ပြည့်တင်းလာအောင် 🍀🍀🍀
ကုစားပေးမယ့် ဒုတိယဆေးနည်းကတော့ အဲဒီဘတ်ဂျက်ပဲ၊🍀🍀🍀
ငွေကြေးကို စနစ်တကျ ခန့်ခွဲသုံးစွဲခြင်းပဲ၊ ခင်ဗျားတို့မှာ မဖြစ်မနေ သုံးစွဲရမယ့်ကိစ္စတွေအတွက် ငွေကြေးသတ်သတ်မှတ်မှတ်ရှိဖို့၊🍀🍀 🍀🍀
အဓိပ္ပာယ်ရှိသော အလိုဆန္ဒတွေ လျောက်ပတ်သော ချမ်းသာ ပျော်ရွှင်မှုတွေအတွက် အကုန်အကျခံနိုင်ဖို့၊ 🍀🍀🍀🍀🍀
အဲဒီသုံးစွဲမှုနှစ်ရပ် ပေါင်းသည် ခင်ဗျားတို့ဝင်ငွေရဲ့ ဆယ်ပုံကိုးပုံဆိုတဲ့ ဘောင်အတွင်း မှာရှိဖို့ ဘတ်ဂျက်ကို စီစဉ်ရေးဆွဲပါ၊ 🍀🍀🍀🍀
ပြီးတော့ အဲဒီအတိုင်း လိုက်နာကျင့်သုံးပါ”🍀
#ဖေမြင့်
#ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်
“ငါ့စိတ်ထဲမှာ ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်း
သည် ငါ့အတွက် ကိုယ်ပိုင်ဥစ္စာဖြစ်စေရမယ် လို့
ယတိပြတ် ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ ချမ်းသာ
ကြွယ်ဝမယ့် လမ်းစကို ငါ သွားတွေ့ခဲ့တာပဲ၊
မင်းလည်း အဲဒီအတိုင်း တွေ့ပါလိမ့်မယ်,"တဲ့😊😊
ဒီစကားလေးဟာ သူဌေးကြီး အယ်လဂါမစ်က စာရေးလေး အာခတ်ကို ပြောခဲ့တဲ့စကားလေးပါ🍀
ကျွန်မတို့ဟာ ငွေစုတဲ့အလေ့အကျင့် မရှိဘဲ ရသမျှ၀င်ငွေတွေကို အကုန်သုံးစွဲမိတက်ကြပါတယ်🍀
ဒါကြောင့် ကျွန်မတို့၀င်လာတဲ့နေ့စဉ်၀င်ငွေရဲ့ ၁ပုံလောက်ကို ပုံမှန်လေးစုသွားမယ်ဆိုရင် ရက်တွေ လတွေ ကြာလာတဲ့အခါမှာ ပမာဏ တစ်ခုထိ စုမိသွားပြီး ကျွန်မတို့ရဲ့ကိုယ်ပိုင် ငွေစစ်စစ် ဖြစ်လာမှာပါရှင်🍀🍀
#ဖေမြင့်
#ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်
.MayMoe
#ဖတ်ခဲ့ဖူးသောစာအုပ်လေးတစ်အုပ်
လောကမှာ ပြစ်တင်ကဲ့ရဲ့ လွတ်တဲ့ သူရယ်လို့ မရှိနိုင်ပါဘူး။
ဟို တုန်းကလဲ မရှိခဲ့ဘူး၊ ခုလဲ မရှိဘူး၊ နောင်လဲ ရှိမှာမဟုတ်ဘူး.. တဲ့။
အပြစ်တင်ချင်သူကတော့ ကြံဖန်ပြီး ပြစ်တင် ကဲ့ရဲ့မှာပါပဲ။ ကိုယ် မှားနေရင် ဘယ်လိုမှားနေတယ်
ဘယ်လိုပြင်သင့်တယ်ဆိုတာကို ထောက်ပြတတ်တဲ့ ကိုယ့်ကို ကောင်းတာ ဖြစ်စေချင်တဲ့ မိတ်ဆွေကောင်း မျိုးဆိုတာ ရှားပါတယ်။
ကိုယ်က ကောင်းတာ မှန်တာကို လုပ်ကိုင်ဆောင်ရွက် ကြိုးစား နေပါလျက်နဲ့ ပြစ်တင်ကဲ့ရဲ့ ရှုတ်ချလာရင်တော့လဲ မိုက်မဲသူတွေရဲ့ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဟာ ပဓာန မဟုတ်ပါဘူး ဆိုတဲ့ ဗုဒ္ဓရဲ့ စကား အတိုင်း ဂရုစိုက်မနေဘဲ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ဖို့ပါပဲ။
ကိုယ်သွားရ မယ့်လမ်းကို ဆက်သွားဖို့ပါပဲ။
#နန္ဒာသိန်းဇံ
#မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း
Warmly welcome from My Page
Category
Website
Address
Yangon
Alerts
Be the first to know and let us send you an email when Tr.May Moe General Knowledge Sharing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
