Superwoman Myanmar
Myanmar's favourite award-winning Singapore brand since 2015 Shape Up & Slim Down
08/08/2026
ဗိုက်ချပ် တင်ပင့် High Waist Brief
buy 1 get 1 =37000ks -20%=29600Ks (Double promotion)
နှစ်သက်ရာ အနက် အသားရောင်ရွေးလို့ရပါတယ်နော်
Black -N**e Colour
Size-S/M 99 lb to 143 lb
L/XL 143 lb to 187 lb
2XL 187 lb to 231 lb
မှာယူလိုပါက
Chatbox မှ တဆင့်
ချစ်ခြင်းများစွာဖြင့်
SUPERWOMAN
05/08/2026
အနောက်ကို ခဏခဏ လှည့်မကြည့်ပါနဲ့
အတိတ်ကို ယောင်လို့တောင် ပြန်မလှည့်ပါနဲ့
ရွေးချယ်မှု မှားသွားရင် မှားသွားပါပြီ။
"ငါသာ အဲဒီတုန်းက အဲ့ဒီလိုမလုပ်ခဲ့ရင်..."ဆိုပြီး
တချိန်လုံး ပြန်မတွေးပါနဲ့။
တွေးလည်း အပိုပါပဲ
သင့်ကိုယ်သင် နာကျင်စေတာပဲ အဖတ်တင်မယ်။
နောင်တဟာ ဘဝကို အထူးတလည်
ပြောင်းလဲ မသွားစေပါဘူး။
ရှေ့ဆက် မမှားဖို့ပဲ ဂရုစိုက်ရပါမယ်။
ငယ်ရွယ်ချိန်မှာ အမှားဆိုတာ ရှိစမြဲမို့
ဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။
မှတ်ထားပါ မျက်လုံးဆိုတာ ရှေ့ကိုကြည့်ဖို့ပါ။
အနောက်ကို ခဏခဏ
ပြန်လှည့်ကြည့်ဖို့ မဟုတ်ပါဘူး။
နောက်ကို ပြန်လှည့်ကြည့်နေရင်
တော်ရုံနဲ့ ရှေ့ရောက်မှာ မဟုတ်ဘူး။
လူတွေနဲ့ ခွဲခွာရတဲ့အခါ "ငါ့အမှားလား" ဆိုပြီး
တစိမ့်စိမ့် ပြန်မတွေးနဲ့။
အများကြီးလည်း ဝမ်းမနည်းပါနဲ့။
လူတွေနဲ့ အတူရှိရခြင်းက
တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ ဖေးမကြဖို့ပါ။
ဒီလိုမှမဟုတ်ရင် တစ်ယောက်တည်းနေတာက
ပိုပြီး အဆင်ပြေပါလိမ့်မယ်။
ဘယ်အရာမှ တစ်သက်လုံး မတည်မြဲသလို
ဘယ်သူမှလည်း သင့်အနားမှာ
တစ်သက်လုံး ရှိမနေနိုင်ပါဘူး။
ဆုံတွေ့ရချိန် ခဏတာလေးကိုပဲ ကျေနပ်ပါ။
ရေစက်ဆိုတာ ကြိုမသိနိုင်သလို
လမ်းခွဲခြင်း ဆိုတာလည်း
ကြိုတင်ပြင်ဆင်လို့ မရပါဘူး။
တချိန်ကျရင် ခွဲရမှာပဲလို့
အခိုင်အမာ လက်ခံထားရင် လုံလောက်ပါတယ်။
အတွေးလွန်ခြင်းကြောင့်
လက်ရှိ စိတ်အခြေအနေကို အပျက်စီးမခံပါနဲ့။
အားလုံးက ဖြစ်ချိန်တန်ရင် ဖြစ်လာတာပါပဲ။
ပျက်ချိန်တန်ရင်လည်း ပျက်ရမှာပဲလေ။
မယုံရင် အတိတ်ကို ပြန်လှည့်ကြည့်ပါ။
အဲ့ဒီတုန်းက သိပ်ခက်ခဲတယ်ဆိုတဲ့ အရာတွေကိုတောင်
သင် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်လား။
အခုလည်း အားလုံး အဆင်ပြေသွားမှာပါ။
လူတိုင်းရဲ့ ဘဝပေးအခြေအနေချင်း မတူကြဘူး။
သင့်ထက် မြန်မြန်ပြေးနေသူရှိသလို
သင့်လောက် မပြေးနိုင်သူလည်း ရှိပါတယ်။
ဒါကြောင့် သင့်ဘဝကို တခြားသူရဲ့ တာထွက်ချိန်နဲ့
လိုက်တိုင်းစရာ မလိုဘူး။
အရေးကြီးတာက သင့်အလုပ်ကို မရပ်ပဲ
ဆက်လုပ်သွားဖို့ပါပဲ။
လူ့ဘဝမှာ ကျန်းမာရေးမကောင်းရင်
ဘာကိုမှ ကြွားဝါလို့ မရပါဘူး။
ဒေါသတွေလျှော့ပါ၊ အငြိုးအတေးတွေ မထားပါနဲ့။
စိတ်ချမ်းသာမှ လူရဲ့ကံကလည်း မြင့်လာတတ်တာပါ။
ပျော်စရာရှိရင် ပျော်ပါ ပင်ပန်းရင် အိပ်ပါ။
ဝမ်းနည်းရင် အားတင်းထားပါ။
တချို့အခြေအနေတွေက သဘာဝအတိုင်း
နေလိုက်တာက ပိုအဆင်ပြေပါတယ်။
ဘဝထဲမှာ မိမိစိတ်ကို နိုင်အောင်
ထိန်းကျောင်းပြီး နေတတ်သူဟာ
တခြားသူတွေထက် တစ်ပန်းသာနေမှာ အမှန်ပါပဲ။
စိတ်အဆင်မပြေတိုင်း စိတ်ခွန်အား လိုအပ်တိုင်းမှာ
ဒီစာကို ခဏခဏ ပြန်ဖတ်ပါ။
သင့်အတွက် အကျိုးရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတ
#အတွေးခေါ်ဗဟုသုတစာပေ
#ငြိုငြင်စရာမရှိအောင်ဖြည့်ဆည်းပေးပါရစေ😍
#လူငယ်များအတွက်ဗဟုသုတစာပေများ
#မူရင်းကိုcrdပေးပါတယ်
30/07/2026
“ဘယ်လိုလူတွေက မင်းကို ချစ်ကြသလဲ”
🔳 ပြိုင်ပွဲတွေပြီးလို့ ကစားသမားတွေ ပြန်ကြတဲ့အခါ ဟိုတယ်မှာ ရှင်းလင်းပေးသွားတာ၊ ကျေးဇူးတင်တဲ့ စာလေးတွေ ရေးပေးသွားကြတာ ဖတ်ရရင် စိတ်ထဲ သဘောကျမိတယ်။
ကိုယ်တိုင်လည်း ဘယ်အချိန်ကတည်းက စခဲ့တယ်တော့ မမှတ်မိပေမဲ့ အဲဒီအကျင့်ကလေး ရှိတယ်။ ကျေးဇူးတင်စာတော့ ရေးမပေးဖြစ်ပါဘူး။ အခန်းကိုတော့ ရှင်းရလွယ်အောင် ထားပေးသွားတယ်။ စားသောက်ဆိုင်တွေ သွားရင်လည်း ဒီလိုပဲ။ မွစာကြဲပြီး မထားခဲ့ဘူး။ သိမ်းရလွယ်အောင် ထားထားပေးခဲ့တာ။ စားပွဲတွေလည်း တစ်ရှူးနဲ့ သုတ်ပေးခဲ့တယ်။ (ဖြစ်နိုင်ရင် ပန်းကန်တောင် ဆေးပေးသွားချင်တာလို့ စနောက်ဖြစ်သေးတယ်)
🔳 တကယ်တမ်းတော့ အဲဒါလေးတွေက ကြင်နာမှုလုပ်ရပ် သေးသေးကလေး (Small act of kindness) တွေလို့ ယူဆတယ်။
ကိုယ်မလုပ်လည်း ရတယ်။ ဟိုတယ်ခန်းကို ရှင်းပေးရမှာ Housekeepers တွေရဲ့ အလုပ်။ စားပွဲတွေ ရှင်းရမှာ စားပွဲထိုးရဲ့ အလုပ်။
ဒါပေမဲ့ သူတို့နေရာကနေ ဝင်စဉ်းစားကြည့်။ ရှင်းရလွယ်အောင် ထားပေးခဲ့တယ်ဆို အနည်းနဲ့အများ စိတ်ချမ်းသာရတာပဲ။ ငွေတစ်ပြားမှ မကုန်တဲ့ ကြင်နာမှုလုပ်ရပ်ကလေးပဲ။
🔳 ငွေမကုန်ဘူးဆိုလို့ ပေါ့သေးသေးတော့ မတွက်နဲ့။ ဒါဟာ ဒီအလုပ်ကို လုပ်နေရသူတွေအပေါ် လေးစားမှု ထားခြင်းလည်း ဖြစ်တယ်။ အများအားဖြင့် လေးစားမခံရတဲ့အလုပ်တွေ လုပ်နေရသူမို့ ဒီလိုဆက်ဆံခံရခြင်းဟာ သူတို့အတွက် ကောင်းမွန်တဲ့ ခံစားချက်တွေကို ယူလာပေးနိုင်တယ်။
အလှူကြီးပေးတာတွေ မကောင်းဘူး မဟုတ်ဘူး။ ကောင်းတယ်။ သို့သော် အဲဒါက သေချာစီစဉ်ထားတဲ့ အလှူအတန်းတွေ။ တကယ်စေတနာရှိလို့ ဖြစ်နိုင်သလို၊ နာမည်တည်ဆောက်ချင်လို့၊ မဟုတ်တာ လုပ်ထားသမျှတွေကို ပြန်လျှော်ဖွပ်ချင်လို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်တယ်။
တကယ်တမ်း လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သိနိုင်တာက သူနေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ လူတွေကို ဘယ်လိုဆက်ဆံသလဲ ဆိုတာပဲ။ ရုတ်တရက်ပေါ်လာတဲ့ အခြေအနေတွေမို့ ရင်ထဲမှာ အကြင်နာတရား၊ ကူညီလိုစိတ်တွေ ရှိမနေရင် တစ်ဖက်သား အဆင်ပြေသွားအောင် လုပ်ပေးနိုင်မှာ၊ လုပ်ပေးဖြစ်မှာ မဟုတ်ဘူး။
🔳 တစ်ရက်က ဆိုင်သွားထိုင်ကြတယ်။ ဖြစ်ချင်တော့ လူကျနေတာ။ ကိုယ်တွေအဖွဲ့က လူများတယ်။ စားပွဲက သေးသေးကလေးတစ်လုံးပဲ ကျန်တော့တယ်။ အဆင်ပြေသလိုလေး စုထိုင်နေကြတာပေါ့။ အဲဒီမှာတင် စားပွဲအကြီးမှာ ထိုင်နေတဲ့ စုံတွဲက စားပွဲချင်း ထလဲပေးတယ်။ သူတို့အစားအသောက်တွေကို ဒီဘက်စားပွဲဆီ တကူးတက ရွှေ့ပေးတယ်။ ကိုယ်တွေလည်း အဆင်ပြေသွားတာပေါ့။
ဒါသည် Random act of kindness ပဲ။ သူတို့ ရွှေ့မပေးလို့လည်း ရတယ်။ သူတို့ ဘယ်သူဘယ်ဝါမှန်းလည်း မသိဘူး။ အနားမှာလည်း ကင်မရာတွေ ရှိမနေဘူး။ ဒီလိုလုပ်လိုက်ပြီး ဆိုရှယ်မီဒီယာပေါ် ပြန်တင်ဖို့လည်း မဟုတ်ဘူး။ တစ်ဖက်သား အဆင်ပြေလိုတဲ့စိတ်သက်သက်ပဲ။ သူတို့စိတ်ထားကလေး ဘယ်လောက်လှမလဲ၊ သူတို့ရှိနေတဲ့ ဝန်းကျင်ကရော ဘယ်လောက်အေးချမ်းမလဲလို့ တွေးနေမိတယ်။ အတုယူမိတဲ့၊ အားကျမိတဲ့ စိတ်နေစိတ်ထားကလေးတွေပါပဲ။
🔳 တစ်ခါလည်း ရေးဖူးတယ်။ လူတစ်ယောက်ရဲ့ အဆင့်အတန်းကို သိချင်ရင် သူ့ထက်နိမ့်ပါးသူတွေကို ဘယ်လိုဆက်ဆံသလဲ အဓိကထားပြီး ကြည့်ရတယ်လို့။
ဒါကြောင့် ကိုယ့်ကို ဘယ်လိုလူတွေက ချစ်သလဲ ဆိုတာ ကိုယ့်အဆင့်အတန်း၊ ကိုယ့်ရဲ့ စိတ်နေစိတ်ထားကို ပြနေတာပဲ။
🔳 အထက်လူကြီးတွေရော၊ ကိုယ့်လက်အောက်က လူတွေရောက ချစ်ကြတယ်ဆို ကောင်းတာပေါ့။ ဒါပေမဲ့ အထက်က လူတွေနဲ့ကျ အဆင်ပြေပြီး အောက်က လူတွေရဲ့ နှလုံးသားကို မရဘူး ဆိုတဲ့သူကတော့ အထက်ဖား အောက်ဖိ ဖြစ်နေဖို့ များတယ်။
ရာထူးပိုကြီးရင် မျက်နှာလို မျက်နှာရ လုပ်တယ်။ သန့်ရှင်းရေးဝန်ထမ်းကျ မလေးမစား ဆက်ဆံတယ်။ ဝန်ထမ်းအသစ်ကိုကျ နှိမ်တယ်။ ရုံးက ကားဆရာကိုကျ မတူသလို မတန်သလို သဘောထားတယ်။ သူ့ကိုဆို သူ့အထက်က လူတွေကပဲ သဘောကျပြီး အောက်ကလူတွေကတော့ နောက်ကွယ်မှာ နှာခေါင်းတွေရှုံ့လို့။
🔳 နောက်တစ်ယောက်ကကျ အထက်က လူတွေနဲ့ အဆင်မပြေဘူး။ သူတို့ရဲ့ အမှားတွေ၊ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေကို ထောက်ပြလို့၊ အရည်အချင်းအားဖြင့် ပိုတော်နေလို့၊ မဟုတ်မခံစိတ် ရှိလို့ စသဖြင့် အထက်ကလူတွေ သဘောမကျနိုင်တဲ့ အကြောင်းတရားတွေများစွာနဲ့ပေါ့။
ဒါပေမဲ့ အငယ်တွေကကျ ချစ်တယ်။ သူတို့ရှေ့ကနေ မားမားမတ်မတ်ရပ်လို့။ သန့်ရှင်းရေးဝန်ထမ်းက သူ ရုံးထဲဝင်လာရင် နှစ်နှစ်ကာကာနဲ့ကို ပြုံးပြီး အမြဲနှုတ်ဆက်တယ်။ လေးလေးစားစား ဆက်ဆံပေးလို့။ ကားဆရာက သူဘယ်သွားချင်သွားချင် စေတနာနဲ့ လိုက်ပို့ပေးတယ်။ စကားအသုံးအနှုန်းကအစ ယဉ်ကျေးလို့။
Career ladder မှာတော့ ပထမလူက ပိုအတက်မြန်ချင် မြန်လိမ့်မယ်။ ဒါပေမဲ့ ကျွန်တော် ပိုသဘောကျတာ၊ ပိုလေးစားတာ၊ ကိုယ်တိုင်လည်း ဖြစ်ချင်တာက ဒုတိယလူပဲ။ ဘဝမှာ အဲဒီလိုလူတွေလည်း တွေ့ခဲ့ဖူးတယ်။ တကယ်အဆင့်အတန်းရှိတဲ့ ပုဂ္ဂိုလ်တွေပေါ့။ ငွေကြေးတွေ၊ အဆောင်အယောင်တွေ၊ ရာထူးတွေ၊ ဘွဲ့တွေထက် အဲဒီစိတ်နေစိတ်ထားကို ပိုမြတ်နိုးမိတာ။
🔳 လူတစ်ယောက်မှာ အကြင်နာတရား ရှိမရှိ သိချင်ရင် သေချာစီစဉ်ထားတဲ့၊ လူအများရှေ့၊ ကင်မရာတွေရှေ့ လုပ်ပြနေတဲ့ အလှူအတန်းတွေကို မကြည့်နဲ့။ ရုတ်တရက် ကြုံလာတဲ့ အခြေအနေ၊ ဘာကင်မရာမှ ရှိမနေတဲ့ အချိန်မှာ ဘာလုပ်သလဲ ဆိုတာကို အဓိကကြည့်။
လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို သိချင်ရင်လည်း သူ့ကို ဘယ်လိုလူတွေက ချစ်ကြသလဲ၊ သူ့ထက် နိမ့်ပါးသူတွေကို ဘယ်လိုဆက်ဆံသလဲဆိုတာ သတိထားကြည့်ကြည့်။
အတိအကျမဟုတ်တောင် အနီးစပ်ဆုံးတော့ ခန့်မှန်းနိုင်ပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၃၀.၇.၂၀၂၆
28/07/2026
တစ်ထည် ၀ယ် တစ်ထည်လက်ဆောင်ရပါပီရှင်
Singapore မှာ ရောင်းအားကောင်းနေတဲ့ High Waist Pants လေးကို လက်ဆောင်ပေးတဲ့ မြန်မာပြည်ရဲ့တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်တဲ့ Superwoman Myanmar ကို ကျေးဇူးတင်ပါတယ်☺️
High Waist Pants လေးက ဝတ်ထားရင် အသက်ရှူကျပ်တာမျိုးလဲ မဖြစ်ဘူး/ အဆီတွေတက်လာတဲ့ ကိုယ့်ရဲ့ body လေးကို သွယ်သယောင်ရှိသွားစေတယ် / ဗိုက်ချပ်ပြီး ခါးသေးသွားစေတဲ့အပြင် တင်ပင့်စေတဲ့တွက်ကြောင့် ကိုယ့်ရဲ့ body လေးက အရင်ကထက် ပိုကြည့်ကောင်းသွားစေပါတယ်
Fast Buster ပါဝင်မှုများတာကြောင့် နေ့စဉ် အချိန်ကြာကြာဝတ်နိုင်မယ်ဆို အဆီတောင်ကျလာနိုင်ပါသေးတယ်လို့ ပြောထားပါတယ်
မိန်းကလေးတွေတွက် တကယ်အသုံးဝင်စေတဲ့ ပစ္စည်းကောင်းလေးဖြစ်တဲ့တွက်ကြောင့် Thank you so much pr 🥰
Htet Myet Aye
25/07/2026
တချို့ပြဿနာတွေမှာ
ကိုယ်မမှားပေမယ့် ရှင်းမပြချင်တော့ဘူး။
ထောက်ရမယ့် မျက်နှာတွေရှိတယ်။
အချင်းချင်း မျက်နှာပျက်စရာဖြစ်မှာစိုးတယ်။
ကိုယ့်ကြောင့် ပြဿနာမဖြစ်စေချင်တာရှိမယ်။
ဒီလိုအခြေအနေမျိုးမှာ
နှစ်ဦးနှစ်ဖက် ရပ်လိုက်တာက အကောင်းဆုံးပါပဲ ။
တစ်ဖက်က မရပ်ခဲ့ဘူးဆိုရင်တော့
ကိုယ့်ဘက်က အားနာစရာမရှိ ။
ထောက်ထားစရာမရှိ ။
သည်းခံစရာမရှိ ။
အဲ့ဒီတော့
ထပ်ပတ်သတ်နေစရာအကြောင်းလည်း
မရှိတော့ဘူးပေါ့.....။
Crd
22/07/2026
ဖုံးကွယ်နေသောအလှကောက်ကြောင်းလေးကိုပြန်လည်ရယူဖော်ထုတ်၍ခေတ်မှီဆန်းသစ်သောဖက်ရှင်လေးဖြင့်စမတ်ကျသော Superwoman လေးအဖြစ်နေ့ရက်တိုင်းအတွက်ဂုဏ်ယူစွာဖြတ်သန်းနိုင်ဖို့ Singapore's Number -1 & Best trusted awarded slimming shapewear
အမျိုး သမီး တစ် ယောက် အတွက် ယုံ ကြည် မှု့ အ ပြည့် ဖြင့် မည် သည့် အကျီ လေး နှင့် မ ဆို ကျစ် လျစ် သေ သပ် စွာ လှပ မှု ရှိ စေ နိုင် ဖို့ SUPERWOMAN လေး ဖြင့် တန် ဖိုး ရှိ သော နေ့ ရက် များ ကို ယုံ ကြည် စိတ် ချ smart ကျ စွာ ဖြင့် ဖြတ် သန်း ကြ စေ ဖို့ကျန်း မာရေး နှင့် လှပ မှု့ အတွက်
***Tri Action technique*** Micro-massaging into epidermic layer to burn out cellulite & fat cells.
19/07/2026
အဆင့်တူ တန်းတူချင်းပဲ ပြိုင်ပါ ဆွေးနွေးပါ
တခါက ကျောင်းသား ၂ယောက်
ငြင်းကြပြီး ရန်ဖြစ်ကြတယ်
ဆရာက သိသွားတော့ ရန်ဖြစ်တဲ့
ကျောင်းသား၂ ယောက်ကို ခေါ်မေးတယ်
တစ်ဦးက ၁+၂ ကို ၃ လို့ပြောတယ်
တစ်ဦးက ၁+၂ ကို ၄ လို့ပြောတယ်
ငြင်းပြီး ရန်ဖြစ်တဲ့အထိ ဖြစ်သွားကြတယ်
ဆရာက ၁+၂ ကို ၃ လို့ ဖြေတဲ့သူ လာခဲ့
လို့ ခေါ်လိုက်တယ်
အခေါ်ခံရတဲ့ ကလေးက
သူ့ကို ချီးမွမ်းတော့မယ်ထင်ပြီး
ဆရာ့အနားသို့ သွားတာပေါ့
ဆရာက အဲ့ဒီ ကလေးကို ရိုက်တယ်
ဘာကြောင့်ရိုက်လဲဆိုတော့
ပညာမဲ့တဲ့ သူနဲ့တုပြီး ငြင်းတဲ့ မင်းမှာ
အပြစ်ရှိတာကြောင့်
ငြင်းတယ်ဆိုတာ ထိုက်သလောက်
အဆင့်တူမှ ငြင်းလို့ရတာမျိုးပါ
အဆင့်သိပ်ကွာရင် ပြိုင်လို့မရဘူး
တုလို့မရဘူး၊ ငြင်းလို့လည်းမရဘူး
ငြင်းတိုင်း ငြင်းတိုင်း
ငါက သူ့ထက်သာတယ်လို့ မထင်ပါနဲ့
တက္ကသိုလ် ပါမောက္ခဆရာက
မူလတန်းကျောင်းသားနဲ့ ယှဉ်ပြီး ငြင်းမလား
ငြင်းခုန်ခြင်းသည် တန်းညှိခြင်း တစ်မျိုးပါ
ခက်တာက လူတွေက ငြင်းပြီဆိုရင် ငါက သူ့ထက်
သာတယ်လို့ ထင်တတ်ကြတာတဲ့
ဒါ့ကြောင့် ကိုယ့်ကိုကိုယ် တန်ဖိုးထားရင်
ဆင်ခြင်ဉာဏ်မရှိတဲ့ သူတွေနဲ့
ပြိုင်မငြင်းနဲ့ တုမငြင်းနဲ့ ရန်မဖြစ်ပါနဲ့
တန်းညှိ မခံပါနဲ့
Credit: Original write
MLW 🇱🇹
19/07/2026
"အတောင်ကောင်းတဲ့ငှက်က သစ်ကိုင်းကျိုးမှာကို မကြောက်ဘူး။
ဘာလို့လဲဆိုတော့... သူယုံကြည်ထားတာ သစ်ကိုင်းကို မဟုတ်ဘူး။ သူ့ရဲ့ အတောင်ကိုပဲ ယုံကြည်ထားတာ။
ဘဝမှာလည်း ဒီလိုပဲ။
လူတော်တော်များများက ကိုယ်ရပ်နေတဲ့နေရာကို လုံခြုံမှုလို့ ထင်ကြတယ်။
အလုပ်ကောင်းရှိရင် လုံခြုံပြီလို့ ထင်တယ်။ ပိုက်ဆံရှိရင် လုံခြုံပြီလို့ ထင်တယ်။ နောက်ခံကောင်းရှိရင် လုံခြုံပြီလို့ ထင်တယ်။ လူမှန်ရှိရင် ဘဝအဆင်ပြေပြီလို့ ထင်တယ်။
ဒါပေမယ့်... ဒီလောကမှာ မတည်မြဲတဲ့အရာတွေပဲ ပိုများတယ်။
ဒီနေ့ ကိုယ်မှီထားတဲ့ သစ်ကိုင်းက မနက်ဖြန်မှာ ကျိုးသွားနိုင်တယ်။
ကိုယ်ယုံကြည်ထားတဲ့လူက တစ်နေ့မှာ လှည့်ထွက်သွားနိုင်တယ်။
ကိုယ်တန်ဖိုးထားတဲ့ အလုပ်က တစ်နေ့မှာ ဆုံးရှုံးသွားနိုင်တယ်။
ကိုယ်စုဆောင်းထားတဲ့ ငွေက တစ်နေ့မှာ သုညဖြစ်သွားနိုင်တယ်။
အဲဒီအချိန်မှာ သစ်ကိုင်းကိုပဲ ယုံကြည်ထားတဲ့ငှက်က ပြုတ်ကျသွားလိမ့်မယ်။
ဒါပေမယ့် အတောင်ကို ယုံကြည်ထားတဲ့ငှက်ကတော့ သစ်ကိုင်းကျိုးသွားတာကို အဆုံးလို့ မမြင်ဘူး။
သူသိတယ်... သစ်ကိုင်းတစ်ကိုင်း ကျိုးသွားရင် နောက်တစ်ကိုင်းကို ပျံသွားလို့ရတယ်ဆိုတာ။
ဘဝမှာလည်း ကိုယ့်အရည်အချင်းကို ယုံကြည်ထားတဲ့သူက အခွင့်အရေးတစ်ခု ဆုံးရှုံးသွားရင်တောင် နောက်အခွင့်အရေးကို ကိုယ်တိုင် ဖန်တီးနိုင်တယ်။
လူတွေကို အားကိုးပြီး ရပ်တည်တဲ့သူက လူတွေပြောင်းလဲသွားရင် ပြိုလဲတယ်။
ရာထူးကို အားကိုးတဲ့သူက ရာထူးပျောက်သွားရင် တန်ဖိုးပျောက်တယ်။
ပိုက်ဆံကိုပဲ အားကိုးတဲ့သူက ပိုက်ဆံကုန်သွားရင် မျှော်လင့်ချက်ပါ ကုန်သွားတယ်။
ဒါပေမယ့် ကိုယ့်အသိပညာ၊ ကိုယ့်အရည်အချင်း၊ ကိုယ့်စိတ်ဓာတ်ကို အားကိုးတဲ့သူကတော့ ဘယ်နေရာမှာပဲ ပြန်စရစေ တစ်ဖန် ပြန်ပျံနိုင်တယ်။
ဒါကြောင့်... သစ်ကိုင်းကောင်းတွေကို လိုက်ရှာနေတာထက် ကိုယ့်အတောင်ကို ပိုသန်မာအောင် လုပ်ပါ။
အခြေအနေကောင်းကို စောင့်နေတာထက် ဘယ်အခြေအနေမှာမဆို ရှင်သန်နိုင်တဲ့ ကိုယ့်ကိုယ်ကို တည်ဆောက်ပါ။
သစ်ကိုင်းကျိုးတာက ဘဝရဲ့အဆုံးမဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်သွားတာကသာ တကယ့်အဆုံးပဲ။
မူရင်းရေးသားသူအား ပေးပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon Airport Road, Myanmar (Burma)
Yangon
