Snow Padauk

Snow Padauk

Share

focus beauty products နှင့် အလှကုန်ပစ္စည်းများwhatapps01127906811

28/06/2026

လူတစ်ယောက်ရဲ့ တန်ဖိုးဟာ
သူဝတ်ဆင်ထားတဲ့ အဝတ်အစားတွေ၊
သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေပေါ်မှာ
မူတည်နေတာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို လေးစားတတ်ခြင်းနဲ့
အမှားတစ်ခုကို လုပ်မိတဲ့အခါ
ရှက်တတ်ခြင်းဆိုတဲ့ ဂုဏ်ပုဒ်ကသာ
လူတစ်ယောက်ကို တကယ့်လူသားအဖြစ်တည်ဆောက်ပေးတာပါ။

ပုံမှာပါတဲ့ စကားစုအတိုင်းပဲ၊
ရှက်တတ်ဖို့ဆိုတာ အသိဉာဏ်နဲ့ ယှဉ်တဲ့ကိစ္စပါ။
ဦးနှောက်မှာ ဗဟုသုတ၊ အတွေ့အကြုံနဲ့
အတွေးအခေါ်တွေ ကျပ်ပြည့်နေမှသာ
ဘာက အရှက်ရစရာကောင်းလဲ
ဘာက ဂုဏ်ရှိစရာကောင်းလဲဆိုတာကို
ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။

အရာရာကို ခေါင်းမာပြီး
လုပ်ချင်တိုင်းလုပ်နေတာဟာ
သတ္တိမဟုတ်သလို၊

ရှက်တတ်ခြင်းကို
အားနည်းချက်လို့ ထင်နေတာဟာ
အကြီးမားဆုံး အမှားတစ်ခုပါပဲ။

ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်ချင်ရင်တော့
အရင်ဆုံး ရှက်တတ်တဲ့ စိတ်ဓာတ်ကို
အမှန်တရားနဲ့ တည်ဆောက်ကြရအောင်။

#ည်ိုချော

27/06/2026

ရင့်ကျက်တာလား နေတတ်တာလား
တော့မသိဘူး
ပြောချင်တဲ့စကားတွေကို နှုတ်ခမ်းဝမှာ
ရပ်တန့်နိုင်ခဲ့ပြီ။

ထိန်းချုပ်နိုင်တာလား
သီးခံတတ်တာလားမသိဘူး
ဒေါသတွေကို မြိုသိပ်တတ်နေပြီ။

တည်ငြိမ်တတ်တာလား
ဂရုမစိုက်တတ်တာလား မသိဘူး
ဘယ်သူဘယ်လိုထင်ထင်
ဥပေက္ခာပြုတတ်လာခဲ့ပြီ။

ဟန်ဆောင်တတ်တာလား
အလိုက်အထိုက်နေတတ်လားမသိဘူး
ဘာတွေနဲ့ကြုံကြုံ ပြုံးပြတတ်လာပြီ။

သန်မာလာတာလား
ခံနိုင်ရည်ရှိတာလား မသိဘူး
လောကဓံဆိုတာကို သဘောပေါက်လာခဲ့ပြီ။

နားလည်ပေးတတ်တာလား
အတွေ့ အကြုံများတာလားမသိဘူး
အရာရာကို လက်ခံနိုင်စွမ်းရှိလာပြီ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာလား
ရဲရင့်တာလားမသိဘူး
အကြောက်တရားကို ရင်ဆိုင်ရဲတတ်လာပြီ။

ဝမ်းနည်းတိုင်းလဲ မျက်ရည်မကျတော့ဘူး လေတိုက်တိုင်းလဲ မလဲတော့ဘူး
ဒုက္ခတွေကိုလဲ လက်ခံတတ်ခဲ့ပြီ။

ကျော်ဖြတ်ခဲ့တဲ့
လမ်းကြမ်းတွေရဲ့ ရလဒ်ဆိုတာ

တကယ်တော့
တန်ဖိုးအရှိဆုံး အမြတ်အစွန်းတွေပဲပေါ့။

#ည်ိုချော

27/05/2026

ပြုံးနေစေချင်တယ်
ရယ်နေစေချင်တယ်

အထူးသဖြင့်

ကိုယ့်ကြောင့် မင်းကို ပိုပျော်စေချင်တယ်
ဒီဆန္ဒလေးကြောင့် မင်းဘဝတစ်ခုလုံးအတွက်
ေအးချမ်းပါစေ

Want your business to be the top-listed Beauty Salon in Gelang Patah?
Click here to claim your Sponsored Listing.

Telephone

Website

Address


Gelang Patah
81550