SamalTlang

SamalTlang

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SamalTlang, Beauty, cosmetic & personal care, Taman Bukit Anggerik, Cheras (Kuala Lumpur), Wilayah Persekutuan, Kuala Lumpur.

18/11/2021

မတူပီမြို့နယ် ငလိုင်ရွာကျေးရွာမှ ခရစ်ယာန်ဓမ္မဆရာ ဦးငိုင်ကုန်းကို စစ်ကောင်စီက စစ်ကြောရေးတွင် သတ်ဖြတ်

ရန်ကုန်၊ နိုဝင်ဘာ ၁၇

ချင်းပြည်နယ် မတူပီမြို့၊ ငလိုင်ကျေးရွာ၊ ညီအကို အသင်းတော်မှ ခရစ်ယန် ဓမ္မဆရာ ဦးငိုင်ကုန်းကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဦးငိုင်ကုန်း အပါအဝင် ရွာသားများကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း၊ ကျေးရွာသားတချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း ဓမ္မဆရာ ဦးငိုင်ကုန်းကို လွှတ်မပေးဘဲ နှစ်လနီးပါး ကြာမြင့်ချိန်မှ ဦးငိုင်ကုန်း သေဆုံးသွားပြီဟု မိသားစုထံ အကြောင်းကြားလာကြောင်း ဒေသ သတင်းရင်းမြစ်ထံမှ သိရှိရသည်။

"ပါစတာ ဆုံးသွားပြီဆိုတာပဲ စစ်တပ်က မိသားစုကို အကြောင်းကြားတာ။ ဘာဖြစ်လို့လဲ ဆုံးလဲ။ ဘယ်လိုဆုံးလဲ မပါဘူး။ အလောင်းပြန်ရ၊ မရလည်း မသိသေးဘူး" ဟု ဒေသသတင်းရင်းမြစ်က ပြောသည်။

Want your business to be the top-listed Beauty Salon in Kuala Lumpur?
Click here to claim your Sponsored Listing.

Website

Address


Taman Bukit Anggerik, Cheras (Kuala Lumpur), Wilayah Persekutuan
Kuala Lumpur
56000