Wai Wai Vlog

Wai Wai Vlog

Share

Learning and Sharing with Wai Wai ☘️💛🤍

14/08/2026

One day

14/08/2026

☘️💛

14/08/2026
Photos from Wai Wai Vlog's post 14/06/2026

Yellow Colour make me Happy💛💛☘️

Everyone Be Happy

13/06/2026

Celebrating my 2nd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

07/06/2026

လူတစ်ယောက်ရဲ့ အတွေးဟာ သူ့ရဲ့ဘဝပါပဲ
အတွေးဟာ စွမ်းအားရှိတယ်
ကောင်းတာတွေ တွေးတာများရင်
ကောင်းတာတွေပိုလုပ်ဖြစ်မယ်
ကောင်းတဲ့အရာတွေနဲ့

ပိုအချိန်ကုန်ပါများတဲ့အခါမှာ
ကောင်းတဲ့ကံ ကောင်းတဲ့အရာနဲ့
ပျော်ရွှင်မှုတွေရမယ်လုပ်နိုင်တယ် ဆိုတဲ့
စွမ်းအား ခွန်အားတွေရမယ်
Positive energyတွေပြည့်နှက်နေမယ်
မကောင်းတာတွေ တွေးတာများရင်
မကောင်းတာတွေ ပိုလုပ်ဖြစ်မယ်
မကောင်းတာ ပိုပြောဖြစ်မယ်

Negative ဘက်ကိုရောက်စေတဲ့
အတွေးတွေ တွေးတာ များလာတဲ့အခါမှာ
သိမ်ငယ်စိတ်တွေဝင်မယ်
ယုံကြည်မှုတွေ လျော့ကျမယ်
ခွန်အားတွေ ကုန်ခမ်းမယ်
တလောကလုံး ကိုယ်ကပဲ အထီးကျန်ဆုံး၊
ကိုယ်ကပဲကံအဆိုးဆုံးလို့ တွေးတတ်တဲ့အထိ
နစ်မွန်းနေတတ်ပါတယ်

ဒါကြောင့်
ကိုယ့်အတွေးတွေကို ဂရုစိုက်ပါ
အတွေးတွေဟာ စွမ်းအားရှိတယ်
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကိုနစ်မွန်းအောင်
လုပ်တဲ့သူ မဖြစ်ပါစေနဲ့
ကိုယ့်အတွေးနဲ့ကို ကိုယ့်ဘဝကို
တိုးတတ်မြင့်မားအောင်လုပ်တဲ့သူပဲ ဖြစ်ပါစေ။😊

#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ
#ဆရာအောင်သင်းစာပေ
#စာပေဗဟုသုတများ


👋 စာပေ Channel လေးပါ 👋

04/06/2026

ကြည့်ချင်နေပြီ☘️💓

"သူများကို လက်ညှိုးထိုးတယ်ဆိုတာ ကိုယ့်မှာ ပိုင်တဲ့ လက်မကို ထောင်ဖို့မေ့နေတဲ့ကောင်တွေရဲ့အလုပ်။ ဘယ်သူမှ ဂရုစိုက်မနေနဲ့။"

ဒီလို စကားလုံးတွေရဲ့ ပိုင်ရှင်၊ "Ray" ရုပ်ရှင်ထဲကစီးပွားရေး သမား 'ဇွဲလက်ျာ' အဖြစ် ပါဝင် သရုပ်ဆောင် ထားသူကတော့... ပရိသတ်တွေ ထင်ထားကြတဲ့အတိုင်း နိုင်ငံကျော် သရုပ်ဆောင် "ဒေါင်း" ပဲ ဖြစ်ပါတယ်။

ဒေါင်း ဆိုတာနဲ့ မျက်လုံးအကြည့်တွေ၊ အသံနေ အသံထားကအစ ဇာတ်ကောင်ရဲ့ စရိုက်ကို အသက်ဝင်အောင် ပုံဖော်နိုင်စွမ်းရှိတဲ့သူ၊ ပြည်သူ့ ဘက်က ရပ်တည်ပြီး ပရိသတ်တွေရဲ့ အခိုင်အမာ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင်တစ်ဦးဆိုတာ အားလုံးအသိပါ။

မကြာသေးမီကမှ Netflix မှာ ထိပ်တန်းစာရင်း (Top-trending) ဝင်နေတဲ့ နာမည်ကြီး ထိုင်းရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်ပြီး သူရဲ့ နိုင်ငံတကာအဆင့်မီ သရုပ်ဆောင်စွမ်းရည်ကို သက်သေပြထားနိုင်သူလည်း ဖြစ်ပါတယ်။

ဒီ "Ray" ဇာတ်ကားထဲမှာတော့ သူ့ကို ခရိုနီ ပေါက်စတစ်ယောက် နေရာကနေ ထူးခြားစွာ မြင်တွေ့ရမှာပါ။ ခရိုနီ စီးပွားရေးသမား တစ်ယောက်ကနေ ဘယ်လို အကြောင်းတရား တွေကြောင့် အရာအားလုံးကို စွန့်လွှတ်ပြီး ကြမ်းတမ်းတဲ့ တောတွင်း လက်နက်ကိုင် လမ်းစဉ်ထဲကို ရောက်လာခဲ့ရတာလဲ... ဆိုတာကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပါပဲ။

တကယ့် လက်တွေ့ဘဝမှာရော၊ အနုပညာဖန်တီးမှုတွေမှာပါ တော်လှန်ရေးအတွက် အမြဲတမ်း မားမားမတ်မတ် ရပ်တည်နေတဲ့ သရုပ်ဆောင် ဒေါင်းရဲ့ ပီပြင်လှတဲ့ အိုက်တင်တွေနဲ့အတူ "ဇွဲလက်ျာ" ဆိုတဲ့ ဇာတ်ကောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ အချိုးအကွေ့တွေကို အားရပါးရ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဒေါင်းရဲ့ ဇာတ်ရုပ်သစ်ကို အားပေးဖို့ အဆင်သင့်ပဲလား။

နောက်ရက်တွေမှာလည်း သရုပ်ဆောင်တွေကို ဆက်လက် မိတ်ဆက်ပေးသွားမှာမို့ Page ကို စောင့်ကြည့်ပေးကြပါဦး။

"Ray"

လာမယ့် ဇွန်လ (၂၇) ရက်နေ့၊ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၊ Palace Cinemas Moore Park မှာ ပထမဆုံးပွဲစဉ်အဖြစ် စတင်ပြသသွားမှာ ဖြစ်ပြီး မကြာခင် ကမ္ဘာတလွှားကို ဆက်လက် ရောက်ရှိလာမှာ ဖြစ်ပါတယ်။

(ကြိုတင်လက်မှတ် ဝယ်ယူနိုင်မယ့် လင့်ခ်တွေကိုတော့ Comment မှာ တင်ပေးထားပါတယ်)

Want your business to be the top-listed Beauty Salon in Singapore?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Magway Myanmar
Singapore