The Tale of Rose

The Tale of Rose

Share

From kitchen to gym,
from home to the world 🌍
Sharing real life as a mother & daughter
Beauty in balance ✨

03/09/2026

ဒီဖတ်ထုပ်လုပ်နည်း အတိုင်း သာလုပ်ကြည့် Heathy ဖက်ထုပ် ဆိုပြီးရောင်းစားလို့တောင်ရတယ်။ဒီနေ့ ဖက်ထုပ် အသား နဲ့
ဖက်ရွက်ရော Rice paper နဲ့ပါ pancake အဖြစ်ပါ၂ မျိုးလုပ်ပြမယ်။

03/09/2026

ဆာတေး အသားနှပ်တဲ့ Recipe လေးပါ။
Rose ကတော့ ကြက်သား 450gm ကို သကြား 2 teaspoons လောက်ပဲထည့်ထားပါတယ် ။
တကယ်လို့ ဆိုင်ကလို ချိုချိုလေး ကြိုက်ရင်တော့
ကိုယ့်စိတ်ကြိုက် ပိုထည့်နိုင်ပါတယ်။

02/09/2026

ကြက်သားကို အမျိုးမျိုး လုပ်စားရတာရိုးနေပြီဆို ဆာတေးလေးလုပ်စားရအောင်

01/09/2026

Update: Post ထဲက ၂ ယောက်လုံး လာတောင်းပန်လို့
ပုံကို Delete လုပ်ပေးလိုက်ပါတယ်။
အားလုံးရဲ့ ချစ်ခြင်း မေတ္တာတွေ မြင်ခဲ့ရတဲ့ ဒီ Post လေးကို
မဖျတ်ရက်လို့တော့ မဖျတ်တော့ပါဘူး။
အားပေးကြတဲ့ cmt ပေးကြတဲ့ တဦး တယောက်ချင်းစီ ကို
ကျေးဇူးအများကြီးတင်ပါတယ် ❤️❤️❤️🙏🙏🙏

အခုလို Negative cmt မျိုး ကို Rose တော်ရုံ တုန့်ပြန်လေ့မရှိပါဘူး။ Rose ပေးချင်တဲ့ Message ကို နားလည် နိုင်တဲ့ Brain level မရှိဘူး လို့ Rose ယူဆရင် တခါထဲ တန်း Block ပါတယ်။

အခု ပြောချင်တာက Rose အခုလို Blog တွေ အချိန်ကုန် လူပင်ပန်း ငွေကုန်ခံရိုက်နေတာ Rose မှာ ဘာ sponsor မှ မရှိပါဘူး။ ဘယ်က မှလဲ ဝင်ငွေမရပါဘူး။
Fb Monitization က ရတဲ့ငွေဆိုတာ လဲ Rose ဟင်းချက်ဖို့ စျေး ၁ ခါ ဝယ်စာ တောင် မရပါဘူး။ Rose blog ကနေ စျေးလဲ မရောင်း သလို Plan တွေလဲမရောင်းပါဘူး။ တလ တလ ဒီ Blog အတွက် သုံးတဲ့ ပမာဏ က မနည်းပါဘူး။

ဒါဆို Rose အတွက် ဘာရလဲ ?
ဘာလို့ တပြားမှ မရတဲ့ အလုပ်ကို လုပ်နေတာလဲ?
Rose က ဇွတ် ကယ်လိုရီ Deficit
ခိုးစားနေတယ်။
သူ့ကြည့်တော့ ခါးတုတ်။

Yes ဟုတ်တယ်။ ခါးတုတ်တယ် Rose ကလေး ၂ ယောက်
ကို ဗိုက်ခွဲမွေးထားရတယ်။ သားအိမ် ရောဂါ ဆိုးဆိုးဝါးဝါး ခံစားရလို့ သားအိမ် ထုတ်ထားတာ ၃ လပဲရှိသေးတယ်။
ခန္ဓာကိုယ်ထဲက Organ တခုထုတ်ခံလိုက်ရတဲ့ Pain level က ကလေးမွေး တာထက် ပိုမြင့်တယ် ။
လမ်းတောင် မနဲလျှောက်လို့ ရအောင် ပြန် Recovery ယူရ။
သွေးအားနည်းတာတွေ သက်သာအောင်
စားနေရတဲ့ မိန်းမ တယောက်ရဲ့ ဗိုက် က ချပ်နေနိုင်မလား
ခေါင်းပါရင် စဉ်းစား။
Rose ကိုယ်လုံး အရမ်း လှ နေပါပြီ တခါမှ page ပေါ်တင်ပြီး ဂုဏ်မဆာဖူးဘူး။

ခိုးစားတယ် ဆိုတဲ့ စကားပြောရအောင်
Rose ပြိုင်ပွဲဝင် အလှမယ်လဲ မဟုတ်ဘူး။
Body builder လဲ မဟုတ်ဘူး။
လူပဲ ကိုယ့် social life နဲ့ ကိုယ် စားချင်စားမှာပဲ။

ဒါဆို Rose ဘာလို့ ဒီလို video တွေ အပင်ပန်းခံပြီး ငွေကုန်ခံ ပြီး လုပ်နေလဲ ပြောပြမယ်။ သိတဲ့ လူတွေလဲ သိပြီးသားပါ။ မသိသေးတဲ့ သူတွေ ထပ်ပြောပြမယ်။ Rose တို့ တမိသားစုလုံးရောဂါသည်။

အမေက ဆီးချို နှလုံးရောဂါရှိတယ်
နှလုံး က Stent ခဏ ခဏ ထည့်တာ မခံနိုင်လို့ by pass လုပ်ထားရတယ်။
အဖေက သွေးတိုးရှိလို့ လေဖြတ်ထားတယ်။
ဆေးရုံ ကို ၃ လ လောက်တင်ထားပြီး မသေ အောင် မနဲကုထားရတာ။
Rose ရဲ့ တဦးတည်းသော အဒေါ် SLE အပြင်းစား
အဒေါ် ယောကျာ်း ဆီးချို အရမ်းတက် အင်ဆူလင်တွေထိုးပြီး ကျောကိကပိ မပျက်အောင် ထိန်းထားရတဲ့သူ
ဆီးချိုကြောင့်
မျက်လုံးက သွေးကြောတွေပေါက်ပြီး မျက်လုံး မကြာခဏ ဝါးတက်တဲ့သူ။

ဒီလို မိသားစု ဝင် တယောက်ရဲ့ ခံစားရတဲ့ သောက နဲ့ စိတ်ဆင်းရဲ မှု က ဘာနဲ့ မှ မတူဘူး။ မကျန်းမာရင် နောက်ဆက်တွဲ ပြသနာတွေက Rose တို့လင်မယား ပဲခံရတာ။

စီးပွါးရေးက တဖက် ကျန်းမာရေးကတဖက် သားသမီး က တဖက်နဲ့ အိမ်မှာငွေပဒေသပင် ပေါက်နေတာလဲ မဟုတ်တော့
အရမ်းကို ပင်ပန်းပါတယ်။
အစားကောင်းကောင်း တအိမ်လုံး သိပ်ကို စားတက်တာပေါ့

ဒါပေမယ့် ဪ Rose တက်ထားတဲ့ ဟင်းချက်နည်းတွေနဲ့
လူတွေ အဆင်ပြေပါစေ ကျန်းမာပါစေ ဆိုတဲ့ စိတ်နဲ့
အပင်ပန်းခံပြီး Blog အတွက်အချိန်ပေးနေတာ Rose နံမည်ကြီးချင်လို့လဲ မဟုတ်သလို ငွေ လိုချင်လိုလဲ မဟုတ်ဘူး။

အဓိကက Rose ခံစားခဲ့ရသလို တခြားလူတွေ ကို မခံစားစေချင်ရုံ သပ်သပ်ပါ။ နောက်ထပ် ကိုယ့် အထုပ် ကိုယ်ဖြည်ပြီး တော့ ရှင်းပြ ချင်စိတ် သိပ်မရှိပါဘူး။

အခုလဲ တော်တော် ဒေါသ ထွက်လို့သာ စိတ်ထွက်ပေါက် အနေနဲ့ တင်တာပါ။ profile ညစ်ပတ်လို့ ၁ ရက် ၂ ရက် နေရင် delete ပါမယ်။

01/09/2026

မြန်မာ စတိုင် Energy Bar 😉

ပါဝင်တဲ့ အမယ်တွေက
တအားလွယ်ကူ ရိုးရှင်းတယ်။
အတွင်းကချိုပြီး တဂျွတ်ဂျွတ် နဲ့ စားလို့ အရမ်းကောင်းတယ်။
တခုကို မှ cal 120 ကျော်ပဲပါတယ်။
Snacks အနေနဲ့ စားမလား gym မသွားခင် အစာပြေ စားစရာ energy bar အနေနဲ့စားမလား အရမ်းမိုက်ပဲ 👌

01/09/2026

ထမင်းကြော်ရဲ့ Nutrition Facts လေးပါ

30/08/2026

ထမင်းကြော် ပွဲကြီး၁ ပွဲ ကို Calories မများပဲ Healthy Meal ဖြစ်အောင် ဘယ်လိုကြော်မလဲ?”
သိချင်တယ်ဆို အဆုံးထိကြည့်ပေးနော်😉

30/08/2026

Korean Spicy Octopus လေးရဲ့ Nutrition facts လေးပါ။
တအိုးလုံးကြည့်ရင်တော့ Cal က 1000 ကျော်ပေမယ့်
Protein ကတော့ 120 ကျော်တောင်ပါတာမို့
တနေ့လုံး ခဏ ခဏ ခွဲစားလို့ရပါတယ်
Rose ကတော့ တအိုးလုံး ၁ယောက်ထဲစားလိုက်တယ် 😬

29/08/2026

ကြက်ဥ ကို ရေနဲ့ကြော် ကြမယ် 😉

ရေပါတာရော
ရေမပါ ပဲနဲ့ အဝိုင်းလေး ဖြစ်အောင် ကြော်ပေးထားတယ်နော် 😉

Photos from The Tale of Rose's post 29/08/2026

🌹Vegetalk Vegetarian Mushroom Seasoning 🍄

Rose 🌹 အမြဲတမ်းသုံးနေကျ မှိုအမှုန့်ရဲ့ အကြောင်း
အရင်တခါက လဲတင်ပေးဖူးပါတယ်။ အခုလဲ မသိသေးတဲ့ လူတွေ အတွက် ထပ်ပြီး Sharing လုပ်ပေးလိုက်ပါတယ်။

ဟင်းတွေကို ချက်တဲ့ အခါမှာ Rose တို့ မြန်မာတွေက ဆားတမျိူးထဲနဲ့ မလုံလောက်ဖူးခံစားရပါတယ်။
အချိုမှုန့် /ကြက်သားမှုန့်/ ငါးငံပြာရည်/ Dashi /သကြားအစရှိတဲ့ နောက်ထပ် အချို တခုခု ထည့်ကို ထည့်တက်ကြတယ်။ လျှာကလဲ အကျင့်ပါနေပါပြီ။

Rose က ဟင်းချက်ရင် အရမ်းစူးစမ်းတက်တဲ့ အကျင့်ရှိတယ်။ စပ်စုတယ်ပေါ့။ စားကောင်းတာ တခုခုတွေ့ရင် ဘာလေးတွေ ထည့်လဲ သိပ်သိချင်တယ်။ အသစ်အဆန်း နဲ့ မမြင်ဖူးတာဆို စမ်းဖို့ ဝန်မလေးဘူး။ ဒီလိုနဲ့ပဲလွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်ထဲ က ဒီအမှုန့်လေး စမ်းကြည့်မယ်ဆိုပြီး ဝယ်ခဲ့ရင်း ကြိုက်သွားတာ။

အဲ့ကထဲက အချိုမှုန့် သိပ်မစားဖြစ်တော့တာ ခုထိပဲ။
သူ့အထုတ်မှာ Rose ဖတ်ရသလောက်တော့ product listing မှာလည်း ဒီ ingredients ၃ မျိုးကိုပဲ ဖော်ပြထားတယ်။

🍄 Ingredients
* Mushroom Powder
* Mushroom Extract
* Salt

🇸🇬 ဘယ်နိုင်ငံထုတ်လဲ?
Country of Origin — Singapore 🇸🇬

🚫 MSG ပါလား?

No MSG လို့ manufacturer/product listings တွေမှာ ဖော်ပြထားတယ်။Package မှာလည်း “Substitute for MSG and Salt” လို့ ဖော်ပြထားပြီး၊ mushroom ရဲ့ umami flavour ကို အသုံးပြုပြီး MSG အစားထိုး seasoning အဖြစ် သုံးနိုင်တယ်လို့ ရေးထားတယ်။

ဒီနေရာမှာ အရေးကြီးတာတစ်ခု က MSG မပါတာနဲ့ low-sodium ဖြစ်တာ မတူပါဘူး။
Nutrition data အရ sodium က အတော်မြင့်တဲ့အတွက် weight loss / healthy diet လုပ်နေသူတွေက ပမာဏနည်းနည်းနဲ့ အရသာယူသုံးတာ ပိုသင့်တော်ပါတယ်။ 🌹 Rose ဒီ Post အောက်မှာ MSG / ကြက်သားမှုန့် နဲ့ မှို အမှုန့် compare လုပ်တဲ့ Breakdown chart လုပ်ပေးထားပါတယ်။

💰 Singapore မှာ စျေးဘယ်လောက်လဲ?
150g pack ကို လက်ရှိ online listings တွေအရ ကတော့

* NTUC FairPrice — S$5.60
* Shopee Singapore — ခန့်မှန်း S$5.78–S$8+ ဆိုင်/offer ပေါ်မူတည်ပြီး ကွာပါတယ်။
https://s.shopee.sg/gPgLFv9tB

🛒 ဘယ်မှာဝယ်လို့ရလဲ?
Singapore မှာ အလွယ်တကူရှာလို့ရတဲ့နေရာတွေက—
Supermarkets တိုင်း နဲ့ Grocery store တိုင်းမှာလဲ ဝယ်လို့ရသလို Shopee & Lazada မှာလဲရပါတယ်။

Pack Size
🌹2 size လာပါတယ် — 150g & 500g
စမ်းချင်ရင် 150 gmလောက် ကနေ စမ်းကြည့်ပါ။

🌿 ဒါဆို ဘာကြောင့်ရွေးချယ်သင့်လဲ?

✔️ Mushroom-based natural umami flavour
ဟင်း၊ soup, stir-fry, salad, pasta စတာတွေမှာ အရသာတက်စေဖို့ အသုံးဝင်ပါတယ်။

✔️ MSG မပါ
MSG ကို မသုံးချင်သူတွေအတွက် alternative တစ်ခုဖြစ်ပါတယ်။

✔️ Ingredient list ရိုးရှင်း
Mushroom powder + mushroom extract + salt ဆိုပြီး ingredients များများမပါပါဘူး။

✔️ Vegan / Vegetarian friendly

✔️ ဆား၊ MSG ထပ်ထည့်စရာ လျှော့နိုင်
အစားအစာကို အရသာပိုကောင်းအောင် seasoning တစ်မျိုးနဲ့ ထိန်းနိုင်ပါတယ်။

⚠️ Rose 🌹 ရဲ့ Honest Note

ဒီ seasoning မှာ salt ပါပြီး sodium မြင့်တဲ့အတွက် “healthy ဖြစ်လို့ အများကြီးသုံးလို့ရတယ်” ဆိုတဲ့ product မဟုတ်ပါဘူး။

အကောင်းဆုံးအသုံးပြုပုံက —
small amount နဲ့ umami flavour ရအောင် သုံးပြီး၊ ထပ်ပြီး ဆား/MSG မထည့်လို့ရပါတယ်။

👅 Tastes အရသာပိုင်း Review
သူ့အရသာ က ဆားလိုငံတဲ့ အငံအရသာမျိုး
မဟုတ်ပါဘူး..
အငံ ဓာတ်ရှိပေမယ့်အချိုအရသာ လေးပါ…
အချိုကို မှ တကယ့် သဘာဝ အချိုလိုမျိုးလေး နဲ့ ပေါ့ပါးပြီး ဟင်းရဲ့ သဘာဝ အရသာ ကို ပေါ်လွင်အောင် support ပေးပါတယ်…
Rose ကြိုက်တာက အဲ့ဒီ ပေါ့ပါးတဲ့ Feeling မျိုးပါ။

🥗Best Matching Dishes 🥗

ဆီပြန်ဟင်း၊ ချဉ်ရည်ဟင်း ၊ ပဲဟင်း
အသီးအရွက် ဟင်းတွေ ကြော်ချက်တဲ့အခါမှာ ပိုစားကောင်းပါတယ်…
သွေးမတိုးဘူး.. ခေါင်းမကိုက်ဘူး…
Rose ကိုယ်တိုင်တော့ အရမ်းကြိုက်လို့ သုံးနေတာ ၁၀ နှစ်ကျော်ပါပြီ…

🥗 Dietary
* Vegetarian
* Vegan
* No MSG
* Cholesterol-free လို့ manufacturer က ဖော်ပြထားတယ်။
* Artificial colouring / preservatives မထည့်ထားကြောင်း retailer listing မှာ ဖော်ပြထားပါတယ်။

⚠️ Allergy ရှိသူတွေ သတိထားရန်

Ingredients ထဲမှာ mushroom powder + mushroom extract ပါတဲ့အတွက် mushroom allergy ရှိသူတွေ မသုံးသင့်ပါဘူး။

📊 Nutrition Fact ထဲမှာတော့ — 100g အတွက်

* Calories — 227.7 kcal
* Protein — 7.49g
* Carbohydrate — 48.54g
* Fat — 0.4g
* Saturated Fat — 0.13g
* Fibre — 1.21g
* Sugar — 13.08g
* Sodium — 12,901.86mg

🇲🇲Best Advice to shop from Myanmar
Import လုပ်တဲ့ Online shop တွေမှာ မေးဝယ်လို့ရပါတယ်…တကယ်လို့ရောင်းတဲ့ ဆိုင်တွေရှိရင်လဲ ဒီ post လေးအောက်မှာ Mention ခေါ်ခဲ့လို့ရပါတယ်…

Yours
Rose 🌹

Want your business to be the top-listed Beauty Salon in West Region?
Click here to claim your Sponsored Listing.

Website

Address


000
West Region