Sein Sein

Sein Sein

แชร์

ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Sein Sein, สุขภาพ/ความงาม, Bangbon, Bangkok

26/01/2026

မေမေ့ရဲ့ ဘဝမှာ အရာရာတိုင်းအတွက် သားဟာ "ပထမဦးဆုံး" ပါပဲ။ သားဟာ မေမေ့ရဲ့ ပထမဆုံးသော ပြုံးပျော်ခြင်း၊ ပထမဆုံးသော မျက်ရည်စက်တွေနဲ့ ပထမဆုံးသော အိပ်ရေးပျက်ညတွေရဲ့ အကြောင်းရင်းခံလေးပေါ့။ စကားလုံးတွေနဲ့ ဖော်ပြလို့မရနိုင်အောင် ထူးခြားဆန်းပြားတဲ့ ချစ်ခြင်းမေတ္တာကို မေမေ သားဆီကနေ စတင်ခံစားခဲ့ရတာပါ။

သားဟာ မေမေ့ကို "မိခင်" ဆိုတဲ့ ဘွဲ့ထူးကို ပေးအပ်ခဲ့တဲ့ ဝိညာဉ်လေးဖြစ်ပြီး သားရှိလာတဲ့အခိုက်အတန့်မှာပဲ မေမေ့ရဲ့ ကမ္ဘာကြီးတစ်ခုလုံး ထာဝရပြောင်းလဲသွားခဲ့တယ်။

မေမေ့နှလုံးသားထဲမှာ သားပိုင်ဆိုင်ထားတဲ့ နေရာလေးကို ဘယ်သူမှ လာပြီးအစားထိုးလို့ မရနိုင်ပါဘူး။ မေမေ့လက်ကို အရင်ဆုံးဆုပ်ကိုင်ခဲ့တဲ့ သားရဲ့လက်ကလေးတွေ၊ မေမေ့ကို အရာရာလို့ သတ်မှတ်ပြီး မျှော်ကြည့်ခဲ့တဲ့ သားရဲ့မျက်လုံးလေးတွေ... ဒါတွေဟာ မေမေတို့နှစ်ယောက်ကြားက ဘယ်သူမှ ခွဲခြားလို့မရတဲ့ သံယောဇဉ်တွေပေါ့။

သားဟာ မေမေ့ကို သည်းခံတတ်အောင်၊ ကြံ့ခိုင်အောင် သင်ပေးခဲ့တယ်။ သားဆီကရတဲ့ အနမ်းတွေ၊ ဖက်ထားတာလေးတွေနဲ့ "ချစ်တယ်" ဆိုတဲ့ စကားလေးတွေက သားဟာ မေမေ့ဘဝအတွက် အဖိုးတန်ဆုံး လက်ဆောင်ဆိုတာကို သတိပေးနေသလိုပါပဲ။

သားဟာ မေမေ့နှလုံးသားရဲ့ ပထမဆုံးသော အိမ်ဂေဟာလေးဖြစ်သလို၊ ဘယ်တော့မှ အဆုံးသတ်မှာမဟုတ်တဲ့ မေမေ့ဘဝရဲ့ လှပတဲ့အစပျိုးခြင်းလေးလည်း ဖြစ်ပါတယ်။ သားဟာ မေမေ့အတွက်တော့ အမြဲတမ်း သားဦးလေး ပါပဲကွယ်။ ❤️

ချစ်တဲ့
Ozzieလေး မေမေ

(ဘာသာပြန်ရေးသားသည်။)

10/01/2026

ငါ့သားလေးရေ…
မေမေက မင်းရဲ့ အမေဖြစ်ရတာ ဘယ်လောက်ကံကောင်းလဲဆိုတာ
မင်း သိထားစေချင်ပါတယ်။
မေမေ မင်းကို ပထမဆုံး မြင်ခဲ့တဲ့ အချိန်ကို
အမြဲမှတ်မိနေပါတယ်။
မင်းက မေမေရဲ့ အကြီးမားဆုံး ကောင်းချီးမင်္ဂလာဖြစ်ပြီး
မေမေ့ဘဝရဲ့ အကောင်းဆုံး အစိတ်အပိုင်းပါ။
အခု မင်း ကြီးလာပြီဖြစ်ပေမယ့်
မေမေအတွက်တော့
မင်းက အမြဲတမ်း မေမေရဲ့ ကလေးသားလေး ပါပဲ။
မေမေ မင်းရဲ့ အပြုံးကို ချစ်တယ်…
မင်းရဲ့ ရယ်သံကို ချစ်တယ်…
မင်းရဲ့ အသံကို ချစ်တယ်…
ဒါပေမယ့် အားလုံးထက်ပိုပြီး
မင်းက မေမေရဲ့ သားလေးဖြစ်နေတာကိုပဲ
အရမ်းချစ်တယ်။

MR SANG

#

09/12/2025

အဖေက ကလေးကို ချစ်ပေမယ့်
ကလေးအတွက် တစ်ညလုံး မအိပ်တဲ့ အဖေက ရှားတယ်။

အမေက စိတ်တိုလွယ်တယ်၊
ဒါပေမဲ့ မနက်မိုးလင်းထိ ကလေးနဲ့အတူ ရှိတယ်။

လူတွေက အမေဒေါသထွက်တာကိုပဲ မြင်တယ်။ ကလေးကို ပြုစုစောင့်ရှောက်ချိန် သူ ပင်ပန်းနွမ်းနယ်တာ၊ စိုးရိမ်ပူပန်တာကိုတော့ သတိမထားမိတတ်ဘူး။

သူ့ကို နားလည်ပြီး နှစ်သိမ့်တာမျိုးလည်း မရှိဘူး။

လူအများက အမေတွေအပေါ် မျှော်လင့်ချက်တွေ အမြင့်ကြီး ထားကြတယ်။

ကလေးကို ပြုစုစောင့်ရှောက်တတ်ရမယ်၊
နူးညံ့သိမ်မွေ့ရမယ်၊
ကြော့ရှင်းပြီး အိမ်မှုကိစ္စမှာလည်း ကျွမ်းကျင်ရမယ်။

အမေဆိုတာ စူပါဟီးရိုး မဟုတ်ပါဘူး။

သူလည်း တစ်ချိန်က တစ်စုံတစ်ယောက်ရဲ့ လက်ဖဝါးထဲ ဖူးဖူးမှုတ်ခံထားရတဲ့ အဖိုးတန်သမီးလေး ပါ။

ကိုယ့်မိန်းမကို ဘယ်တော့မှ မနှိမ်ပါနဲ့။

အမျိုးသမီးတိုင်းဟာ ကလေးမရှိရင် ငွေရှာနိုင်တယ်။ ဒါပေမဲ့ ကလေးနဲ့ မိသားစုကို သူ့လောက် ဘယ်သူမှ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး။

သူ့ရဲ့ ကိုယ်ကျိုးမငဲ့မှုနဲ့ ကြီးကျယ်မြင့်မြတ်မှုက ဘယ်အရာနဲ့မှ လဲလို့ မရနိုင်ပါဘူး။


💞
:နိုင်းနိုင်းစနေ

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เว็บไซต์

ที่อยู่


Bangbon
Bangkok

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Sein Sein โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok