TeleHealth Consult

TeleHealth Consult

แชร์

ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก TeleHealth Consult, สุขภาพ/ความงาม, Bangkok

08/05/2026

HantaVirus သတိပေးချက်-ခရီးသွားရာမှတစ်ဆင့် ကူးစက်မှုများ တွေ့ရှိ ☢️

🚢 ၂၀၂၆ ခုနှစ်၊ မေလဆန်းပိုင်းမှာ ပင်လယ်ကူးအပန်းဖြေသင်္ဘောတစ်စီးပေါ်က ခရီးသည်တွေမှာ Hantavirus ကူးစက်မှုတွေ စတင်တွေ့ရှိခဲ့ပါတယ်။

📊 လက်ရှိအချိန်ထိ စုစုပေါင်း လူနာ (၇) ဦး တွေ့ရှိထားပြီး (၃) ဦး သေဆုံးခဲ့ပါတယ်။ လူနာတစ်ဦးမှာ တောင်အာဖရိကနိုင်ငံတွင် အထူးကြပ်မတ်ကုသဆောင် (ICU) ထဲမှာ ရှိနေပါတယ်။

🐀 Hanta Virus ဆိုတာဘာလဲ?
* ကြွက်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ ပြင်းထန်အဆုတ်ရောဂါ (Hantavirus Pulmonary Syndrome) တစ်မျိုး ဖြစ်ပါတယ်။

🦠 ဘယ်လိုကူးစက်သလဲ?
• ကြွက်ရဲ့ အညစ်အကြေး (ကျင်ငယ်ရေ၊ မစင်၊ တံတွေး) တွေကနေတစ်ဆင့် ကူးစက်ပါတယ်။
• ကြွက်ချေးတွေရှိတဲ့ နေရာကို လှည်းကျင်းရာကနေ ထွက်လာတဲ့ ဖုန်မှုန့် (Aerosolized particles) တွေကို ရှူမိရာကနေ အဓိက ကူးစက်တတ်ပါတယ်။
• ကြွက်ကိုင်မိခြင်း ဒါမှမဟုတ် ကြွက်ကိုက်ခံရခြင်းကြောင့်လည်း ကူးစက်နိုင်ပါတယ်။

🤒 ဘယ်လိုလက္ခဏာတွေ ပြသလဲ?
စတင်ကူးစက်ပြီး ၁ ပတ်ကနေ ၈ ပတ်အတွင်း လက္ခဏာပြတတ်ပါတယ်။
1. အစောပိုင်းလက္ခဏာ: ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း (အထူးသဖြင့် ပေါင်၊ ခါးနှင့် ပခုံး)၊ ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ဝမ်းလျှောခြင်း။
2. ပြင်းထန်နောက်ဆက်တွဲလက္ခဏာများ : အသက်ရှူရ ခက်ခဲလာခြင်း၊ အဆုတ်ထဲ ရေဝင်ခြင်းနှင့် ချောင်းဆိုးခြင်း။ (ဒီအဆင့်ရောက်ရင် အလွန်အန္တရာယ်များပါတယ်။)

🚫 ကာကွယ်ဆေး၊ကုသဆေး သီးသန့်မရှိတာမို့ ရောဂါမကူးစက်အောင် ကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။

🛡️ ဘယ်လိုကာကွယ်မလဲ?
• အိမ်တွင်း ကြွက်မခိုအောင် ရှင်းလင်းပါ: အစားအစာများကို လုံခြုံစွာ သိမ်းဆည်းပါ။
• သန့်ရှင်းရေးလုပ်တဲ့အခါ သတိထားပါ: ကြွက်ချေးရှိနိုင်တဲ့ နေရာတွေကို ဖုန်ထအောင် မလှည်းပါနဲ့။ ပိုးသတ်ဆေးဖျန်းပြီးမှ စိုစွတ်တဲ့နည်းနဲ့ သန့်ရှင်းရေးလုပ်ပါ။
• လက်ကို စင်ကြယ်အောင်ဆေးပါ: ကြွက်ရှိနိုင်တဲ့ နေရာတွေကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးပါ။ နှာခေါင်းစည်း (Mask) တပ်ပါ:

🚨 Hanta Virus က လူတစ်ယောက်နဲ့တစ်ယောက် ကူးစက်ဖို့ ခဲယဉ်းပေမယ့် ကြွက်နဲ့ အညစ်အကြေးတွေကိုတော့ အထူးသတိထား ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။
လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝန်း ကူးစက်ပြန့်ပွားနိုင်ခြေကတော့ "အလွန်နည်းပါး" တယ်လို့ WHO က သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။

21/04/2026

စိတ်ပညာရှင်တွေနဲ့ ကုထုံးပညာရှင်တွေ လက်တွေ့အသုံးချနေတဲ့ (Auto-suggestion လိုပဲ) ရိုးရှင်း၊ထိရောက်ပြီး လူတိုင်းသုံးနိုင်တဲ့ နည်းလမ်းတွေရှိပါသေးသဗျ။

Cognitive Reframing လို့ခေါ်တဲ့ အတွေးပုံစံ ပြောင်းလဲတာ (ကိုယ်တွေးနေကျ Negative အတွေးတခုကို အချက်အလက်အသစ်တွေနဲ့ အပြု သဘောဘက် ကနေ ပြန်တွေးကြည့်တာ)၊ The "5-Second Rule" (၅ စက္ကန့် နည်းဥပဒေ) လို့ခေါ်တဲ့ တခုခုလုပ်ဖို့ ပျင်းနေ၊ ကြောက်နေတဲ့အခါမျိုးမှာ စိတ်ထဲကနေ ၅ - ၄ - ၃ - ၂ - ၁ လို့ ပြောင်းပြန်ရေတွက်ပြီးတာနဲ့ ချက်ချင်းထလုပ်လိုက်တာ၊စသဖြင့် များစွာရှိတဲ့အထဲကမှ ပိုပြီးထိရောက်မယ်လို့ ယူဆတဲ့ Box Breathing (စတုရန်း ပုံစံ အသက်ရှူနည်း)ဆိုတာလေး ပြောပြချင်ပါတယ်။

ဒါက အမေရိကန် Navy SEALs တွေနဲ့ စိတ်ပညာရှင်တွေ အသုံးများတဲ့ စိတ် တည်ငြိမ်အောင် လုပ်တဲ့နည်းလမ်းတခုလို့လည်းဆိုပါတယ်။
ကြာချိန် (၁၆) စက္ကန့် ပါပဲ။
1. ၄ စက္ကန့်ကြာအောင် အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းပါ။
2. ၄ စက္ကန့်ကြာအောင် အသက်ကို အောင့်ထားပါ။
3. ၄ စက္ကန့်ကြာအောင် ပါးစပ်ကနေ လေပြန်ထုတ်ပါ။
4. ၄ စက္ကန့်ကြာအောင် အသက်မရှူဘဲ ခေတ္တရပ်ထားပါ။

ဒါကိုမှ များတယ် ထင်သေးရင် ၃-၃-၃-၃ စက္ကန့်လုပ်ပါ။ စကွဲယားလို ညီနေဖို့တော့ လိုတာပေါ့။ အကျိုးရလဒ်ကတော့ အာရုံကြောစနစ်ကိုချက်ချင်း အေးချမ်း သွားစေလို့ ဒေါသထွက်နေချိန် ၊ စိုးရိမ်ပူပန်နေချိန်တွေမှာ အလွန်ထိရောက်တယ် ဆိုပါတယ်။

ပိုပြီးထိရောက်ချင်ရင် ဒီနည်းလမ်းကို Visualization (ပုံဖော်ခြင်း) နဲ့ ပေါင်းစပ် လိုက်ပါလို့ ဆိုပါတယ်။ အသက်ရှူနေတုံးမှာ စတုရန်းပုံစံ အကွက် တခုရဲ့ အနားလေးဖက်ကို စိတ်-မျက်လုံးထဲမှာ တခုခြင်း ဆွဲကြည့်ရမှာဖြစ်ပါတယ်။ အနားတစ်ဖက်ချင်းစီအတွက် ၄ စက္ကန့်စီ သတ်မှတ်ပြီး ပတ်ချာလည် အသက် ရှူသွားတာမျိုးပေါ့။

လေကိုပြန်ထုတ်တဲ့အခါမှာ ပါးစပ်ကနေ မျှဉ်းမျှဉ်းလေးနဲ့ မှုတ်ထုတ်သလိုမျိုး ခပ်ဖြည်းဖြည်းချင်း ထုတ်ပေးရင် ခန္ဓာကိုယ်ရဲ့ အနားယူစနစ် Vagus Nerve ကို ချက်ချင်း Activation ဖြစ်စေတယ်လို့ဆိုပါတယ်။

ဒီနည်းကို နေ့စဉ်ပုံမှန်အချိန်တွေမှာပါ ပျိုးထောင်ထားရင် ပိုထိရောက်မယ်လို့ ဆိုတယ်။ ဥပမာ-မနက်ခင်း အလုပ်မစခင် စိတ်အာရုံ စုစည်းဖို့အတွက် ၃ ကြိမ် ခန့် လုပ်တာ။ အလုပ်တခုပြီးလို့ နောက်အလုပ်တခု မစခင် စိတ်ကို Reset ချတဲ့အနေနဲ့ သုံးတာမျိုးပါ။ ညအိပ်ရာဝင်ချိန်ဦးနှောက် ထဲက အတွေးတွေကို ရပ်တန့်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် စေဖို့လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

တခု သတိပြုဖို့ ရှိတာက အသက်ရှူသွင်းတဲ့အခါ ရင်ဘတ်နဲ့တင် မဟုတ် ဘဲ ဝမ်းဗိုက် အတွင်း စည်းခြားပေးထားတဲ့ ဒိုင်ယာဖရမ် (Diaphragm) ကြွက်သား ကိုပါ သုံးပြီး ရှူသွင်းကြည့်ဖို့ပါ။ ဒါက အာရုံကြောစနစ်ကို ပိုမိုမြန်ဆန်တဲ့နူန်းနဲ့ တည်ငြိမ်မှုရစေတယ်လို့ဆိုပါတယ်။

စမ်းသပ်ပြီးလို့ လက်တွေ့ ထူးခြားတာ (ဥပမာ-စိတ်ငြိမ်သက်သွားတာမျိုး)ကို သတိပြုမိရင် ပြန်ပြောပြကြဦး ☺️😊

ဆြာကြီးဦးကျော်ဆန်း

Photos from TeleHealth Consult's post 20/04/2026

ပြင်သစ် ဆေးပညာရှင် အမလီကွေး (Émile Coué) က လူနာတွေကို ဆေးပေးတဲ့အခါ "ဒီဆေးက အရမ်းကောင်းတယ်၊ ခင်ဗျား မကြာခင် နေကောင်း လာလိမ့်မယ်" ဆိုတာမျိုး အပြုသဘော စကားတွေကို ပြောပြီးမှ ဆေးပေးလေ့ ရှိတတ်တယ်ဆိုသဗျ။(၂၀-ရာစု အစောပိုင်းကာလ)။ ရလဒ်က လူနာ အများစု ရောဂါ သက်သာ၊ ပျောက်ကင်းကုန်တာပါပဲ။

ဆေးပညာက ဒါကို Placebo Effect (ဆေးအတု၏ အစွမ်း)လို့ သုံးတယ်။လူနာတစုကို ဆေးအစစ်ပေးပြီး၊ နောက်တစုကို (ဆေးအတု) placebo (=to please) ကိုပေးပြီး စမ်းသပ်ကြည့်ကြတယ်။ ဆေးအတုပေးတဲ့အခါ ဒါက ရောဂါပျောက်ကင်းစေမယ့် ဆေးအစစ်လို့ ယုံကြည် အောင် လုပ်ပြီးမှပေးတယ်။ ရလဒ်က ဆေးအတုသောက်တဲ့သူတွေရဲ့ ရောဂါကလည်း သိသိသာသာ သက်သာလာတာကို တွေ့ခဲ့ကြရတယ်။

လူတယောက်က အချက်အလက်တခုကို အာရုံစိုက်ပြီး ထပ်ပြန် တလဲလဲ ပြောဆိုမယ်၊ တွေးတောမယ် ဆိုရင် အဲ့ဒီအချက်က သူ့ရဲ့မသိစိတ်ထဲမှာ အမြစ်တွယ်သွားတယ်လို့ဆိုပါတယ်။ နောက်ပိုင်းမှာ စိတ်ပညာရှင်တွေက Auto-suggestion ဆိုတဲ့ ဝေါဟာရကို သုံးပြီး လက်တွေ့အသုံးချလာကြတယ်။

လူ့ခန္ဓာက အိပ်ပျော်ခါနီးအချိန်တွေမှာ သိစိတ်ရဲ့ ခုခံမှု လျော့နည်း ကျဆင်းသွားတယ်လို့ဆိုတယ်။ (ဒါ့ကြောင့် စစ်မေးစရာ ရှိရင် အိပ်ရေးပျက်၊ အိပ်ချင် လာအောင်လုပ်ပြီးမှ စစ်မေးကြတာ😩🤫)။

ဒီတော့ အိပ်ပျော်လုလု အချိန်တွေမှာ ပေးလိုက်တဲ့ suggestion တွေကမသိစိတ်ထဲကို တိုက်ရိုက်ရောက်သွားပြီး လက်တွေ့ဘဝရဲ့ ပြုမူဆောင်ရွက်ပုံ တွေကိုပါ ပြောင်းလဲပစ်နိုင်တယ်လို့ဆိုပါတယ်။

ဒါကို ငါ-မလုပ်နိုင်ဘူးလို့ ခဏခဏ တွေးနေရင် တကယ်ပဲ ဦးနှောက်က အဖြေရှာဖို့ ရပ်တန့်သွားလိမ့်မယ် ။ ပြောင်းပြန် ပြောရရင် ငါ့မှာ ဒါကို ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိတယ်လို့ ညွှန်းခဲ့ရင် (suggestion လုပ်ရင်) ဦးနှောက်က လမ်းစတွေကို ရှာဖွေလာလိမ့်မယ်လို့ ဆိုပါတယ်။

စိတ်က ရုပ်ကို လွှမ်းမိုး အုပ်စိုးတယ် မဟုတ်လားဗျာ။ ဒီတော့ စိတ်ဓာတ်
တက်ကြွအောင် ညွှန်းဆိုပေးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်နဲ့ နာကျင် မှု ခံနိုင်ရည်ကိုပါ တက်ကြွစေလိမ့်မယ် ဆိုပါသဗျ။ လက်ဝှေ့ကျော် မုဟာမက်အလီ Muhammad Ali က ပွဲမစခင် ကတည်းက "I am the greatest" လို့ ကမ္ဘာကိုရော၊ သူ့ကိုယ်သူပါ အမြဲပြောလေ့ရှိတာက autosuggestion ပဲလို့ ဆိုရဲ့ဗျာ။

မနက်နိုးနိုးချင်း အချိန်နဲ့ ညအိပ်ခါနီး (မသိစိတ် ပွင့်နေချိန်) အချိန်တွေက မိမိကိုယ်ကို လမ်းညွှန်မှု (Auto-suggestion) လုပ်ဖို့ အကောင်းဆုံးအချိန် တွေလို့ ဆိုကြကြောင်းပါဗျာ☺️

ဆြာကြီးဦးကျော်ဆန်း

14/04/2026

မြန်မာ့ရိုးရာ နှစ်ကူးအတာသင်္ကြန် အချိန်အခါသမယတွင် နိုင်ငံတကာရောက် မြန်မာပြည်သူ/သားအပေါင်း အေးချမ်းသာယာရှိကြပါစေကြောင်း TeleHealth Consult မှ ဆုမွန်ကောင်းတောင်းအပ်ပါသည် 😍

11/04/2026

ပြည်ပရောက်မြန်မာများအတွက်သတင်းကောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုင်ငံခြားမှာ ပညာသင်နေသူများ၊ မိသားစုအတွက် စီးပွား​ရှာနေကျသော မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု့အတွက် မြန်မာအထူးကုဆရာဝန်ကြီးများ နှင့် အွန်လိုင်းမှ တိုင်ပင်ဆွေးနွေးကုသမှု့ခံယူလိုပါက TeleHealth Consult ကို ဆက်သွယ်နိုင်ပါသည်။

Photos from TeleHealth Consult's post 03/04/2026

စိတ်ပညာရှင် Alfred Adler ရဲ့ အယူအဆအရ Self-inferiority mindset ရှိသူတွေက သူ့တို့ ရဲ့သိမ်ငယ်ငယ်စိတ်ကို ဖုံးကွယ်ဖို့ အလွန်အမင်း ရှောင်ဖယ်ခြင်း ၊ နဲ့ အလွန်အမင်း ထက်မြက်ပြခြင်း ဆိုတဲ့ အစွန်းနှစ်ဖက်နဲ့ တုံ့ပြန်တတ်ကြတယ်လို့ ဆိုပါတယ်။

သူတပါးထက် ပိုတော်ကြောင်း၊ ပိုသိကြောင်း အမြဲတမ်း သက်သေပြချင်နေတော့ ရန်လိုတဲ့ (Aggressive) ပုံစံမျိုးတွေလည်း သူ့တို့ထံမှာ တွေ့ရနိုင်တယ် ဆိုတယ်။ အားငယ်စိတ်ကနေ ဖြစ်လာတဲ့ အထက်တန်းကျလိုစိတ်ကြောင့် (ပြိုင်ဖက်လို့ ထင်နေသူတွေနဲ့) အမြဲတမ်း ပြိုင်ဆိုင် နေတတ်တယ်။

တခြားသူရဲ့ ကောင်းကွက်ကို ဖုံးကွယ်ဖို့ ကြိုးစားမယ်၊သတင်း အချက် အလက်သိခဲ့တာရှိရင် တဦးတည်း ဆုပ်ကိုင်ထားမယ်၊ စတာမျိုးတွေကြောင့် အစုအဖွဲ့မှာလာ်း သဟဇာတ ဖြစ်မှုကို ပျက်စီးစေတယ်လို့ ဆိုတယ်။

သတိပြုစရာ တခုက (Alfred Adler ရဲ့ အဆိုအရ) လူတိုင်းမှာ အားငယ် စိတ် (Inferiority) အနည်းနဲ့အများ ရှိတတ်တယ်။ ဒါကို ကျော်လွှားပြီး ပိုတော်အောင် ကြိုးစားရင် ခွန်အားဖြစ်စေပြီး၊ ဒီစိတ်ထဲမှာပဲ နစ်မွန်းနေရင်တော့ "Complex" (စိတ်ရောဂါစု) ဖြစ်သွားနိုင်တယ်ဆိုပါတယ်။🤔

ယဉ်ကျေးသိမ်မွေ့တယ်လို့ အများက သတ်မှတ်ထားတဲ့ သူတယောက်ကလည်း ပြင်းထန်တဲ့ဖိအား (Stress) အောက်မှာ၊ ဒါမှမဟုတ် တယောက်ယောက် ရဲ့ စော်ကားမှု ခံရတဲ့ အခါ ထင်မှတ်မထားတဲ့ ကြမ်းတမ်းမှုမျိုးနဲ့ တုံ့ပြန်တာမျိုး ဖြစ်တတ်ပါတယ်။

ဒါက ငုပ်လျှိုးနေတဲ့ အငုံစိတ် Latent Aggression ကြောင့်ဖြစ်ရတာပါ။ အငုံစိတ် Latent Mind ဆိုတာက အောင်း နေတဲ့ စိတ် (သစ်စေ့လိုအရာ) သာဖြစ်ပြီး အခြေအနေ ပေးလာတဲ့အခါ၊ လှုံ့ဆော် မှုနဲ့ ကြုံရတဲ့အခါမှ ပြင်ပကို လက်တွေ့လုပ်ဆောင် ချက် (Action) အနေနဲ့ ထွက်လာတာမျိုး ဖြစ်တယ်ဆိုရဲ့ဗျာ။

ကျုပ်တို့ရွာက လူတွေမှာ ဖြစ်နေတာက latent mind လား? inferiority mind လား? ခွဲခြားကြည့်နေမိလို့ပါ🤫

ဆြာကြီးဦးကျော်ဆန်း

02/04/2026

ကလေးတွေကို တစ်နေ့ ၁၅မိနစ်လောက် အချိန်ပေးပြီး အာရုံစိုက် ကစားပေးခြင်းဟာ ကလေးငယ်များရဲ့ ဦးနှောက် ဖွံ့ဖြိုးမှုကို သိသိသာသာ အားကောင်းစေပါတယ်။ 👦🧠👧🧠

ရိုးရှင်းတဲ့ ကစားနည်းများဟာ ကလေးရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်း၊ ဘာသာစကား နဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာ စွမ်းရည်များကို မြှင့်တင်ပေးနိုင်ပါတယ်။ 😇😇

ဖခင်များ တက်ကြွစွာ ပါဝင်ဆော့ကစားပေးခြင်းဟာလဲ ကလေးများရဲ့ စိတ်ခံစားမှု ၊ ထိန်းချုပ်မှု နဲ့ လူမှုဆက်ဆံရေး ကို ပိုခိုင်မာစေနိုင်ပါတယ်။🧓🔺⏫

ဒီဆက်သွယ်မှု အခိုက်အတန့်လေးတွေဟာ ကလေးတစ်ဦးရဲ့ ခံနိုင်ရည်အား နဲ့ ရေရှည်ဘဝ သာယာဝပြောရေး အတွက် အဓိက အခြေခံအုတ်မြစ် ဖြစ်တာကြောင့် သင့်ကလေးငယ်တွေကို အချိန်ပေးဖို့ မမေ့ကြပါနဲ့ 👨‍⚕️🩺

21/03/2026

တချို့လူတွေ ညဘက်မှာ လေအောင့်သလို ခံစားရတာဘာလို့လဲ?

ညစာစားပြီးတဲ့နောက် အိပ်ရာဝင်ခင်နီးအချိန်ဆို မျက်လုံးမှိတ်ပြီးတော့ အိပ်လို့မရလောက်အောင် လေအောင့်သလို ခံစားဖူးကြတယ်မလား။ လေအောင့်တာက သက်တောင့်သက်သာမဖြစ်တဲ့အတွက် အိပ်ရာထဲမှာပဲ အိပ်လို့မရအောင် လူးလိမ့်နေရကြရမှာပါ။ ဘာလို့ အခုလိုဖြစ်ရတာလဲ။ လူအများစုက နေ့ခင်းဘက်ထက် ညဘက်တွေမှာ လေအောင့်သလို ခံစားကြရပါတယ်။ လေအောင့်သလိုခံစားရရင် မစိုးရိမ်ပါနဲ့။ တခြားသူတွေလည်း သင့်လိုပဲ ဖြစ်ကြပါတယ်။ ညဘက် လေအောင့်သလိုခံစားရတာက အောက်မှာ ဖော်ပြထားတဲ့ အကြောင်းအရင်း (၃) ခုကြောင့်ဖြစ်နိုင်ပါတယ်။

အကြောင်းအရင်း (၁)

ခန္ဓာကိုယ်မှာ ဂတ်စ်ဖြစ်တည်နေတာက သာမန်ပါပဲ။ အစာခြေဖျက်နိုင်ဖို့အတွက် ကူညီပေးတဲ့ အူလမ်းကြောင်းမှာ ရှိတဲ့ ဘတ်တီးရီးယားတွေက ကျွန်တော်တို့ရဲ့အစာခြေစနစ်မှာ တစ်နေ့တာလုံး ဂတ်စ်တွေထုတ်ပေးပါတယ်။ တချို့ဂတ်စ်တွေကို ဘတ်တီးရီးယားတွေကို စုပ်ယူပြီး တချို့ကတော့ ခန္ဓာကိုယ်ကနေ လေလည်ခြင်းဖြင့် ဂတ်စ်တွေကို ဖယ်ရှားပေးပါတယ်။ ထမင်းအများကြီးစားပြီးတဲ့နောက်မှာ ဂတ်စ်ထုတ်တဲ့ဖြစ်စဉ်က အရှိန်မြှင့်လာပါတယ်။ ဒါကြောင့် တချို့လူတွေက သင့်တစ်နေ့တာမှာ ညစာကို ပိုစားဖြစ်တယ်ဆိုရင် ညဘက်မှာ အဆက်မပြတ်လေအောင့်သလိုခံစားရမှာဖြစ်ပါတယ်။

အကြောင်းအရင်း (၂)

ညစာကို ပေါ့ပေါ့ပါးပါးစားရင်တောင် တစ်နေ့တာလုံးအတွက် ဂတ်စ်ဖြစ်တည်မှုက ညဘက်မှာ သင့်ကို လေပွသလိုခံစားရစေပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ gut bacteria တွေက အစာကို လုံးဝချေဖျက်ပေးဖို့အတွက် (၆) နာရီလောက်အချိန်ယူရပါတယ်။ ဒါကြောင့် သင်က လွန်ခဲ့တဲ့ (၆) နာရီမှာ စားခဲ့တဲ့အစားအစာကြောင့် သင်က လေပွသလိုလေအောင့်သလို ခံစားရတာဖြစ်နိုင်ပါတယ်။

အကြောင်းအရင်း (၃)

အမျှင်ဓာတ်မြင့်မားတဲ့ အစားအစာတွေကလည်း လေအောင့်ခြင်းနောက်ကွယ်က အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ အဲဒီအစားအစာတွေက အစာခြေဖျက်ဖို့အတွက် အချိန်ယူရပြီး လေအောင့်စေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေက အစာခြေစနစ်အားကောင်းစေဖို့အတွက် အရေးကြီးပေမဲ့ ကျွန်တော်တို့ခန္ဓာကိုယ်က အမျှင်ဓာတ်ကို မချေဖျက်နိုင်တဲ့အတွက် ဒီလုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့အတွက် gut bacteria တွေပေါ်မှီတည်နေရတာကြောင့်ဖြစ်ပါတယ်။

ဒီအခြေအနေကို ဘယ်လိုကာကွယ်မလဲ
လေအောင့်ခြင်းမဖြစ်အောင် ကာကွယ်ဖို့အတွက် နည်းလမ်း (၃) ခုရှိပါတယ်။

အိပ်ရာမဝင်ခင် မိနစ် (၂၀) လောက် လမ်းလျှောက်ပါ။

ညစာစားပြီးတာနဲ့ တချို့ဆို အိပ်ရာထဲတန်းဝင်ကြပါတယ်။ တကယ်တော့ ကောင်းကောင်းအိပ်စက်နိုင်ဖို့အတွက် ညစာစားပြီးရင် အနည်းဆုံး မိနစ် (၂၀) လောက်လမ်းလျှောက်ပေးပါ။

ရေများများသောက်ပါ။

တစ်နေ့တာလုံး ရေနည်းနည်းပဲ သောက်ထားရင် ညဘက်တွေမှာ ဒုက္ခရောက်နိုင်ပါတယ်။ ဒါကြောင့် အစာချေဖျက်နိုင်ဖို့နဲ့ အာဟာရဓာတ်တွေ ပိုစုပ်ယူနိုင်ဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။

ညစာစားချိန်နောက်မကျပါစေနဲ့။

ညစာစားချိန်ကို အရမ်းကြီးနောက်မကျသင့်ပါဘူး။ ဒါက အစာခြေစနစ်မှာ ဂတ်စ်တွေတိုးလာစေပါတယ်။ ဒါကို ကာကွယ်ဖို့အတွက် ညစာမစားခင်မှာ တစ်ခုခုစားပေးသင့်ပါတယ်။

Ref: Why do some people feel extra gassy at night

Team (ရိုးရာလေး)

21/03/2026

﷽

𝙀𝙞𝙙 𝙈𝙪𝙗𝙖𝙧𝙖𝙠

ယနေ့ကျရောက်သော အီးဒ်နေ့ အခါသမယမှ သည် အစ္စလာမ်ဘာသာဝင်များနှင့်တကွ မြန်မာပြည်သူ/သားအပေါင်း ဘေးဘယာများကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၊ သောကဟူသမျှ ကင်းဝေးကြပါစေ... ငြိမ်းချမ်းသာယာမှု အပေါင်း ခညောင်းကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

TeleHealth Consult

Photos from TeleHealth Consult's post 19/03/2026

အစာခြေ လမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လို ကာကွယ်ကြမလဲ?

အစာခြေလမ်းကြောင်း ဆိုတာ ပါးစပ်၊ လည်မျို ကစ အစာအိမ်၊ အူနဲ့ စအို အဆုံး လမ်းကြောင်းတစ်လျှောက်ကို ခေါ်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အစာခြေလမ်းကြောင်းမှာ အဖြစ်များတဲ့ peptic ulcer လေးအကြောင်းကို မျှဝေပေးသွားမှာပါ။ peptic ulcer မှာ အဓိကအားဖြင့် အစာအိမ်အနာဖြစ်ခြင်း (gastric ulcer) နဲ့ အူသိမ်ဦးပိုင်းအနာ ဖြစ်ခြင်း (Duodenal ulcer) ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။

အစာအိမ်အနာ နဲ့ အူသိမ်ဦးပိုင်းအနာတွေဟာ ကို ဖြစ်စေသော အကြောင်းအရင်းများ -

ဒီအစာခြေလမ်းကြောင်းအနာနှစ်မျိုးဟာ H.Pylori လို့ခေါ်တဲ့ ဘက်တီးရီးယား ပိုးတစ်မျိုးကြောင့် အများဆုံး ဖြစ်တတ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ အစာအိမ်နဲ့ အူနံရံတွေမှာ အစာခြေဖို့အတွက် ထုတ်လိုက်တဲ့ အက်ဆစ်တွေကို ကာကွယ်နိုင်ဖို့အတွက် ထူထဲတဲ့ mucous အလွှာလေးတွေရှိပါတယ်။ အဲဒီအလွှာလေးတွေက ပါးသွားပြီး မကာကွယ်နိုင်တော့တဲ့အခါ အနာတွေဖြစ်လာပါတယ်။ များသောအားဖြင့် အစာအိမ်အနာတွေက အဲလို အကာကွယ်ပေးနိုင်မယ့် အလွှာလေးတွေကို အားနည်းစေတဲ့ အချက်တွေ (ဥပမာ- H.pylori ပိုးဝင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံသောက်ခြင်း စတာတွေ) ကြောင့် အဖြစ်များပါတယ်။

အူသိမ်ဦးပိုင်းအနာကတော့ အကာကွယ်ပေးမယ့်အလွှာလေးက ကောင်းမွန်နေပေမယ့် အက်ဆစ်တွေ အထုတ်များတာကြောင့် ဖြစ်လေ့ရှိပါတယ်။ အဲ့ဒါကြောင့် အက်ဆစ်အထုတ်များစေနိုင်တဲ့ H.pylori ပိုးဝင်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ နဲ့ အက်ဆစ်အထုတ်များစေတဲ့ hyperparathyroidism, Zollinger Ellison’s Syndrome စတဲ့ ရောဂါမျိုးရှိတဲ့ သူတွေမှာ အူသိမ်ဦးပိုင်းအနာ ဖြစ်လေ့ရှိပါတယ်။

ဘယ်လို လူတွေမှာ ပိုဖြစ်တတ်လဲ?။

အစာအိမ်အနာနဲ့ အူသိမ်ဦးပိုင်းအနာတွေဟာ လူငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုများသူများ၊ O သွေးပိုင်ရှင်များ၊ အစာစားချိန်မမှန်သူများ၊ အပူအစပ် နဲ့ အရက်သောက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ချေပိုများပါတယ်။

ရောဂါလက္ခဏာများ -

၁။ ဗိုက်နာခြင်း။

အစာအိမ်အနာနဲ့ အူသိမ်အနာတွေမှာ ဖြစ်တဲ့ ဗိုက်နာခြင်းမှာ ထူးခြားတဲ့ အချက် ၃ ချက်ရှိပါတယ်။

ဗိုက်နာတဲ့အခါမှာ ဗိုက်ရဲ့ အပေါ်ပိုင်းနဲ့ အလယ်ပိုင်း နေရာ (Epigastrium) မှာ နာလေ့ရှိပါတယ်။
ဗိုက်နာတာက အစားအသောက်နဲ့ ဆက်နွယ်မှုရှိတယ်။

နာတဲ့ အချိန်မှာ ဆက်တိုက်နာပြီး ကျန်တဲ့ကြားအချိန်တွေမှာ ပုံမှန်အတိုင်း နာကျင်မှုလုံးဝမရှိဘဲ လူကောင်းပကတိ ဖြစ်နေပါတယ်။
ကွာခြားချက်ကတော့ အစာအိမ်အနာကြောင့်ဖြစ်တဲ့ ဗိုက်နာခြင်းဟာ အစာစားပြီး (အထူးသဖြင့် ပူစပ်တဲ့ အစားအစာတွေစားပြီး) မိနစ်အနည်းငယ်အတွင်းမှာ နာတတ်ပါတယ်။ ဒါပေမယ့် အူသိမ်ဦးပိုင်းမှာ ဖြစ်တဲ့အနာကတော့ အစာမရှိရင်၊ ဆာရင် ပိုနာတတ်ပြီး အစာစားလိုက်ရင်သက်သာသွားလေ့ရှိပါတယ်။

၂။ အခြားရောဂါ လက္ခဏာများ။

ဗိုက်နာခြင်းအပြင် ပျို့အန်ခြင်း၊ အစာမကြေခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ရင်ပူခြင်းတွေလည်း ခံစားရနိုင်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ။

အနာပေါက်ထွက်သွားခြင်း၊ သွေးထွက်ခြင်း နဲ့ ကင်ဆာအဖြစ်ပြောင်းလဲသွားခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

နောက်ဆက်တွဲတွေဖြစ်လာတဲ့အခါမှာ ဝမ်းမည်းမည်းသွားခြင်း၊ သွေးအန်ခြင်း (သို့) ကော်ဖီရောင်အန်ခြင်း၊ သွေးအားနည်းခြင်း၊ မောခြင်း စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ?။

-Aspirin, ibuprofen စတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို မလိုအပ်ဘဲ ခဏခဏ သောက်တာကို ရှောင်ကြဉ်ပါ။

-အကိုက်ခဲ ပျောက်ဆေးတွေကို အချိန်အကြာကြီး မဖြစ်မနေ သောက်ရမယ့် သူတွေဆိုရင်လည်း ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ပြီး အစာအိမ်ကို ကာကွယ်ပေးတဲ့ ဆေးတစ်မျိုးမျိုးနဲ့ တွဲသောက်သင့်ပါတယ်။

-အပူအစပ်တွေ ရှောင်ပြီး ကျန်းမာရေးကောင်းစေတဲ့ အစားအစာတွေစားပါ။

-အရက်နဲ့ ဆေးလိပ်ကို တတ်နိုင်သလောက်ရှောင်ပါ။

-စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

-အစားအသောက်ကို အချိန်မှန်မှန် သတိထားပြီးစားပါ။

-H.pylori ပိုးကိုကာကွယ်နိုင်မယ့် တိကျသေချာတဲ့ နည်းလမ်းတော့ မတွေ့ရှိသေးပေမယ့် အခြား အစာခြေလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ ပိုးမွှားတွေကို ကာကွယ်တဲ့ နည်းလမ်းအတိုင်း မသန့်ရှင်းတဲ့ အစားအစာတွေကို ရှောင်ကြဉ်တာ၊ လက်ကို သေသေချာချာဆေးတာ၊ အစားအစာတွေကို ကျက်အောင် ချက်ပြီးမှ စားတာ စတဲ့ နည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

Hello Sayarwon

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เว็บไซต์

ที่อยู่


Bangkok

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ TeleHealth Consult โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok