Dr. Mya
သားဖွားနှင့် မီးယပ် ဆရာဝန် (OG)
15/03/2026
#မိခင်နို့_တိုက်ကျွေးခြင်း_၏_အကျိုးကျေးဇူးများ 🤱🍼
Breastfeeding သည် မိခင်နှင့် ကလေးနှစ်ဦးစလုံးအတွက် အလွန်အရေးကြီးပြီး ကျန်းမာရေးအကျိုးများစွာ ရှိပါသည်။
၁။ ကလေးအတွက် အကျိုးကျေးဇူးများ 👶
1. အာဟာရပြည့်ဝစေသည်
– မိခင်နို့တွင် ကလေးကြီးထွားရန်လိုအပ်သော protein, fat, vitamins များ ပါဝင်သည်။
2. ရောဂါကာကွယ်စေသည်
– မိခင်နို့တွင် antibodies ပါဝင်သောကြောင့် မကြာခဏဖျားခြင်း၊ အအေးမိခြင်း၊ ဝမ်းလျှောခြင်း စသည့်ရောဂါများကို ကာကွယ်ပေးသည်။
3. ဉာဏ်ရည်ဖွံ့ဖြိုးမှုကောင်းစေသည်
– မိခင်နို့သောက်သောကလေးများတွင် brain development ကောင်းတတ်သည်။
4. အစာလွယ်ကူစွာချေဖျက်နိုင်သည်
– Formula milk ထက် အစာကြေလွယ်သည်။
5. မိခင်နှင့် စိတ်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကောင်းစေသည်
– Bonding ပိုမိုကောင်းမွန်စေသည်။ ❤️
၂။ မိခင်အတွက် အကျိုးကျေးဇူးများ 👩
1. သားအိမ် မြန်မြန် ပြန်ကျစ်စေသည် Uterine contraction
– Delivery ပြီးနောက် uterus ကို မြန်မြန် ပြန်ကျစ်စေသည်။
2. မွေးဖွားပြီး သားအိမ်မှ သွေးယိုမှု လျော့နည်းစေသည် – postpartum bleeding ကို လျော့စေသည်။
3. ကင်ဆာအန္တရာယ် လျော့စေသည်
– Breast cancer နှင့် ovarian cancer ဖြစ်နိုင်ခြေကို လျော့စေသည်။
4. ကိုယ်အလေးချိန် လျော့စေသည်
– Pregnancy အတွင်းတက်လာသော weight ကို လျော့စေသည်။
5. ကုန်ကျစရိတ် သက်သာစေခြင်း
– Formula milk မလိုသောကြောင့် ပိုက်ဆံ ထပ်မံ မကုန်ကျသောကြောင့် အကျိုးရှိသည်။ 💰
၃။ အကောင်းဆုံးတိုက်ကျွေးချိန် ⏰
* မွေးပြီး ပထမ ၁ နာရီအတွင်း စတင်တိုက်ကျွေးသင့်သည်။
* ၆ လအထိ မိခင်နို့တမျိုးတည်းသာ (Exclusive breastfeeding) တိုက်ကျွေး ပေးသင့်သည်။
* ၆ လပြီးနောက် ဖြည့်စွက်စာ (complementary food) နှင့်အတူ ၂ နှစ်အထိ ဆက်တိုက်နိုင်သည်။
#ဒေါက်တာအိုဂျီ #မိခင်တို့တိုက်ကျွေးခြင်း
ဆီးချိုကျခြင်း (Hypoglycemia)ဆိုတာက သွေးထဲရှိ သကြားဓာတ် (blood sugar) ပမာဏ အလွန်နည်းသွားတဲ့အခြေအနေကို ဆိုလိုပါတယ်။
ဆီးချိုကျသော လက္ခဏာများ ⚠️
1. ခေါင်းမူးခြင်း 🤕
2. လက်တုန်ခြင်း / ကိုယ်တုန်ခြင်း
3. ချွေးအရမ်းထွက်ခြင်း💦
4. နှလုံးခုန်မြန်ခြင်း ❤️
5. ဗိုက်ဆာခြင်း အလွန်ဖြစ်ခြင်း 🍞
6. မောပန်းနွမ်းနယ်ခြင်း** 😵
7. မျက်စိမရှင်း / မျက်စိမှောက်သလိုဖြစ်ခြင်း 👀
8. စကားပြောရ ခက်ခဲခြင်း
9. စိတ်ရှုပ်ထွေးခြင်း / မူးဝေခြင်း
10. အဆိုးဆုံးမှာ သတိလစ်ခြင်း (coma) ဖြစ်နိုင် ⚠️
#ဆီးချိုကျလာလျှင်ဘာလုပ်ရမလဲ 🩺
* သကြားပါသော အစားအစာ ချက်ချင်းစားပါ
* သကြား 2–3 ဇွန်း
* သကြားရည် / soft drink
* သစ်သီးရည် 🍹
* 15 မိနစ်ခန့် စောင့်ပြီး ပြန်စစ်ကြည့်ပါ
* မတိုးတက်လျှင် ဆေးရုံသို့ သွားသင့်ပါတယ် 🏥
#ဒေါက်တာအိုဂျီ
အစားအစုံစားပါ။
ဖောလစ် အက်ဆစ်
"ကျွန်တော်နဲ့ ကျွန်တော့်ကောင်မလေးနဲ့က
လွန်ခဲ့ သော တစ်ပတ်က အတူနေဖြစ်ပါတယ်။
ဆရာညွှန်ကြားသော အရေးပေါ်ဆိုတာကို လည်း မြင်းပေါ်က ဆင်းပြီးပြီးချင်း ကျွန်တော် သောက်လိုက်ပါတယ်။
အဲ့ဒါ ကောင်မလေး က ဘာ သောက်ဖို့ လိုမလဲ ဆရာ ''
"ညီလေးရဲ့ ကောင်မလေးကတော့ ထွေထွေ ထူးထူး မလိုတော့ပါဘူး။
Obimin(အိုဘီမင်) တို့ ၊Fenza(ဖန်ဇာ) တို့ ပဲ သောက်ခိုင်းရတော့မှာ။
ကလေး ကျန်းမာအောင်ပေါ့။"
#ဒေါက်တာအိုဂျီ #အရေးပေါ်
07/03/2026
#မိခင်နို့တိုက်ခြင်း၏_အကျိုးကျေးဇူးများ
၁။ ကလေးအတွက် အကျိုးကျေးဇူးများ
1. အာဟာရပြည့်ဝမှု
* မိခင်နို့တွင် ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော protein, fat, carbohydrate, vitamin နှင့် mineral များ ပါဝင်သည်။
2. ရောဂါကာကွယ်မှု
* မိခင်နို့တွင် antibody (IgA) များ ပါဝင်သောကြောင့်
* ဝမ်းလျှောခြင်း 💧
* အအေးမိ / အသက်ရှူလမ်းကြောင်းရောဂါ 🤧
* နားရောင်ခြင်း
တို့ကို ကာကွယ်ပေးနိုင်သည်။
3. အစာချေ လွယ်ကူခြင်း
* မိခင်နို့သည် ကလေးအူလမ်းကြောင်းတွင် အလွယ်တကူ အစာချေနိုင်သည်။
4. ဉာဏ်ရည် ဖွံ့ဖြိုးမှု
* DHA နှင့် fatty acids များ ပါဝင်သောကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုကို ကောင်းစေသည် 🧠
5. Allergy နည်းစေခြင်း
* မိခင်နို့တိုက်သော ကလေးများတွင် asthma နှင့် allergy ဖြစ်နိုင်ခြေ နည်းသည်။
6. မိခင်နှင့် ကလေး ဆက်ဆံရေး ကောင်းမွန်မှု
* Skin-to-skin contact ကြောင့် bonding ပိုကောင်းစေသည် ❤️
-----------------------------------
၂။ မိခင်အတွက် အကျိုးကျေးဇူးများ
1. သားအိမ် မြန်မြန် ပြန်ကျုံ့ခြင်း Uterine contraction and involution
* နို့တိုက်ရာတွင် oxytocin hormone ထွက်လာပြီး postpartum bleeding ကို လျော့စေသည်။
2. ကိုယ်အလေးချိန် လျော့စေခြင်း Weight loss
* နို့ထုတ်ရန် energy အသုံးပြုရသောကြောင့် pregnancy weight လျော့နိုင်သည် ⚖️
3. ကင်ဆာ အန္တရာယ် လျော့စေခြင်း Reduce risks of certain cancers
* Breast cancer
* Ovarian cancer
* Endometrial cancer
ဖြစ်နိုင်ခြေကို လျော့စေသည်။
4. Lactational amenorrhea LAM
* နို့တိုက်နေစဉ် တိုက်ကျွေးခြင်းသည် သားဥ ကြွေခြင်းအား ဟန့်တားပေးသဖြင့် သဘာဝ မျိုးဆက်တားသဘော အနည်းငယ် ရှိသည်။(၆လ အထိသာ)
-----------------------------------
၃။ မိသားစုနှင့် လူမှုရေး အကျိုးကျေးဇူးများ
* ငွေကုန်ကျမှု သက်သာသည် 💰
* အမြဲ အသင့်ရှိသော သန့်ရှင်းသော အာဟာရ ဖြစ်သည်
* Infection ဖြစ်နိုင်ခြေ လျော့သည်
-----------------------------------
✅ WHO အကြံပြုချက်
* မွေးပြီး ပထမ ၆ လ အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ရန် အရေးကြီးပ့သည် (Exclusive breastfeeding)
* ထို့နောက် complementary food (ဖြည့်စွက် စာ) နှင့်အတူ ၂ နှစ်အထိ သို့မဟုတ် ပိုပြီး နို့တိုက်နိုင်သည်။
#ဒေါက်တာအိုဂျီ
#မိခင်တို့တိုက်ကျွေးခြင်း
07/03/2026
Membrane Sweeping ဆိုတာ ကိုယ်ဝန်ဆောင်တစ်ယောက် အပတ် ၄၀ ပြည့်သည်အထိ ဗိုက်မနာသေးရင် သဘာအတိုင်း ဗိုက်နာလာအောင် ပြုလုပ်သော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
ဆိုးကျိုးမရှိသလောက်နည်းပြီး ထိ ရောက်သော နည်းလမ်းဖြစ်ပါတယ်
ဘယ်လိုလုပ်သလဲ ဆိုတော့...
Cervix ထဲကို လက်တချောင်းထည့်ပြီး လက်ချောင်းအား ၃၆၀ ဒီဂရီ လှည့် ပေးရတာပါ။
အဲ့လို လှည့် လိုက်ရင် membrane က carvix မှ အနည်းငယ် ကွာပြီး PG ထွက် လာစေပါတယ်။
အဆင်ပြေကြပါစေ။
#ဒေါက်တာအိုဂျီ
အိပ်စက်ခြင်း (Sleep) ကို ထိန်းညှိပေးတဲ့ ဟော်မုန်းများ
🌙 1. Melatonin – “Sleep hormone”
* Pineal gland မှ ထုတ်လုပ်သည်
* အလင်းလျော့သွားတဲ့ညပိုင်းမှာ ထွက်လာသည်
* ကိုယ်ကို “အိပ်ချင်စိတ်” ဖြစ်စေပြီး circadian rhythm ကို ထိန်းညှိပေးသည်
* ည ၉–၁၁ နာရီအတွင်း စတင်မြင့်တက်လာတတ်သည်
* ဖုန်း/မီးပြောင် အလင်းပြင်းများကြောင့် လျော့နည်းနိုင်သည်
☀️ 2. Cortisol – “Stress / Awake hormone”
* Adrenal gland မှ ထုတ်လုပ်သည်
* မနက်စောစော (၆–၈ am) အမြင့်ဆုံး
* ကိုယ်ကို နိုးထစေသည်
* Stress များရင် ညပိုင်းတွင်လည်း မြင့်တက်နိုင်ပြီး အိပ်မပျော်စေတတ်သည်
😴 3. Adenosine
* ညပိုင်းတွင် အိပ်ချင်စိတ် ဖြစ်စေသည်
* ကော်ဖီ (Caffeine) က Adenosine receptor ကို တားဆီးသောကြောင့် အိပ်မပျော်စေသည်
😊 4. Serotonin
* Melatonin ဖြစ်လာဖို့ မူလအခြေခံ ဟော်မုန်း
* Mood ကောင်းစေသည်
* နေ့လယ်နေရောင်ခြည် ထိတွေ့မှုကြောင့် တိုးတက်လာသည်
💤 5. Growth Hormone (GH)
* Deep sleep (N3 stage) အတွင်း အများဆုံး ထွက်သည်
* ကိုယ်ခန္ဓာ ပြန်လည်ပြုပြင်ခြင်း၊ ကြွက်သားကြီးထွားမှုတွင် အရေးကြီးသည်
🔄 Circadian Rhythm (အိပ်–နိုး စက်ဝန်း)
* Hypothalamus ထဲရှိ Suprachiasmatic nucleus (SCN) က ထိန်းချုပ်သည်
* အလင်း/အမှောင် signal ကို ခံယူပြီး Melatonin ကို ထိန်းညှိသည်
📌 အိပ်မပျော်ခြင်းဖြစ်စေသော အကြောင်းများ
* Stress → Cortisol မြင့်
* ညအချိန် ဖုန်းအသုံးများ → Melatonin လျော့
* ညဘက် ကော်ဖီသောက်ခြင်း၊ လက်ဖက်စားခြင်း
✅ အိပ်ကောင်းအောင် လုပ်သင့်တာ
* ည ၁၀–၁၁ နာရီအတွင်း အိပ်
* အိပ်ခန်းကို မှောင်မိုက်စေ
* မအိပ်ခင် ၁ နာရီ ဖုန်းရှောင်
* မနက် နေရောင်ထိတွေ့ပါ
#ဒေါက်တာအိုဂျီ
ကိုယ်ဝန်ဆာင် အမျိုးသမီးတစ်ယောက်ဟာ ဘယ်အချိန် အထိ အလုပ် လုပ် လို့ ရပါသလဲ။
"အရှင်းဆုံးဖြေပါက မိမိခံနိုင်ရည် ရှိသည်အထိ လုပ်လို့ ရပါတယ်"
အချက် လက်ဖြင့် တိတိကျကျ ဖြေပါက ကိုယ်ဝန်လေးလံမှု၊ ကျန်းမာရေးအခြေအနေ၊ အလုပ်အမျိုးအစား** ပေါ်မူတည်ပြီး အလုပ်လုပ်နိုင်သည့် လအချိန် ကွာခြားပါတယ်။
🔹 ယေဘုယျအားဖြင့်
* ပုံမှန်ကျန်းမာရေးကောင်းပြီး ဘာမျှ ပြသနာ မရှိပါ
👉 ကိုယ်ဝန် ၈ လ (၃၂–၃၆ ပတ်) လောက်ထိ အလုပ်လုပ်နိုင်ပါတယ်။
* တချို့လူတွေကတော့ မွေးဖွားခြင်း မတိုင်ခင် အထိ (၃၈–၃၉ ပတ်) လည်း ပေါ့ပါးတဲ့အလုပ်တွေ ဆက်လုပ်နိုင်ပါတယ်။
🔹 အလုပ်အမျိုးအစားအလိုက်
✅ ပေါ့ပါးတဲ့အလုပ် (office work, စာရင်းရေး၊ သင်ကြားရေး)
* ၃၆ ပတ်ထိ လုပ်နိုင်တတ်ပါတယ်။
* ဒါပေမယ့် မကြာခဏ နားယူဖို့လိုပါတယ်။
⚠️ အလေးလံတဲ့အလုပ် (လယ်ယာ၊ ဆောက်လုပ်ရေး၊ အလေးချိန်မကြာခဏ မ/သယ်)
* ၆–၇ လနောက်ပိုင်းမှာ ရပ်သင့်ပါတယ်။
* Preterm labour ဖြစ်နိုင်ခြေ မြင့်နိုင်ပါတယ်။
❌ အန္တရာယ်ရှိသောအလုပ် (ဓာတုဆေး၊ အပူအအေးလွန်ကဲ၊ Radiation)
* အစောပိုင်းကတည်းက ရှောင်သင့်ပါတယ်။
🔹 အောက်ပါလက္ခဏာများ ရှိပါက အလုပ်ရပ်သင့်ပါတယ်
* ဗိုက်အောက်ပိုင်းနာကျင်ခြင်း
* သွေးယိုခြင်း
* ရေယိုခြင်း (PROM)
* ခေါင်းမူး၊ မျက်လုံးမမြင်ရှင်း
* ခြေထောက်အလွန်ဖောရောင်ခြင်း
* သွေးတိုး၊ ဆီးချို (GDM) မထိန်းနိုင်ခြင်း
🔹 အရေးကြီးသောအချက်များ
* နေ့စဉ် အလုပ်ချိန် ၈ နာရီထက်မပိုသင့်ပါ။
* အလေးချိန် ၅ ကီလိုထက် ပို မထမ်းသင့်ပါ။
* မကြာခဏ ထိုင်နေခြင်း၊ ရပ်နေခြင်းကို ရှောင်ပြီး ၁-၂ နာရီတစ်ကြိမ် လှုပ်ရှား
နားယူပါ။
* ရေများများ သောက်ပါ။(၂လီတာခန့်)
*အာဟာရ ပြည့်ဝစွာ စားပါ။
#ဒေါက်တာအိုဂျီ
#ဝမ်းချုပ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာဟာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ သုတေသနတွေအရ ကိုယ်ဝန်ဆောင်အမျိုးသမီး ၄၀% ခန့်မှာ ဝမ်းချုပ်တတ်ပြီး ၊ တချို့လေ့လာမှုတွေအရ ၆၀% အထိ ရှိနိုင်တယ်လို့ ဆိုပါတယ် ။
#ကိုယ်ဝန်ဆောင်ချိန်မှာ_ဘာကြောင့်ဝမ်းချုပ်တတ်သလဲ
အကြောင်းအရင်းများစွာ ရှိပါတယ် ။
(၁) ဟော်မုန်းအပြောင်းအလဲ - ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စတီရုန်း ဟော်မုန်း များလာတာကြောင့် အူလမ်းကြောင်း ကြွက်သားတွေ ပြေလျော့သွားပြီး အူလှုပ်ရှားမှု နှေးကွေးစေပါတယ် ။
(၂) သားအိမ်ကြီးလာခြင်း - ကလေးကြီးလာတာနဲ့အမျှ သားအိမ်က အူတွေကို ဖိအားပေးလာတဲ့အတွက် ဝမ်းသွားရခက်ခဲစေပါတယ် ။
(၃) လူနေမှုပုံစံ - ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု နည်းလာခြင်း၊ အမျှင်ဓာတ်နည်းတဲ့ အစားအစာတွေ စားမိခြင်းနဲ့ ရေလုံလောက်စွာ မသောက်ခြင်းတို့ကြောင့်လည်း ဝမ်းချုပ်တတ်ပါတယ် ။
(၄) အာဟာရဖြည့်စွက်ဆေးများ - ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးရတဲ့ သံဓာတ်အားဆေး ကလည်း ဝမ်းချုပ်စေတဲ့ အကြောင်းရင်း တစ်ခုဖြစ်ပါတယ် ။
#ကုသဖို့နှင့်ဆောင်ရန်များ
ဝမ်းချုပ်တာကို သက်သာစေဖို့ အောက်ပါအချက်တွေကို လုပ်ဆောင်ကြည့်ပါ။
၁။ အစားအသောက်နှင့် လူနေမှုပုံစံ ပြောင်းလဲခြင်း
· ရေများများသောက်ပါ - တစ်နေ့ကို ရေ ၁.၅ လီတာကနေ ၂ လီတာ (၈-၁၀ ခွက်) လောက် သောက်ပေးပါ ။
· အမျှင်ဓာတ် များများစားပါ - တစ်နေ့ကို အမျှင်ဓာတ် ၂၅ ဂရမ်ကနေ ၃၅ ဂရမ် ပါအောင် စားသုံးပေးပါ။ ဥပမာ - ဂျုံလုံးပေါင်မုန့်၊ ဆန်လုံးညို၊ ဟင်းသီးဟင်းရွက် (ဟင်းနုနွယ်၊ မုန်လာဥနီ)၊ သစ်သီးဝလံ (သင်္ဘောသီး၊ လိမ္မော်သီး) နဲ့ ပဲအမျိုးမျိုး ။
· လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ - ဆရာဝန်ခွင့်ပြုချက်နဲ့ တစ်နေ့ကို မိနစ် ၃၀ လောက် ခပ်သွက်သွက် လမ်းလျှောက်တာ လုပ်ပေးခြင်းက အူလှုပ်ရှားမှုကို ကောင်းမွန်စေပါတယ် ။
· ဝမ်းသွားကျင့်သားရအောင် လုပ်ပါ - မနက်ခင်း ဒါမှမဟုတ် အစားစားပြီး ၂ နာရီအတွင်း အိမ်သာကို ပုံမှန်သွားတဲ့ အလေ့အကျင့်လုပ်ပါ။ ဝမ်းသွားချင်စိတ်ရှိရင် ချက်ချင်းသွားပါ ။
#ဘယ်အချိန်မှာ_ဆရာဝန်ပြသင့်လဲ
အောက်ပါလက္ခဏာတွေ ရှိရင် နီးစပ်ရာ ဆရာဝန်နဲ့ ချက်ချင်းပြသပါ။
· ဝမ်းဗိုက်အောင့်တာ အရမ်းဆိုးလာခြင်း
· ဝမ်းသွားတဲ့အခါ သွေးပါခြင်း
· တစ်ပတ်လောက် အထိ ဝမ်းမသွားတာကြာနေခြင်း
· အန်ခြင်း သို့မဟုတ် ပျို့အန်ခြင်း
#ဒေါက်တာအိုဂျီ
#ဝမ်းချုပ်ခြင်း
#ကိုယ်ဝန်ဆောင်
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
