Shakti Yoga By Noe
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Shakti Yoga By Noe, สุขภาพ/ความงาม, Bangkok.
🕉️ “Om Namah Shivaya” ....
🔱 Qualified 500-Hour Multi Style Internationally Yoga Teacher (📍Rishikesh , India )
🌿 Traditional Yoga for Modern Living
✨ Strength • Balance • Inner Peace
📩 Online & In-Person Classes
✨ Awaken Your Inner Shakti
Namaste 🙏 မြတ်နိုးတို့ Ardha Baddha Padma Navasana (Half Bound Lotus Boat Pose) ကို မှန်ကန်တဲ့ Alignment နဲ့ ကျင့်မယ်ဆိုရင် အောက်ပါကောင်းကျိုးတွေ ရရှိနိုင်ပါတယ်။
🧘🏻♀️ ဒီကျင့်စဉ်လေးရဲ့ ကောင်းကျိုးတွေကတော့ ...
* Core muscles (ဗိုက်ကြွက်သား) ကို အားကောင်းစေတယ်။
* Balance နဲ့ Body Control ကို တိုးတက်စေတယ်။
* Hip joint နဲ့ ခြေထောက်အဆစ်တွေကို ပိုမိုပျော့ပျောင်းစေတယ်။
* Spine ကို တည်ငြိမ်စေပြီး Posture ကောင်းလာစေတယ်။
* အာရုံစူးစိုက်နိုင်စွမ်း (Focus) ကို တိုးတက်စေတယ်။
* အစာခြေစနစ်ကို လှုံ့ဆော်ပေးနိုင်ပြီး ဝမ်းဗိုက်အတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။
* ခန္ဓာကိုယ်တစ်ခုလုံးရဲ့ Coordination ကို မြှင့်တင်ပေးတယ်။
* စိတ်ကို တည်ငြိမ်စေပြီး ယောဂအတွင်း Balance နဲ့ Patience ကို လေ့ကျင့်ပေးတယ်။
⚠️ သတိပြုရန်
* ဒူး၊ Hip၊ ခါးနာရှိသူများ သို့မဟုတ် မကြာသေးမီက ထိခိုက်ဒဏ်ရာရှိသူများသည် ဆရာ/ဆရာမ၏ လမ်းညွှန်မှုဖြင့်သာ ကျင့်သင့်ပါတယ်။
* Lotus Pose ကို မရသေးသူများ အတင်းမလုပ်ဘဲ Hip Opening ကို အရင်လေ့ကျင့်သင့်ပါတယ်။
Namaste 🙏 ကြည့်ရတာ လွယ်သလို ထင်ရပေမယ့်… လုပ်ကြည့်မှ တကယ်ခက်တာပါ 😄
ဒီ Transition လေးမှာ
✨ Flexibility
✨ Balance
✨ Strength
✨ Control
အားလုံးလိုပါတယ်။
အလျင်မလိုဘဲ…
အသက်ရှူနဲ့အတူ…
တစ်လှမ်းချင်း တိုးတက်လာတာက Yoga ရဲ့ အလှပါ ...
07/08/2026
🧘♀️ August Yoga Class Schedule Update 🧘♀️
အတန်းချိန်လေးတွေကို မကြာခဏလာမေးကြတဲ့အတွက် August လအတွက် Schedule ကို Update ပြန်တင်ပေးလိုက်ပါတယ်။ 💛
📱 Zoom Private Group (Regular class)
🕡 6:30 – 7:30 AM (Tuesday – Friday)
🕙 10:00 – 11:00 AM (Tuesday, Wednesday & Thursday) (Regular class)
📍In-Person Class (Regular Clasa)
🕓 4:00 – 5:00 PM (Thursday & Friday)
✨ August လအတွက် Private Class (One on One)
Join ချင်သူအတွက်လည်း (၁) ချိန်သာလက်ခံသင်ကြားပေးလို့ရပါတော့မယ်ရှင့် ...
Yoga ကို စတင်ချင်သူပဲဖြစ်ဖြစ်၊ Flexibility တိုးချင်သူ၊ Backbend လေ့ကျင့်ချင်သူပဲဖြစ်ဖြစ် ကိုယ့်ရဲ့အဆင့်နဲ့ကိုက်ညီတဲ့ လေ့ကျင့်မှုကို သေချာလမ်းညွှန်ပေးမှာပါရှင့်🤍
အသေးစိတ်သိချင်တာရှိရင် Page Messenger ကနေ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 🌿
See you on the mat. Namaste 🙏
Namaste..Extended Puppy Pose & Lotus Puppy Pose🧘🏻♀️
Backbend လေ့ကျင့်ချင်သူတိုင်း မကျော်သင့်တဲ့ အခြေခံ Pose နှစ်ခုပါ။
✨ ရင်ဘတ်ဖွင့်ပေးတယ်။
✨ ပခုံးနဲ့ Upper Back ကို ပိုမိုနူးညံ့လာစေတယ်။
✨ ကျောရိုးကို အရှည်ဆန့်ပေးပြီး Flexibility တိုးလာစေတယ်။
✨ Deep Backbend မလုပ်ခင် အကောင်းဆုံး Preparation Pose ဖြစ်ပါတယ်။
ဒါပေမယ့်…
❌ ပခုံးဒဏ်ရာရှိသူ
❌ လည်ပင်းနာကျင်မှု ပြင်းထန်သူ
❌ ကျောရိုးဒဏ်ရာ သို့မဟုတ် Herniated Disc ရှိသူ
❌ ခွဲစိတ်ပြီး မကြာသေးသူတွေကတော့ ဆရာဝန် (သို့) Yoga Teacher ရဲ့ လမ်းညွှန်မှုနဲ့သာ လေ့ကျင့်သင့်ပါတယ်။
Yoga မှာ အရေးကြီးဆုံးက Pose အနက်ကြီးလုပ်နိုင်တာမဟုတ်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်ကို နားထောင်ပြီး လုံခြုံစွာ လေ့ကျင့်နိုင်တာက ပိုအရေးကြီးပါတယ်။ 💛
သင်က ဒီ Pose နှစ်ခုထဲက ဘယ်တစ်ခုကို ပိုနှစ်သက်လဲ? Comment မှာ မျှဝေပေးခဲ့နော်။ 🥰
#
Namaste 🙏 ❝ Backbend ကျင့်စဉ်တွေ ကျင့်နေတာ မရသေးဘူးလား? Yoga Wheel နဲ့ ဒီလိုစလေ့ကျင့်ကြည့်ပါ။ ✨ ❞
Backbend ဆိုတာ အမြန်ရဖို့ မဟုတ်ဘဲ မှန်မှန်လေ့ကျင့်ရတဲ့ Journey တစ်ခုပါ။ 💛
Yoga Wheel နဲ့ လုံခြုံစွာ၊ တဖြည်းဖြည်း ခန္ဓာကိုယ်ကို ဖွင့်ပေးရင်း ကိုယ့်ရဲ့ Progress ကို ခံစားကြည့်ပါ။ 🌿✨
Namaste 🙏 August ကို backbend practice လေးတွေနဲ့ စတင်လိုက်ပါတယ်. 🌿
အချိန်တစ်ခဏနားခဲ့ပေမယ့် ခန္ဓာကိုယ်က အားလုံးကို မမေ့သွားဘူး။
နေ့တိုင်း နည်းနည်းစီ ပြန်လေ့ကျင့်ရင်း
မနေ့ကထက် ဒီနေ့ ပိုကောင်းလာဖို့ပဲ ကြိုးစားနေပါတယ်. 💚
03/08/2026
Namaste 🌧️ August မိုးတွင်းကာလ မေမေတွေအတွက် အထူး Zoom Yoga Class (Moms Class) 🤱🧘♀️
ကလေးကို ကျောင်းပို့ပြီးတဲ့ မနက်ပိုင်းအချိန်လေးကို ကိုယ့်အတွက် ပြန်ပေးလိုက်ရအောင်ပါ။ 💚
အိမ်ကနေ အလွယ်တကူတက်ရောက်နိုင်တဲ့ Zoom Yoga Class မှာ—
✨ ခန္ဓာကိုယ်တောင့်တင်းမှု လျော့ကျစေခြင်း
✨ ကျော၊ လည်ပင်း၊ ခါးနာ သက်သာစေခြင်း
✨ စိတ်ဖိစီးမှု လျော့ကျပြီး စိတ်ကြည်လင်စေခြင်း
✨ ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်လည်အားကောင်းလာစေခြင်း
ကို အတူတကွ လေ့ကျင့်သွားကြမယ်နော်။
🗓️ Class Schedule
📍 Tuesday • Wednesday • Thursday
🕙 10:00 AM – 11:00 AM
💻 Online Zoom Class
💰 တစ်လ (၁၂ ကြိမ်) – ၈၅,၀၀၀ ကျပ်
💛 Beginner များလည်း အေးအေးဆေးဆေး စတင်တက်ရောက်နိုင်ပါတယ်။
📩 အသေးစိတ်မေးမြန်းရန် Page Messenger မှ ဆက်သွယ်နိုင်ပါတယ်။
မေမေတွေ ကျန်းမာမှ မိသားစုလည်း ပိုပျော်ရွှင်နိုင်ပါတယ်။ ဒီ August မှာ ကိုယ့်အတွက် တစ်နာရီလောက် အချိန်ပေးပြီး အတူတူ Yoga လေ့ကျင့်ကြရအောင်နော်။ 🌿🙏
Namaste 🙏 လက်ပြင်ခုံးနေတယ်ဆိုရင် Backbend ကို အရင်မလုပ်ပါနဲ့။ ✋🏻
အရင်ဆုံး Upper Back ကို လှုပ်ရှားနိုင်အောင် ဖွင့်ပေးဖို့လိုပါတယ်။
ဒီ ယောဂကျင့်စဉ် လေးကတော့
✨ Upper Back Mobility
✨ Chest Opening
✨ Shoulder Movement
✨ Backbend အတွက် Preparation
ကို အထောက်အကူပြုနိုင်တဲ့ လေ့ကျင့်ခန်းလေးတွေပါ။
တစ်နေ့ ၅–၁၀ မိနစ်လောက်ပဲ အချိန်ပေးပြီး ပုံမှန်လေ့ကျင့်ကြည့်ပါ။ အပြောင်းအလဲက တဖြည်းဖြည်း ရောက်လာပါလိမ့်မယ်။ 🌿
💚 Video ကို Save လုပ်ထားပြီး လိုအပ်တဲ့အချိန် ပြန်လေ့ကျင့်နိုင်ပါတယ်။
သင့်အတွက် အသုံးဝင်တယ်ဆိုရင် Share ပေးဖို့လည်း မမေ့နဲ့နော်။ 🙏
Namaste 🙏🏻 တစ်ခါတစ်လေ Yoga က pose တစ်ခုရဖို့အတွက် မဟုတ်ဘူး ….
ကိုယ့်ကိုယ်ကို စိတ်ရှည်ဖို့၊
ခွန်အားရှိဖို့၊
အတွင်းစိတ်ကို ငြိမ်သက်ဖို့ လေ့ကျင့်ပေးတဲ့ ခရီးစဉ်တစ်ခုပါ… 🕉️
ဒီ pose လေးကလည်း Shiva ရဲ့ strength နဲ့ balance ကို inspiration ယူပြီး လေ့ကျင့်ထားတာပါ…
Perfect ဖြစ်ဖို့ထက်…
မနေ့ကထက် ဒီနေ့ နည်းနည်းပိုတိုးတက်လာတာက ပိုအရေးကြီးပါတယ်…🤍
Namaste 🙏 ပခုံးတင်းနေတာ သက်သာချင်ရင် ဒီ Pose လေးလုပ်ကြည့်ပါ 🤍 မြတ်နိုးတို့ puppy pose အခြေခံလေးမှာ သေချာရင်ဘတ်ရော မေးစေ့ပါကျပြီဆိုရင် ဒီ puppy pose variation လေးကိုလိုက်ကျင့်လို့ရပါတယ် ... 🧘🏻♀️
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
เว็บไซต์
ที่อยู่
Bangkok
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |
| เสาร์ | 09:00 - 17:00 |
| อาทิตย์ | 09:00 - 17:00 |
