I-VAY Bangkok All In One service

I-VAY Bangkok All In One service

แชร์

Find your way with IVAY.A visa for all your travel needs.Get a visa, and explore the world!

15/09/2026

အန်တီ့သူငယ်ချင်း ထိုင်းမှာ နေတာ ၂နှစ် ၃နှစ်ရှိပြီ
အန်တီ့လို တစ်လတစ်ခါ လဝက ကိုမသွားရဘူး
အသက်ကြီးဗီဇာနဲ့နေတယ်ပြောတယ်
အဲ့တာကဘယ်ကနေလျှောက်ခဲ့ရတာလဲ သား
အန်တီက ဘာဗီဇာမှမယူဘဲထိုင်းကိုဝင်ချလာတာ
အခုအသက်ကြီးဗီဇာလျှောက်လို့ရမလား?
အသက်ကြီးဗီဇာလျှောက်ဖို့ကလဲ Visa လက်ကျန် အနည်းဆုံး၂၀ရက်လိုတယ်ပြောတော့ အန်တီလို့ ၁လစီတိုးပြီး လျှောက်လို့ရမရသိချင်လို့

ထိုင်းကိုဘာဗီဇာမှမယူဘဲ လေယျာဉ်လက်မှတ်ဘဲဝယ်ပြီးဝင်လာတယ်ဆိုရင် 14ရက် Autoရတာကိုတော့လူတိုင်းသိပြီးဖြစ်မှာပါဗျ

အဲ့ဒီ၁၄ရက်နေထိုင်ခွင့်ကိုတစ်လတိုးလိုက်ရုံနဲ့ အသက်၅၀ကျော်ပါက ထိုင်းနိုင်ငံတွင်းRetirement Visaစတင်လျှောက်ထားနိုင်ပါတယ်ခင်ဗျ

အသက်ကြီးဗီဇာလျှောက်ဖို့ ကျွန်တော်တို့နဲ့အပ်ရင် လိုအပ်ချက်အများကြီးမရှိပါဘူးဗျ

1.Passport (စာအုပ်သက်တမ်းအနည်းဆုံး၁၅လရှိရမည်)
2.အလည်ဗီဇာ(TR or 14 Days)
3.မှတ်ပုံတင်မူရင်း
4.မှတ်ပုံတင်နိုတြီမူရင်းရှိပါကစျေးပိုသက်သာမည်
5.Sim Card certificate (ကိုယ်ပိုင်Passport နံပါတ်ဖြင့်ဝယ်ထားရမည်)

ဒီလိုအပ်ချက်၅မျိုးရှိရုံနဲ့ ထိုင်းဘဏ်အကောင့်+show money ဘတ် ၈သိန်း အိမ်စာချုပ်တို့ကိုအစအဆုံးကျွန်တော်တို့ဘက်က စာရွက်စာတမ်းကိစ္စလုံးဝစိတ်မပူရအောင် တာဝန်ယူဆောင်ရွက်ပေးမှာပါခင်ဗျ

ဘာလို့ IVAYကိုရွေးချယ်သင့်လဲ?

✅လဝကမှာretirement visaကို ကိုယ်တိုင်နေ့တိုင်းလျှောက်ထားပေးနေတာဖြစ်လို့ Visaနဲ့ပတ်သက်တဲ့info တွေကို up to date အမြဲသိရတယ်
✅counterတိုက်ရိုက်ဖြစ်လို့ စျေးပိုသက်သာတယ်
✅personal info leakမှာ
စာရွက်စာတမ်းကိစ္စလွှဲချော်မဲ့ကိစ္စတွေ စိတ်မပူရ
✅တာဝန်မယူနိုင်တဲ့Visa Service မကိုင်ခြင်း
✅Visa တုံးစာအုပ်ထဲရောက်မှငွေချေ

ဧည့်သည်ပေါင်း ထောင်ချီကို
Visa လျှောက်ပေးလာတဲ့သက်တမ်း ၄နှစ်ကျော်
ကာလအတွင်းမှာ Bad review တစ်ကြိမ်မှမရဖူးတာမို့ စိတ်ချယုံကြည်စွာအပ်နှံလိုပါက

Viber +66 992400416
Phone 0992400416သို့

ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ

ပုံလေးကတော့ဒီရက်ပိုင်းလျှောက်ပေးဖြစ်တဲ့ success recordလေးဖြစ်ပါတယ်ဗျ

#အသက်ကြီးဗီဇာ #နေထိုင်ခွင့် #ထိုင်း #ထိုင်းနေထိုင်ခွင့် #အလည်ဗီဇာ #ထိုင်းအလည် #အသက်၅၀ကျော်

11/09/2026

Retirement Visaယူထားပြီးပြီဆိုရင် Long term Visaဖြစ်လို့ ရက်၉၀တစ်ခါ ရက်၉၀တုံး ထုဖို့မမေ့ပါနဲ့ဗျ

ထိုင်းမှာ 90 Days Report (90 ရက်နေထိုင်မှု
အစီရင်ခံစာ) ဆိုတာက နိုင်ငံခြားသားတစ်
ယောက် ထိုင်းနိုင်ငံမှာ ရက်90 ဆက်တိုက်နေထိုင်နေတဲ့အခါ Immigration ကို “လက်ရှိနေထိုင်နေတဲ့လိပ်စာ” ကို အကြောင်းကြားရတဲ့ စနစ် ဖြစ်ပါတယ်ဗျ

ဘယ်အချိန်မှာလုပ်ရလဲ?

Long Term Visaယူထားပြီးထိုင်းမှာ 90 ရက်ဆက်တိုက်နေပြီးတိုင်း report လုပ်ရပါတယ်။
ဥပမာ
ကိုယ့် Longterm Visaက 1ရက် 1လ 2026မှာရတယ်ဆိုရင် ၃၁ရက်နေ့ ၃လပိုင်း ၂၀၂၆မှာ 90 Days reportတင်ရပါမယ်

နိုင်ငံအပြင်ကို ထွက်ပြီး ပြန်ဝင်လာရင် ပြန်ဝင်တဲ့နေ့ကနေ ပြန်စ ပြီး 90 ရက်တွက်ပါတယ်

90 Days reportကိုImmigration office မှာ ကိုယ်တိုင်သွားတိုင်နိုင်သလို online 90-day reporting လည်း လုပ်နိုင်ပါတယ်။

ကိုယ်တိုင်လုပ်ရင်ကုန်ကျစားရိတ်မရှိတာမို့
ကိုယ်တိုင်Reportတင်နည်းကို
ဒီမှာအသေးစိတ်ဖတ်ရှုနိုင်ပါတယ်ဗျ

https://www.facebook.com/share/p/1HFf6ifRmo/?mibextid=wwXIfr

https://www.facebook.com/share/p/1DGW9NyqzL/?mibextid=wwXIfr

⚠️ မလုပ်ရင်?

90 ရက် report မလုပ်ဘဲ ကျော်သွားရင်
ကိုယ့် Visaသက်တမ်းတိုးချိန် ဒဏ်ကြေးဆောင်
ရတတ်ပါတယ်

သတ်မှတ်ရက်ထက် နောက်ကျမှ သတင်းပို့ပါက ဒဏ်ငွေ ၂,၀၀၀ ဘတ် ကျခံရပါမယ်။
အကယ်၍ လဝက သို့မဟုတ် ရဲတပ်ဖွဲ့က စစ်ဆေးစဉ် သတင်းမပို့ထားတာ မိသွားပါက ဒဏ်ငွေ ၅,၀၀၀ ဘတ် အထိ ဆောင်ရနိုင်ပြီး၊ ပြင်းထန်ပါက ပြည်နှင်ဒဏ်ပေးခြင်း (Deportation) နဲ့ Blacklist (အမည်မည်းစာရင်း) သွင်းခြင်းအထိ ဖြစ်နိုင်ပါတယ်။ဗီဇာသက်တမ်းတိုးရာတွင်လည်း အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် ရက်၉၀တုံးတင်တတ်ချင်ရင်တော့ဒီ postလေးကိုsaveထားလိုက်ပါဗျ

စာရွက်စာတမ်းရှုပ်ထွေးတာ အချိန်ကုန်ရတာမကြိုက်ရင်တော့ ကျွန်တော်တို့ဆီservice ရယူနိုင်ပါတယ်

Retirement /Visa Extension/90 Days Report
ကိစ္စအဝဝအတွက်

💬+66 992400416
☎️09 92400416 သို့ဆက်သွယ်လိုက်ပါ

Photos from I-VAY Bangkok All In One service's post 08/09/2026

ထိုင်းမှာ Long Term Visa သမားတွေ ဘဏ်အကောင့်ဖွင့်ဖို့ ခက်ခဲလာတဲ့ ဒီရက်ပိုင်းမှာ Retirement Visa လျှောက်မယ့်သူတွေအတွက် ဘဏ်အကောင့်အသစ် နေ့စဉ် ဖွင့်ပေးနေပါတယ်ဗျ

အရင်က Long Term Visa ရှိရုံနဲ့ ဘဏ်ခွဲတိုင်းမှာ အခုလောက်စာရွက်အပိုတွေမလိုဘဲအလွယ်တကူ ဖွင့်လို့ရခဲ့ပေမဲ့၊ အခုဆိုရင် သတ်မှတ်ထားတဲ့ ဘဏ်ခွဲတွေမှာတောင် စာရွက်စာတမ်း အပိုတွေ ပိုတောင်းလာပါတယ်။ Retirement Visa က ဘဏ်အကောင့်ရှိမှ လျှောက်လို့ရတာမို့ ထိုင်းဘဏ်အကောင့်က မရှိမဖြစ်ပေါ့ဗျာ

ဒါကြောင့် အခုKrung Thai bankဘဲရှိထားတယ်ဆိုရင် retirement visaဖြင့်SCBဖွင့်လို့ရတုန်းထပ်ဖွင့်ထားဖို့အကြံပြုအပ်ပါတယ်ခင်ဗျ

ကျွန်တော်တို့ဆီမှာကတော့ ဘဏ် Policy နဲ့ Immigration Policy Update တွေနဲ့အညီ Retirement Visa အသစ်လျှောက်တာ ၁ နှစ် သက်တမ်းတိုးတာတွေကို နေ့တိုင်း မပြတ် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျ။

✅Retirement ၁၅ လ + ဘဏ်အကောင့်ကို ၁ ရက်တည်း ရမယ်
✅Visa ရမှ ငွေချေရမည်
✅ ရက်ချိန်းကိုလည်း ရုံးဖွင့်ရက် ၅ ရက်အတွင်း ရမည်
✅ ဘန်ကောက်တုံး / နယ်တုံး ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်မည်
✅ လူကိုယ်တိုင် လဝက (Immigration) ကို လိုက်ရမှာဖြစ်လို့ အတုံး အတု/အစစ် လုံးဝ စိတ်ပူစရာမလိုပါ
စျေးနှုန်းကလည်း အခြားနေရာတွေထက် ပိုမိုသက်သာတာမို့ အသေးစိတ်ကို Chat Box (CB) ကနေ စုံစမ်းမေးမြန်းနိုင်ပါတယ်ဗျ။

(ပုံလေးတွေကတော့ ဒီရက်ပိုင်း အဆင်ပြေပြေ လျှောက်ထားပေးခဲ့တဲ့ Retirement Visa လေးတွေပါ)
Retirement Visa ကို Updated Policy တွေနဲ့အညီ စိတ်ချလက်ချ လျှောက်ထားချင်တယ်ဆိုရင်တော့ - 📞 Phone/Viber: +66 992400416 / 0992400416 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ။

#ထိုင်းနိုင်ငံ #ထိုင်း #ထိုင်းနေထိုင်ခွင့် #ဘန်ကောက် #ဗီဇာ #ထိုင်းနေထိုင်ခွင့် #အလည်နေထိုင်ခွင့်

02/09/2026

ထိုင်းမှာ Passport သက်တမ်းကိုယ်တိုင်တိုးရန်formတင်နည်း

၁။ Agent နဲ့ တိုးတာနဲ့ ကိုယ်တိုင်တိုးတာ ဘာကွာလဲ။

Agent သုံးလည်း Process က အတူတူပါပဲ။
ဒါကြောင့် အကုန်အကျ သက်သာအောင် သံရုံးမှာကိုယ်တိုင်သွားတိုးဖို့အကြံပြုပါတယ်ဗျ

၂။ ဘာစာရွက်စာတမ်းတွေ ယူသွားရမလဲ။

* Passport မူရင်း
* Passport Bio Page မိတ္တူ
* ဗီဇာတုံးထုထားတဲ့ စာမျက်နှာအကုန် မိတ္တူ (အပေါ်/အောက် မိတ္တူကူးပေးပါ။ ကျောကပ်မကူးရန်)
* မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ (အပေါ်/အောက် မိတ္တူကူးပေးပါ။ ကျောကပ်မကူးရန်)
* အိမ်ထောင်စုဇယား ရှေ့/နောက် မိတ္တူ
ဗီဇာအမျိုးအစားအလိုက် ထပ်လိုတာတွေက -
* Work Permit သမားများ - Work Permit Card မူရင်းနဲ့ မိတ္တူ (ရှေ့/နောက်)
* ED Visa (ကျောင်းသား) - ကျောင်းသားကတ်နဲ့ ကျောင်းထောက်ခံစာ
* Non-O (ကလေးမှီခို) - ကျောင်းထောက်ခံစာ
သံရုံးမှာ ဖောင်တင်တဲ့ Process
* တစ်နေ့ကို Q နံပါတ် အယောက် ၅၀ ပဲပေးလို့ မနက် ၇ နာရီအရောက် သွားပါ။
* Q ရရင်Qအတိုင်းစီပြီး ဝေ ပေးတဲ့ စာရွက်စာတမ်းတွေ ဖြည့်၊ ဖုန်းနံပါတ်ပေးပြီး ဖောင်တင်ခဲ့ရုံပါပဲ။
* ပြီးရင် သံရုံးက "နောက် ၂ လကြာရင် စုံစမ်းရန်" ဆိုတဲ့ စာရွက်လေး ပေးလိုက်ပါလိမ့်မယ်။
* နောက်ပိုင်း သံရုံး page မှာ မိမိနာမည် ပါမပါ စောင့်ကြည့်ရုံပါပဲ။

၃။ ဘာတွေ သတိထားရမလဲ။

* တစ်နေ့ကို Q ၅၀ ပဲ ပေးတာမို့ မနက် ၇ နာရီအရောက် သွားဖို့ မမေ့ပါနဲ့။

* တစ်နှစ်အထက်ကျန်နေသေးရင်Qမရဖို့များလို့
၆လအောက်ကျန်သူများသာ သက်တမ်းတိုးဖို့ပြင်ဆင်ပါဗျ

* အခုတလော နယ်ဘက်တွေဆင်းပြီးစာအုပ် သက်တမ်းတိုးပေးတာမျိုး ကြေငြာတာတွတွေ့ရပေမဲ့ တစ်ချို့ Observation တုံး မထုခဲ့ရလို့အခက်ကြုံရကြောင်းဧည့်သည်တွေကဆက်သွယ်သတိပေးကြပါတယ်
* နယ်မှာသွားတိုးမယ်ဆိုရင် Observation တုံး ထုပေးမပေး သေချာမေးပါဗျ

ကျွန်တော်တို့ဘက်ကတော့ Process ရဲ့ကြာချိန်ကို သေချာမရှင်းပြနိုင်သေးလို့ သက်တမ်းတိုး လာမေးကြသူတွေကို ကိုယ်တိုင်ပဲ သွားတိုးဖို့ အမြဲတိုက်တွန်းပါတယ်။

ဧည့်သည်လည်း အဆင်ပြေ၊ ကျွန်တော်တို့လည်း စိတ်ချရတဲ့ Process သေချာပြီဆိုမှပဲ Passport သက်တမ်းတိုးService လေး ပြန်စတင်ပေးပါမယ်ခင်ဗျာ။

Retirement Visaအကြောင်းအသေးစိတ်စုံစမ်းလိုပါ
က +66 992400416 Viber သို့ 0992400416
ဖုန်းနံပါတ်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ

#ထိုင်းနိုင်ငံ #စာအုပ်သက်တမ်းတိုး #ထိုင်း #အလည်
Passports

28/08/2026

Retirement Visa ဝန်ဆောင်မှုဆိုင်ရာ အသိပေးချက်

Retirement visa လျှောက်ထားရာတွင် အချို့သောဘဏ်များ၌ အကောင့်ဖွင့်ရန် အခက်အခဲများရှိနေသည့်အတွက် ဝန်ဆောင်ခဈေးနှုန်း အပြောင်းအလဲအနည်းငယ် ရှိပါမည်။

လိုအပ်သော စာရွက်စာတမ်းများ
* Passport Bio Page
* ထိုင်းနိုင်ငံသို့ ဝင်ရောက်ထားသည့် Entry Stamp
* Phone Slip
* မှတ်ပုံတင် နိုတြီ (မူရင်း)
ဆောင်ရွက်ပေးမည့် ကြာချိန်နှင့် ရက်ချိန်းယူရန်
* ကြာချိန်: ၁ ရက်တည်းဖြင့် အပြီးဆောင်ရွက်ပေးပါသည်။
* ရက်ချိန်း: ရုံးဖွင့်ရက် (၃) ရက် ကြိုတင်၍ ရက်ချိန်းယူပေးပါရန်။

ထိုင်းဘဏ်အကောင့်များ တစ်နေ့ထက်တစ်နေ့ ဖွင့်လှစ်ရန် ပိုမိုခက်ခဲလာသည့်အတွက် Retirement Visa လျှောက်ထားရန် စီစဉ်နေသူများအနေဖြင့် အခွင့်အရေးရှိစဉ် ၁ ရက်တည်းဖြင့် (၁၅) လစာ စိတ်ချလက်ချ လျှောက်ထားနိုင်ရေး အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ကြပါရန် အကြံပြုအပ်ပါသည်။

ဆက်သွယ်ရန်
* Viber: +66 992400416
* Phone: 0992400416

25/08/2026

Retirementကို တစ်နှစ်တိုးပါက Krung Thai ဘဏ်နဲ့ show money ၃ လ မထည့်ထားရင်
Bank certificate မထုတ်ပေးတော့ဘူးဆိုတာလေး ဖတ်မိပြီး လာမေးကြတာ များလို့ပါခင်ဗျ။

Krung Thai ရဲ့ တချို့ branch တွေမှာ certificate မထုတ်ပေးတာမျိုးတော့ ရှိနေပါတယ်ဗျ။
ဘဏ်တိုင်း မထုတ်ပေးတာတော့ မဟုတ်ပါဘူးဗျ

ကျွန်တော်တို့နဲ့ တိုးရင်တော့ ဒီနေ့ထိ Krung Thai bank နဲ့ show money ဘဏ် certificate ကို နေ့ချင်းထုတ်ပြီး သက်တမ်းတိုးပေးနေပါသေးတယ်ခင်ဗျ။

တစ်နေ့ထက်တစ်နေ့ ကြပ်လာတဲ့ ထိုင်းရဲ့ policy ကြောင့် Retirement တစ်နှစ်တိုးဖို့ကို အရင်လို ရက်ကပ်မှ စီစဉ်တာထက် သက်တမ်းမကုန်ခင် ၃ လအလိုလောက် သက်ဆိုင်ရာ agent တွေကို ကြိုအကြောင်းကြားပြီး ပြင်ဆင်ထားကြဖို့ သတိပေးအပ်ပါတယ်ဗျ။

ကျွန်တော်တို့နဲ့ တစ်နှစ်တိုးရင်တော့ ဒီနှစ်အတွက် ဈေးက ၁၉,၅၀၀ ဘတ် ကျသင့်ပါမယ်ဗျ။

အသစ်လျှောက်တာအတွက်ကတော့ ဘဏ် + RT ၁၅ လကို နေ့ချင်းပြီး ၅၄,၀၀၀ ဘတ် ကျသင့်ပါမယ်
ခင်ဗျ။(Visa ရမှငွေချေ✅)

စိတ်အေးချမ်းသာစွာဖြင့် မြန်မြန်ဆန်ဆန် သက်တမ်းတိုးချင်တယ်ဆိုရင်တော့ အခုပဲ ဆက်သွယ်လိုက်ပါ ခင်ဗျာ။ 📩

Viber +66 992400416
Phone 0992400416

သောကြာနေ့ကRTလျှောက်ပေးဖြစ်တဲ့စာအုပ်လေးတွေနဲ့ save the date.

19/08/2026

မြန်မာသံရုံး Passport သက်တမ်းတိုးခြင်းဆိုင်ရာ နောက်ဆုံးရ အခြေအနေ

ဒီနေ့ မနက်ပိုင်း သံရုံးအခြေအနေအရ PV (Passport for Visit) သက်တမ်းတိုးရန် သွားရောက်ခဲ့ကြသည့် Non-LA နှင့် Non-O သမားများကို ထိုင်းသံရုံးမှတစ်ဆင့် Form ဖြည့်စွက်ခိုင်းပြီးနေပြည်တော်သို့ အချက်အလက်စီစစ်ရန် နှင့် ခွင့်ပြုစာ အရင်တင်ပြရမည်ဟု သိရှိရပါတယ်ဗျ
PV>PJ
PV>PT
PV>PE (အရင်ကတည်းကPV to PVကထိုင်းမှာမရတာပါဗျ)
PVမှမည်သည့် Visaကိုင်ထားပြီး မည်သည့် Passport Typeသို့ပြောင်းပြောင်းစာအုပ် သက်တမ်းတိုးမည့် ယနေ့မှစ formစတင်ရပါတယ်

Formကြိုတင်ထားရပြီးခွင့်ပြု စာပြန်ကျလာသည့်နေ့ပါရက်စွဲအတိုင်း သာ သက်တမ်းတိုးကိစ္စဆောင်ရွက်ပေးသွားမည်ဟု သံရုံးဘက်မှ ယနေ့
သက်တမ်းတိုးသွားရောက်လျှောက်ထားသူကိုအကြောင်းပြန်ကြားခဲ့ပါတယ်တဲ့ဗျ

ဒါကြောင့် လုပ်ငန်းစဉ်များ လုံးဝ ပိတ်သိမ်းသွားခြင်း မဟုတ်ဘဲ လုပ်ထုံးလုပ်နည်း အပြောင်းအလဲရှိသွားသည့်အတွက် မိမိဘက်မှ လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ပြီးမှ သွားရောက်ပြုလုပ်ကြပါရန် အသိပေးအပ်ပါတယ်ဗျ

Passport အပျောက်လျှောက်တုန်းကလို processမျိုးပြန်သွားတာတွေ့ရပါတယ်ဗျ

Processing Time -2လအကြာပြန်လာစုံစမ်းရန်လို့ဘောက်ချာမှာရေးထားပါတယ်

Passport အပျောက်လျှောက်တုန်းကတော့ ၃လကြာရင်ပြန်လာဆိုပြီး ၁နှစ်နဲ့ ၈လမှပြန်ဆက်သွယ်တာ/သံရုံး pageမှာတင်တာမျိုးလုပ်ဆောင်ခဲ့ပါတယ်ဗျ

လူကိုယ်တိုင်ဒါမှမဟုတ် agentမှတစ်ဆင့် form and docsကိုသံရုံးမှာသွားတင်နိုင်ပါတယ်ဗျ

Source-19/AUG/2026 စာအုပ်သက်တမ်းတိုးသွား
ရောက်လျှောက်ထားသူထံမှ

18/08/2026

Passport သက်တမ်းတိုးကိစ္စလာမေးသူများနေလို့

ဘယ်လို Visa မျိုးကိုင်ထားကိုင်ထား၊ PV PASSPORT TYPEကိုင်ထားရင် ထိုင်းနိုင်ငံမှာ သက်တမ်းတိုးလို့မရတော့ကြောင်း ကြားသိရပါတယ်ဗျ

အကယ်၍ တရားဝင် ကြေညာချက်ထွက်လာပါက
ကြိုတင်ပြင်ဆင်ထားနိုင်ရန် တင်ပေးခြင်းဖြစ်ပါတယ်ဗျ

13/08/2026

ထိုင်းနိုင်ငံမှာ အသက်ကြီးဗီဇာ လျှောက်ထားဖို့အတွက် (၁၄) ရက်နဲ့ပဲဖြစ်ဖြစ်၊ TR (Tourist Visa) နဲ့ပဲဖြစ်ဖြစ် ဝင်လာလို့ရပါတယ်ဗျ။

💡 အဓိကလိုအပ်ချက်ကတော့ ဗီဇာသက်တမ်း ရက် (၃၀) ကျန်ရှိနေဖို့ပဲ လိုပါတယ်

(အခုလတ်တလော ဈေးနှုန်းအရဆိုရင်တော့ ၁၄ ရက်နဲ့ ဝင်လာပြီးမှ ၁ လ တိုးလိုက်တာက ဈေးပိုသက်သာပါတယ်ဗျ။)

📌 ဗီဇာလျှောက်ထားရန် ဒီ သတ်မှတ်ချက် (၃) ချက်သာ လိုအပ်ပါတယ်ဗျ
1. အသက် (၅၀) အထက် ဖြစ်ရမည်။
2. Passport သက်တမ်း အနည်းဆုံး (၁၅) လကျော် ကျန်ရှိရမည်။
3. ဗီဇာသက်တမ်း အနည်းဆုံး ရက် (၃၀) ကျန်ရှိရမည်။

✨ အိမ်စာချုပ် သို့မဟုတ် ထိုင်းဘဏ်အကောင့် မရှိသေးရင်လည်း စိတ်မပူပါနဲ့!

လူကြီးမင်းတို့ဘက်က အထက်ပါ Requirement (၃) ချက် ပြည့်စုံတာနဲ့ ကျန်တဲ့ စာရွက်စာတမ်းကိစ္စတွေအတွက် လုံးဝ စိတ်ပူစရာမလိုဘဲ လေယာဉ်လက်မှတ်ဖြတ်ပြီး ထိုင်းနိုင်ငံကို အလည်သဘောနဲ့ ဝင်လာခဲ့ရုံပါပဲ။

🏦 ဘဏ်အကောင့်ဖွင့်လှစ်ခြင်း + (၁၅) လစာ ဗီဇာ ကိစ္စရပ်များကို အစမှ အဆုံး ထိရောက်စွာ အဆင်ပြေစေဖို့ ကျွန်တော်တို့ ကျွမ်းကျင်သူများထံ စိတ်ချလက်ချ အပ်နှံနိုင်ပါတယ်ဗျ။

✅ဘဏ်+၁၅လလုံးတစ်ရက်တည်းပြီးမယ်
✅Visa ရမှငွေရှင်းရပါမယ်ဗျ
စိတ်ဝင်စားရင် အခုဘဲ CM or CBမှာ RTလို့ မန့်လိုက်ရုံပါဗျ
📞 ဆက်သွယ်ရန် ဖုန်းနံပါတ်များ-
Viber : +66 992400416
Phone: 09 92400416

#ထိုင်းရောက် #ထိုင်းရောက်ရွှေမြန်မာ #ထိုင်း #ရွှေမြန်မာ

Photos from I-VAY Bangkok All In One service's post 11/08/2026

Retirement Visa (အသက်ကြီးနေထိုင်ခွင့်) လျှောက်ထားရန် အသက်သာဆုံး ပရိုမိုးရှင်းကာလ!

ထိုင်းနိုင်ငံမှာ ဘဏ်အကောင့်ဖွင့်ရတာခက်ခဲတာအားလုံးအသိပေါ့ဗျာ

အခုလဲRTအတွက် အချို့ Branch တွေ ဖွင့်ရခက်ခဲတဲ့ ပြဿနာများနှင့် ကြုံတွေ့လာနေရတယ်ပေါ့ဗျာ

ဒါကြောင့် စျေးနှုန်းအသက်သာဆုံးနှင့် ဘဏ်အကောင့် အလွယ်တကူ ဖွင့်လှစ်နိုင်သည့် အခုလိုအချိန်မှာ Retirement Visa (RT) ကို လျှောက်ထားနိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့ အကြံပြုအပ်ပါသည်။

ဝန်ဆောင်ခ စျေးနှုန်းများ
အသက် (၅၆) နှစ်နှင့် အထက်: ⁠53,500 Baht⁠

ဘဏ်ရက်ချိန်း ကြိုတင်ရယူရန်အတွက်

1. မှတ်ပုံတင် (ရှေ့ / နောက်)
2. Passport (Bio Page)
3. Entry Stamp Page (ထိုင်းနိုင်ငံသို့ ဝင်ရောက်ထားသည့် တုံးစာမျက်နှာ)

အထက်ပါ စာရွက်စာတမ်းများကို ပေးပို့ပေးရုံပါဗျ

ကျန်ရှိသည့် Show Money၊ အိမ်ငှားစာချုပ်နှင့် အခြား စာရွက်စာတမ်း အသေးစိတ်များကို IVAY မှ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးသွားမည်
ဖြစ်ပါတယ်ဗျ

✅ဘန်ကောက် တုံးအစစ် (၁၀၀%)
✅Visaရမှ ငွေချေ
✅ကြာချိန်တစ်ရက်တည်း

11/Aug/2026 ယနေ့အတွက် လျှောက်ထားပေးခဲ့သည့် Retirement Visa မှတ်တမ်းများနှင့် (Save the Memo)။

📱 ဆက်သွယ်ရန်

Viber: +66 992400416
Phone: 0992400416

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เว็บไซต์

ที่อยู่


Bangkok
10100

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ I-VAY Bangkok All In One service โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok