Review by Rian

Review by Rian

แชร์

ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Review by Rian, สุขภาพ/ความงาม, Bangkok

Photos from Review by Rian's post 23/07/2024

Review 🚧

လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီတုန်းက......

ချန်းမန်‌တာအိုနယ်မိတ်ရဲ့ အဖိုးတန်ရတနာကြီး(၃)ပါးထဲက(၁)ပါးဖြစ်တဲ့ ထျန်းနိပုတီးစေ့ဟာ...

နိချန်ဘုံဆီ မတော်တဆကျရောက်သွားခဲ့ပြီး ကျူးချွဲ့တိုင်းပြည်ရဲ့ နံပါတ်တစ်အကျော်အမော် စစ်ထူနန်က ရရှိသွားခဲ့တယ်

ထျန်းနိပုတီးစေ့ဟာ ရှေးဟောင်းနတ်ဘုံဆီပေါက်ရောက်နိုင်တယ်လို့ ဒဏ္ဍာရီမှာလာရှိခဲ့တော့ ရတနာလုတိုက်ပွဲက ဘယ်တော့မှရပ်တန့်ခြင်းမရှိတော့ဘူး...

နောက်ဆုံးတော့ လည်ပတ်နေတဲ့သံသရာကို အရှုံးပေးရင်း ကံကြမ္မာလူသား ပေါ်ထွက်လာမဲ့အချိန်ကို စောင့်ဆိုင်းရင်းခန္ဓာကြွေခဲ့တယ်

ထိုအချိန်တွင်
၀မ်မျိုးနွယ်စုက မယားငယ်ရဲ့ ဒုတိယသားဖြစ်သူမှ ဆင်းသက်လာတဲ့၀မ်လင်.....
နန်းတော်ရဲ့အရာရှိစာမေးပွဲကိုဖြေဆိုဖို့ ကြိုးစားနေချိန်မှာ လမ်းစရိတ်မရှ်ိရတော့တဲ့အကြောင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့တယ်

ဒါကလည်း သူ့ရဲ့ကံတရားပဲဖြစ်မလား
၀မ်လင်အတွက် မိဘတွေကိုအဆင်ပြေပြေထားနိုင်ဖို့အတွက် ဝိဇ္ဇာနတ်ဂိုဏ်းထဲကို၀င်ဖို့ဆုံးဖြတ်ခဲ့တယ်

ပါရမီက မရှိ
ကျင့်ကြံမှုက မရှိ
နောက်ခံက မရှိ

ဇွဲလုံးလနဲ့ဝီရိယပဲရှိတဲ့၀မ်လင်က
နတ်ဝိဇ္ဇာဂိုဏ်းရဲ့စမ်းသပ်မှုတွေကို ‌ဘယ်လိုကျော်ဖြတ်ပြီး ကံကြမ္မာကိုဆန့်ကျင်မဲ့ အမတ တစ်ပါးဖြစ်တဲ့လမ်းစဉ်ကို ဘယ်လိုလျှောက်လှမ်းမလဲ....

ကြီးနိုင်ငယ်ညှင်းဖြစ်တဲ့ ဝိဇ္ဇာနတ်ကျင့်ကြံခြင်းလောကမှာရှင်သန်ဖို့နဲ့ ကိုယ့်ကံကြမ္မာကို ကိုယ်လက်ထဲမှာဆုပ်ကိုင်ထားနိုင်ဖို့ ဝမ်လင်တစ်ယောက် ဘယ်လိုတွေသတ်ဖြတ်ပြမလဲ ဘယ်လိုတွေယုတ်မာရက်စက်ပြမလဲဆိုတာသိချင်ရင်တော့ အမတတစ်ပါး၏ကိုယ်ပိုင်လမ်းစဉ်ဆိုတဲ့ Chinese Animation လေးကိုကြည့်လိုက်ကြပါ

တစ်ပိုင်းပြီးတစ်ပိုင်း ဇာတ်ရှိန်မြင့်လာပြီး တကယ် စိတ်ဝင်စားဖို့ကောင်းတဲ့ donghua ဇာတ်ကားကောင်းလေးမို့ ညွှန်းပေးလိုက်ရပါတယ် ခင်ဗျ🤍

Telegram channel: https://t.me/renegadeimmortal

Photos from Review by Rian's post 06/07/2024

Hello guys..👐

Animation ‌တွေ ခေတ်စားလာတာနဲ့အမျှ donghua (Chinese animation) တွေလည်း သိသိသာသာ လူကြိုက်များလာကြပါတယ်နော်

ဒီနေ့ညွှန်းပေးမှာက ပေါ့ပေါ့ပါးပါးလေး ဟာသကားလေးဖြစ်တဲ့ 🚧My Senior Brother is too steady 🚧ဆိုတဲ့ donghua လေးကို ပထမဆုံးညွှန်းပေးချင်ပါတယ်
Rating တွေလည်း အများကြီးရထားပြီး donghua ကြည့်ရှု သူများကြား တော်တော်လေး နာမည်ရထားပြီးသားကားလေးဖြစ်ပါတယ် ✴️ season 2ခု end ထားပြီး season 3ကို ongoing လိုက်နေရမှာ ဖြစ်ပါတယ် ✴️

Review ဖတ်ရန် .⬇️

ရှေးခေတ် မိစ္ဆာညီလာခံ(မိစ္ဆာမျိုးနွယ်)နှင့် စုန်းမျိုးနွယ် တိုက်ပွဲပြီးဆုံးသွားပြီး တာအို‌ဘိုးဘေးကြီးများက ပျက်စီးသွားသော မိစ္တာညီလာခံကို ကောင်းကင် ညီလာခံအဖြစ် ပြန်လည်တည်ထောင်ပြီးနောက် မကျေနပ်ဖြစ်နေသော နတ်ဆိုးမျိုးနွယ်မှ လုယာမင်းသားက ကောင်းကင်ညီလာခံကိုဖြုတ်ချဖို့အစွမ်းကုန် ကြိုးစားပါတော့တယ်
အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်သောကောင်လေး လီချန်ရှို့ ဟာ သူ့အိပ်မက်ဖြစ်သော စစ်ပွဲကိုရှောင်ရှားပြီး အေးအေးဆေးဆေးနေချင်သော သူဖြစ်သည်။
ပြသနာကိုရှောင်းရှားရင်းနဲ့ ပြသနာကြီးထဲဝင်ပါမိပြီး
ပင်လယ်နတ်ဘုရားတောင်ဖြစ်သွားပါသေးတယ်
ပင်လယ်နတ်ဘုရားအဖြစ် သုံးလောကကို ဘယ်လို ကယ်တင်သွားမလဲဆိုတာတော့ ကိုယ်တိုင်ကြည့်ရှု ခံစားလိုက်ပါ

Telegram link .https://t.me/BigBrother00000

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เว็บไซต์

ที่อยู่


Bangkok

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Review by Rian โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok