The Ultimate Yoga Studio

The Ultimate Yoga Studio

แชร์

The ULTIMATE ~ Universal Language and Thought for Imagination, Morality, Awareness, Transformation & Enlightenment.

Photos from The Ultimate Yoga Studio's post 24/09/2026

9 Days Retreat at Aura Wellness Center Day (1)🤍

ယောဂဆိုတာ ကိုယ်ခန္ဓာကို လေ့ကျင့်ရုံသာမက မိမိကိုယ်ကို ပိုမိုသိရှိနားလည်လာစေတဲ့ ခရီးစဉ်တစ်ခုပါ။ 🧘🏻

အသက်ရှူခြင်း၊ ကိုယ်ခန္ဓာနဲ့ စိတ်ကို သတိထားလေ့ကျင့်ရင်း မိမိကိုယ်ကို စောင့်ရှောက်တတ်လာပြီး ဘဝကို ပိုမိုသတိရှိရှိ နေထိုင်တတ်လာစေပါတယ်။

မိမိစိတ်ကို ပြန်ကြည့်တတ်လာခြင်းက ယောဂရဲ့ အနှစ်သာရတစ်ခု ဖြစ်ပါတယ်။🤍

Notes and Photo By Tr Po

23/09/2026

✨ HOW DARE YOU BE? ✨

The Courage to BE Your Authentic Self

(ကိုယ့်အတိုင်း ကိုယ်ဖြစ်ရဲတဲ့ သတ္တိ)

လူ့အသိုင်းအဝိုင်းရဲ့ ပုံစံခွက်တွေ၊ မျှော်လင့်ချက်တွေနဲ့ ဝေဖန်မှုတွေကြားမှာ
“ငါ” ဆိုတဲ့ ကိုယ့်ရဲ့ အစစ်မှန်ဆုံးပုံစံအတိုင်း ရပ်တည်နေထိုင်ဖို့ဆိုတာ — တကယ်ပဲ ရဲရင့်ဖို့ လိုပါတယ်။

ပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြားမှာ ကိုယ့်အသံကို ကိုယ်ကြားနိုင်ဖို့၊
သူများမျှော်လင့်သလို ဖြစ်ဖို့ထက် ကိုယ့်အတိုင်း ကိုယ်ဖြစ်ရဲဖို့
ဒီသတ္တိကို ဘယ်လိုမွေးမြူကြမလဲ?

ဒီမေးခွန်းတွေအတွက် အဖြေကို အတူတူရှာဖွေဖို့
“HOW DARE YOU BE?” Free Panel Discussion ကို ဖိတ်ခေါ်လိုက်ပါတယ်။

ဒီပွဲလေးမှာတော့ နယ်ပယ်အသီးသီးက Panelists တွေဖြစ်တဲ့ —

🗣️ တီချယ် ခိုင်ငြိမ်း
🗣️ ဆရာမ မွန်ဟော်စီ
🗣️ ဆရာ ဇေယျာမိုးမြင့်

တို့က သူတို့ရဲ့ လက်တွေ့ဘဝ ဖြတ်သန်းမှုတွေ၊ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေ၊ ကိုယ့်အတိုင်း ကိုယ်ဖြစ်ဖို့ ရွေးချယ်ခဲ့ရတဲ့ အခိုက်အတန့်တွေ ကို Host Tr Ganga ရဲ့ မေးခွန်းတွေနဲ့အတူ ရင်းရင်းနှီးနှီး ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ကိုယ်တကယ်ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် မြင်ရဲမလား?

မြင်ပြီးတဲ့အခါ လက်ခံရဲမလား?

လက်ခံပြီးတဲ့အခါ ကိုယ့်အတိုင်း ကိုယ်ဖြစ်ရဲမလား?

ဒီမေးခွန်းတွေကို Panelists တွေရဲ့ ရင်တွင်းစကားတွေနဲ့ လက်တွေ့အတွေ့အကြုံတွေကနေတစ်ဆင့် အတူတူစဉ်းစားကြည့်ကြမယ့် စကားဝိုင်းလေး ဖြစ်ပါတယ်။

📅 Date: 27.9.2026
⏰ Time: 1:00 PM – 4:00 PM
🎤 Host: Tr Ganga
🎟️ ဝင်ကြေး — အခမဲ့
Registration Form >>> https://forms.gle/2rPwiMsadRr9ptV47

ပါဝင်ချင်တယ်ဆိုရင်တော့ အပေါ်က Registration Form လေးကိုဖြည့်ပြီး
ဒီပို့စ်အောက်မှာ “Ready” လို့ Comment လေးရေးခဲ့ပါနော်။

📍𝗔𝗱𝗱𝗿𝗲𝘀𝘀 : ၆၃ လမ်း၊ ၂၃ x ၂၄ ကြား၊ မဟာဇေယျာဘုံရပ်ကွက်၊
နိုင်ငံခြားဘာသာတက္ကသိုလ်အနီး၊ မန္တလေး။

📞𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 : 09 778 777 807, 09 44 8700 787

22/09/2026

🍁School of Thoughts_16🍁

သိရင်သိ .. မသိရင် တွေးနေမှာပဲ
အတွေးတွေကို သိစိတ်နဲ့ ကိုယ်ကရွေးပြီး တွေးရင်တွေး မရွေးနိုင်ရင် အတွေးတွေက ကိုယ့်ကိုလေးစေလိမ့်မယ်..။

21/09/2026

Knowing yourself as the awareness behind the voice is 💕 FREEDOM.
အသံတွေရဲ့ နောက်ကွယ်က ကိုယ့်ကိုယ်ကို သိနေတဲ့ သိစိတ် ဟာ လွတ်လပ်ခြင်းပါ။
Feeling the oneness of yourself with all things is 🩵 LOVE.

ကိုယ့်ရဲ့ ဖြစ်တည်မှု နဲ့ အရာ အားလုံးနဲ့ တစ်သားတည်း ဖြစ်နေခြင်းဟာ 🩵 ချစ်ခြင်းမေတ္တာပါ။

When YOU lose touch with inner stillness, YOU lose touch with yourself.
When YOU lose touch with yourself,
YOU lose yourself in the world.

အတွင်းစိတ်ရဲ့ ငြိမ်သက်မှု နဲ့ အဆက်ပြတ်သွားတဲ့အခါ၊
ကိုယ်ကိုယ်တိုင် နဲ့ ကိုယ် ဝေးသွားတာ
ကိုယ်နဲ့ ကိုယ် အဆက်ပြတ်သွားတဲ့ အခါ
ကမ္ဘာကြီးမှာ ကိုယ်ပျောက်ဆုံးသွားတာ။

Whenever YOU deeply accept this moment as it is, — no matter what form it takes — YOU are still, YOU are at 🕊️ PEACE.

အခုဖြစ်ရှိနေတဲ့ အတိုင်း ဒီခဏ ကို နက်နက်ရှိုင်းရှိုင်း လက်ခံလိုက်တဲ့ အခါတိုင်းမှာ — ဘယ်လို ပုံစံပဲ ဖြစ်ဖြစ် ပေါ့ — ကိုယ်ဟာ အေးငြိမ်းနေတယ်၊ ငြိမ်းချမ်းနေတယ်။

Mastery of LIFE is the opposite of control.
YOU become aligned with the greater
🌿 CONSCIOUSNESS. It acts, speaks & does the works.

ဘဝ ကို တကယ် ကျွမ်းကျင်ပြောင်မြောက်စွာ ရှင်သန်နိုင်ဖို့ ဆိုရင် ထိန်းချုပ်မှုတွေရဲ့ ဆန့်ကျင်ဘက်မှာရှိတယ်။ ထိန်းချုပ်မှုတွေရဲ့ ဆန့်ကျင်ဘက်မှာ ပိုပြီး ကြီးမြတ်တဲ့ ဉာဏ်သိစိတ် နဲ့ ချိတ်ဆက်မိလာတယ်။ အဲဒီသိစိတ်ကပဲ ပြုမူ ပြောဆို လုပ်ကိုင်သွားတယ်။

Knowing yourself as the awareness behind the voice is 💕 FREEDOM.

အသံတွေရဲ့ နောက်ကွယ်က ကိုယ့်ကိုယ်ကို သိနေတဲ့ သိစိတ် ဟာ လွတ်လပ်ခြင်းပါ။

Stillness Speaks by ~ Echart Tolle
ဘာသာပြန်သူ ~ Yogi Nyein The ULTIMATE

20/09/2026

မနက်ဖြန်ပြန်စမယ့် 5AM Club လေးကို ပါဝင်ချင်တဲ့သူတွေအတွက် Comment မှာလည်း Zoom ID နဲ့ password လေး ရေးပေးထားပါတယ်✨🕊️

တစ်ဦးချင်းလည်း Comment Reply နဲ့ Direct Message ကနေ တတ်နိုင်သမျှ ပို့ပေးထားပါတယ်နော်

5 AM Club မှာ တွေ့ကြမယ်

Topic: ~ Ahimsa & Courage ~
Time: Every Morning 5:00 AM

Join Zoom Meeting [https://us02web.zoom.us/j/81610386793?pwd=T1JjY254NWVlZ3U2SGV4QTdUV2tiZz09]

Meeting ID: 816 1038 6793
Passcode: iamready

ချစ်ရတဲ့ 5 am Angels လေးများသို့… ✨💛✨

"5 AM Club Victory Hour" လေးကို လာမယ့် September 21, 2026 ကစပြီး ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် September 21 ရက်နေ့ မနက် ၅ နာရီတိတိမှာ ချစ်ရတဲ့ Angels လေးတွေအားလုံးနဲ့ အလွမ်းပြေ ပြန်တွေ့ကြမယ်🕊️

ဒီတစ်ခေါက် ပြန်လည်ဆုံတွေ့မှုလေးမှာတော့ "အသစ်တစ်ဖန် ပြန်လည်နိုးထခြင်း ခရီးစဉ်" လေးကို အတူတူ သွားကြမှာပါ။ September 21 ကနေ September 30 အထိ (၁၀) ရက်တိုင်တိုင် ဖြတ်သန်းမယ့် ဒီခရီးစဉ်လေးမှာ ခိုင်ငြိမ်းတို့အားလုံး စိတ်ခွန်အားတွေ ပြည့်ဝစေမယ့် "Hardwiring Happiness" ဆိုတဲ့ စာအုပ်လေးထဲက အနှစ်သာရတွေဆီ အတူတူ ပျော်ဝင်ခံစားကြမယ်နော်... ✨🕊️🌿

စိတ်နှလုံးကို အေးချမ်းစေမယ့် ခွန်အားတွေ အတူတူရှာဖွေရင်း၊ ပျော်ရွှင်ခြင်းတွေကို ကိုယ်တိုင် ဖန်တီးတည်ဆောက်ကြမယ့် မနက်ခင်းလေးတွေအတွက် အခုကတည်းက ရင်ခုန်နေပါပြီ။🤎✨

ဒါကြောင့် စက်တင်ဘာ (၂၁) ရက်နေ့ မနက် ၅ နာရီမှာ အားလုံးပဲ အပြုံးလေးတွေနဲ့ ပြန်ဆုံကြမယ်နော်။

ပါဝင်ချင်တယ်ဆိုရင် “Ready” လို့ Comment မန့်ပေးရုံပါပဲ Zoom Link လေး ပို့ပေးပါမယ် 💕✨

“The greatest work we can do for one another is to work on ourselves”✨

20/09/2026

ချစ်ရတဲ့ 5 am Angels လေးများသို့… ✨💛✨

"5 AM Club Victory Hour" လေးကို လာမယ့် September 21, 2026 ကစပြီး ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် September 21 ရက်နေ့ မနက် ၅ နာရီတိတိမှာ ချစ်ရတဲ့ Angels လေးတွေအားလုံးနဲ့ အလွမ်းပြေ ပြန်တွေ့ကြမယ်🕊️

ဒီတစ်ခေါက် ပြန်လည်ဆုံတွေ့မှုလေးမှာတော့ "အသစ်တစ်ဖန် ပြန်လည်နိုးထခြင်း ခရီးစဉ်" လေးကို အတူတူ သွားကြမှာပါ။ September 21 ကနေ September 30 အထိ (၁၀) ရက်တိုင်တိုင် ဖြတ်သန်းမယ့် ဒီခရီးစဉ်လေးမှာ ခိုင်ငြိမ်းတို့အားလုံး စိတ်ခွန်အားတွေ ပြည့်ဝစေမယ့် "Hardwiring Happiness" ဆိုတဲ့ စာအုပ်လေးထဲက အနှစ်သာရတွေဆီ အတူတူ ပျော်ဝင်ခံစားကြမယ်နော်... ✨🕊️🌿

စိတ်နှလုံးကို အေးချမ်းစေမယ့် ခွန်အားတွေ အတူတူရှာဖွေရင်း၊ ပျော်ရွှင်ခြင်းတွေကို ကိုယ်တိုင် ဖန်တီးတည်ဆောက်ကြမယ့် မနက်ခင်းလေးတွေအတွက် အခုကတည်းက ရင်ခုန်နေပါပြီ။🤎✨

ဒါကြောင့် စက်တင်ဘာ (၂၁) ရက်နေ့ မနက် ၅ နာရီမှာ အားလုံးပဲ အပြုံးလေးတွေနဲ့ ပြန်ဆုံကြမယ်နော်။

ပါဝင်ချင်တယ်ဆိုရင် “Ready” လို့ Comment မန့်ပေးရုံပါပဲ Zoom Link လေး ပို့ပေးပါမယ် 💕✨

“The greatest work we can do for one another is to work on ourselves”✨

18/09/2026

💞 အားလုံးစောင့်မျှော်နေကြတဲ့ 💞 9 days Yoga Foundation RETREAT
🍀 Batch 81 🍀
@ Aura Wellness Centre
Date: September 21 ~ Oct 1 Time: 9:30 am ~ 11:30 am
Place: 40A, Bet 54 x 55, ရဲမွန်တောင်, မန္တလေး
Investment : 250000 kyats
Yoga Trainer & Program Facilitator :
Tr. Khaing Nyein နဲ့အတူ

💕 မိမိရဲ့အတွင်းစိတ်ကို လက်ရှိအရှိတရားကနေ ပိုပြီကောင်းမွန် မြင့်မားတဲ့ အသိတရားရရှိနိုင်ဖို့ နဲ့ သိစိတ်ရှိရှိ ရှင်သန်နိုင်ဖို့

💕 ကိုယ့်မှာရှိတဲ့ တောက်ပတဲ့အလင်းရောင် ကို ကိုယ်တိုင်ရှာဖွေနိုင်မှသာလျှင် အခြားသူတွေရဲ့ အလင်းရောင်ကို အသိအမှတ်ပြုပေးတတ်လာပြီး ဘဝကို အဆင်ပြေပြေလျှောက်လှမ်းနိုင်မှာဖြစ်တဲ့အတွက် ….. ဒီ ၉ရက်သင်တန်းက ကိုယ့်ရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ပန်တိုင်ထိ မှန်ကန်တဲ့ အသိအမြင်ဖြစ်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်ဖို့ စိတ်အလေ့အကျင့်တွေ လက်တွေ့ရှာဖွေနိုင်မယ့် အခွင့်အရေးပါ။

🍀 နေ့စဉ်ဘဝရှင်သန်မှုမှာလည်း မှန်ကန်တဲ့ဘဝနေနည်းနဲ့အတူ ဘဝရဲ့အနှစ်သာရတွေ ရရှိစေဖို့ အထောက်အပံ့ကောင်းတွေဖန်တီးနိုင်မှာပါ။
🧘‍♀️ ယောဂကျင့်စဉ်ကို အခြေခံကျကျ နားလည်ပြီး ယောဂရဲ့အနှစ်သာရကို ကိုယ်တိုင်ရှာဖွေ ခံစား လေ့ကျင့်လိုသူများ၊ ယောဂပညာကို ပြန်မျှဝေနေသူများ
💚မိမိအတွက်အချိန်သီးသန့်ပေးပြီး မိမိစိတ်ကိုမိမိကိုယ်တိုင် လေ့လာချင်သူများ
♥️ မှန်ကန်တဲ့ စိတ်ထားတွေနဲ့ စိတ်၏ ငြိမ်းချမ်းမှုကို တည်ဆောက်ရန် ရည်ရွယ် ထက်သန်သူများ ၊
❤️ ကိုယ့်ဘဝကို ကိုယ်တိုင်ကုစားရင်း အခြားသူများကို ကူချင်သူများ
❤️ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ အသိတွေ ကို အကျင့်တရားထိပြောင်းပြီး လေ့ကျင့်လိုသူများ ...
🧘‍♀️Yoga ပညာရပ် ကို လေ့လာလိုသူများနဲ့ မိမိခန္ဓာကိုယ်စောင့်ရှောက်ခြင်းဖြင့် မိမိစိတ်ကို စောင့်ရှောက်လိုသူများအတွက် ……
ရည်ရွယ်ထားတဲ့ ယောဂ ကျင့်စဉ် ကိုအခြေခံပြီး မိမိကိုယ်ကို အချိန်ပေးနားထောင် သွားမယ့် သင်တန်းဖြစ်ပါတယ်။
To Register >>> CB
🌿🕊️ ၉ ရက် ခရီးစဉ် 🌿🕊️
Day 1 ~ What is Yoga? Day 2 ~ What is Asana? Day 3 ~ Uncovering your true nature. Day 4 ~ Social Ethics Day 5 ~ Personal Practices Day 6 ~ Power of Thoughts & Transformation Day 7 ~ 7 Chakras Day 8 ~ 8 Limbs of Yoga Day 9 ~ Essence of Yoga
အတွေ့အကြုံသစ်/အတွေးအမြင်သစ်/ရှုထောင့်သစ် တစ်ခုဆီကို 🍀 ရောက်ပြီးတဲ့ စိတ်🍀တစ်ခု ဟာ ရှုထောင့်ဟောင်း/ အတွေးအမြင်ဟောင်း တွေဆီ ဘယ်တော့မှ ပြန်မသွားတော့ဘူး...။
~~~~~~~~~~~~~~~~~~~
" A mind that is stretched by a new experience can never go back to its old dimensions. "
~ Oliver Wendell Holmes
~~~~~~~~~~~~~~~~

17/09/2026

နေ့စဉ်ဘဝမှာ တို့အားလုံးဟာ စိတ်ခံစားချက်တွေနောက်ကိုပဲ လိုက်ပြီး တုံ့ပြန်တတ်ကြတယ်နော်။ ခံစားချက်တွေရဲ့အလွန်ကို သွားပြီး "ဘာကြောင့် ဒီလိုခံစားရတာလဲ၊ ဘာကြောင့် ဒီလိုအတွေးတွေ ဝင်လာတာလဲ" ဆိုတာကို လိုက်ကြည့်ဖြစ်ဖို့ မေ့နေတတ်ကြပါတယ်။

တကယ်တော့ သက်တောင့်သက်သာမဖြစ်တဲ့ အစွန်းတစ်ဖက်ကို တွန်းပို့တာ၊ ကိုယ့်ရဲ့ Limit ကို အတင်းချဲ့ချင်တာတွေဟာ Ahamkara လို့ခေါ်တဲ့ (အတ္တ/Ego) ရဲ့ သဘောသဘာဝလေးပါပဲ။ ယောဂကျင့်ဖူးတဲ့သူတွေဆိုရင် သိပါလိမ့်မယ်... ဒီလို အတ္တနောက်ကို လိုက်သွားပြီဆိုရင် Mindfulness လွတ်သွားပြီး ခန္ဓာကိုယ်ကို ထိခိုက်ဒဏ်ရာရစေတတ်ပါတယ်။

ဥပမာ - ခန္ဓာကိုယ်ကို Stretching လုပ်တဲ့အခါ ကိုယ်လုပ်နိုင်တဲ့ ပမာဏထက် ကျော်လွန်သွားရင် ကြွက်သားတွေက ပြန်ကျုံ့သွားတတ်ပါတယ်။ ဒီလိုမဖြစ်ဖို့ လောဘဇောလေးတွေကို ခဏဖယ်ထားဖို့ လိုပါတယ်နော်။ "ကိုယ့်ရဲ့ အသက်ရှူခြင်းဟာ ကိုယ့်ရဲ့ လမ်းညွှန်၊ ကိုယ့်ရဲ့ ဆရာပါပဲ"။ ကိုယ့်ရဲ့ Limit ကို ကိုယ်တိုင်ကလွဲပြီး ဘယ်သူကမှ အတိအကျ မသိနိုင်ပါဘူး။

အသက်ရှူရတာ ခက်လာပြီဆိုရင် အဲဒီနေရာမှာတင် ခဏလေးရပ်ပြီး တင်းကြပ်နေတာတွေကို လျှော့ချလိုက်ပါ။ အဲဒီလို သတိလေးကပ်ပြီး လျှော့ချလိုက်နိုင်မှသာ ပိုပြီးသွားနိုင်တဲ့ နေရာတစ်ခုဆီကို အေးအေးချမ်းချမ်းလေး ရောက်သွားမှာပါ။ 🌬️🤍

Asana လေးတွေ လုပ်တဲ့အခါ ဘယ်နေရာမှာ တင်းနေလဲ၊ ဘယ်နေရာမှာ သတိလွတ်သွားလဲ ဆိုတာကို Buddhi (ဉာဏ်) ကနေ သိမြင်ပြီး ထိန်းကျောင်းပေးမှသာ အမှန်တကယ် စိတ်ပါဝင်စားတဲ့ Mindful practice လေး ဖြစ်လာမှာပါ။ ဉာဏ်နဲ့ ထိန်းကျောင်းပြီး လွှတ်ချလိုက်တဲ့အခါမှသာ ကိုယ့်ရဲ့ Limit လေးတွေက သဘာဝကျကျ ကျယ်ပြန့်လာပါတယ်။ ဒီလို အတင်းအကျပ် မဟုတ်ဘဲ နူးညံ့စွာ လွှတ်ချခြင်းဟာ ချစ်ခြင်းမေတ္တာ၊ စာနာစိတ်တွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် နားလည်လက်ခံပြီး လက်နက်ချလိုက်တာပါပဲ။ လက်မြှောက်အရှုံးပေးတာမဟုတ်ဘဲ ဉာဏ်ပညာနဲ့ ရှေ့ဆက်သွားတာမျိုးပေါ့။ 🌸

ကိုယ့်မှာလည်း အားနည်းချက်တွေ ရှိတယ်ဆိုတာကို လက်ခံနိုင်သွားတဲ့အခါ တခြားသူတွေရဲ့ မပြည့်ဝမှုတွေကိုလည်း အပြစ်မမြင်တော့ပါဘူး။ ဒီလို အပြစ်မမြင်ခြင်းကပဲ နွေးထွေးတဲ့ ရင်ခွင်တစ်ခုကို ဖန်တီးပေးတာပါ။ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး နွေးထွေးမှုမပေးနိုင်ရင် တခြားသူကိုလည်း ပေးနိုင်မှာ မဟုတ်ဘူးလေ။ 🫂

ဗုဒ္ဓမြတ်စွာဘုရားက "ကိုယ့်အတွက် အကြီးမားဆုံး ရန်သူက ကိုယ့်အထဲမှာပဲ ရှိတယ်" လို့ ဟောကြားခဲ့သလို၊ အကောင်းဆုံး မိတ်ဆွေဖြစ်တဲ့ ဉာဏ်ပညာကလည်း ကိုယ့်အထဲမှာပဲ ရှိနေပါတယ်။

ကိုယ်တိုင်လည်း အများနည်းတူ သာမန်လူတစ်ယောက်ပါပဲလို့ မြင်လိုက်တဲ့အခါ စိတ်မရှည်တာတွေ၊ အားမလိုအားမရ ဖြစ်တာတွေ ပျောက်သွားပြီး Buddhi ဆိုတဲ့ ဉာဏ်ပညာဆီကို ရောက်သွားပါတယ်။ ကိုယ်ချင်းစာတာထက် စာနာစိတ်က ပိုပြီးနက်နဲပါတယ်။ ကိုယ်ချင်းစာတာက "ငါကြိုက်မှ သူကြိုက်မယ်" ဆိုတဲ့ အတ္တလေး ပါနေတတ်ပေမယ့်၊ စာနာစိတ်ကတော့ ကိုယ့်အတ္တကို ခဏချွတ်ပြီး သူ့နေရာကနေ ဝင်ခံစားပေးတာမို့ ဒီလိုခံစားပေးနိုင်ဖို့ ဉာဏ် (Buddhi) လေး လိုအပ်ပါတယ်နော်။ 🌿

ဒီလို နားလည်သွားတဲ့အခါ သာယာခြင်း၊ နာကျင်ခြင်းဆိုတဲ့ အစွန်းနှစ်ဖက်က ကိုယ့်ကို မလှုပ်ခတ်နိုင်တော့ဘဲ ပျော်တဲ့အခါ မာန်မတက်သလို၊ နာကျင်ရတဲ့အခါလည်း စိတ်ဓာတ်မကျတော့ဘဲ တည်ငြိမ်မှုကို ရရှိလာမှာပါ။ ⚖️

တကယ်တော့ Buddhi ဆိုတဲ့ ဉာဏ်ဟာ ကျွန်မတို့အားလုံးရဲ့ စိတ်ထဲမှာ ကိန်းအောင်းနေပြီးသားပါ။ ဒါပေမဲ့ Ahamkara (Ego) ကို တစ်သက်လုံး ကြီးစိုးခွင့်ပေးထားတဲ့အခါ သူက ပိုအားကောင်းနေတာပါ။ ဆရာတော်တွေ မိန့်လေ့ရှိတဲ့ "ခွေးဖြူလေးနဲ့ ခွေးမည်းလေး ကိုက်ရင်၊ ကိုယ် အစာပိုကျွေးတဲ့ ခွေးက နိုင်မှာပဲ" ဆိုတဲ့ ဥပမာလေးလိုပေါ့။

ယောဂကျင့်တဲ့အခါ "ငါ ဘယ်လောက်တောင် ကွေးနိုင်ဆန့်နိုင်နေပြီလဲ" ဆိုတဲ့ အတ္တကိုပဲ အစာကျွေးနေရင် နောက်ဆုံးမှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ဝင်လာတတ်ပါတယ်။ Buddhi ကို နေရာမပေးတဲ့အခါ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေ ဖြစ်လာတတ်တာမို့...

"ကိုယ့်ကိုယ်ကိုယ် သတိကပ်ပြီး သိမြင်နားလည်ခြင်းဟာ တို့အားလုံးအတွက် အကောင်းဆုံးဆေးတစ်ခွက်" ပါပဲ။ 🍵✨

Source: 5AM Club Day 95

Youtube Link

https://youtu.be/SAsxmW0B4vs?si=dNGcqU_4ujrVUGrS

15/09/2026

🍁School of Thoughts_15🍁

ဘယ်လိုခွင့်လွှတ်ရမှန်းမသိရင်
ခွင့်လွှတ်ချင်တယ်လို့ပဲ တွေးကြည့်ပေးပါ …. ။

14/09/2026

🍁စစ်မှန်တဲ့ ယောဂ ဆိုတာ ခန္ဓာကိုယ် ပုံပန်းသဏ္ဍန် မဟုတ်ပါဘူး၊ စစ်မှန်တဲ့ ယောဂဆိုတာ ကိုယ့်ဘဝရဲ့ ပုံသဏ္ဌာန် ပါ။

ယောဂကို အစွမ်းပြဖို့ မဟုတ်ပါဘူး၊ ယောဂ ဟာ ရှင်သန်နေထိုင်ဖို့ပါ။

ယောဂ ဟာ ကိုယ်ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဂရုမစိုက်ပါဘူး၊ ယောဂ ဟာ ကိုယ်ဘယ်လိုလူ ဖြစ်လာသလဲဆိုတာ ကိုပဲ အရေးစိုက်တာပါ။

ယောဂကို ကျယ်ပြန့်ပြီး အလွန်လေးနက် သိမ်မွေ့တဲ့ ရည်ရွယ်ချက်တွေနဲ့ ပုံစံချထားတယ်၊ ယောဂလို့ အမှန်တကယ် ခေါ်ဆိုနိုင်ဖို့ဆိုရင် ယောဂရဲ့ အနှစ်သာရတွေကို အကောင်အထည်ဖော်နိုင်မှ ရမယ်။
~ဘာသာပြန် ယောဂီငြိမ်း

Yoga Journal
True Yoga is not about the shape of your body, but the shape of your life. Yoga is not to be performed; Yoga is to be lived. Yoga doesn't care about what YOU have been,
Yoga cares about the person YOU are becoming. Yoga is designed for a vast and profound purpose, and for it to be truly called Yoga, its essence must be embodied.

~ Aadil Palkhivala
ဘာသာပြန် Yogi Nyein

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด ร้านเสริมสวย ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ The Ultimate Yoga Studio โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok