Her Maryverse
✨Stories, growth, and soft reminders. I overshare my thoughts while healing in public. 🌸
အပေးနဲ့အယူကြားက ကျွန်မရဲ့ social life တစ်ပါတ်တာ
အလုပ်နဲ့ အိမ်၊ အိမ်နဲ့အလုပ်က အခန်းတစ်ခုထဲမှာဖြစ်နေတဲ့ ကျွန်မရဲ့ တစ်ပါတ်တာ ကို ဘယ်လိုဖြတ်သန်းဖြစ်လဲ။🤍
17/08/2026
ဒီမှာ ဘာမှမတင်ဖြစ်တာ နှစ်ရက်လောက်ရှိပြီဆိုတော့ little life update လေးပေါ့။ 🤍
အလုပ်လုပ်လိုက်၊ ဟိုဟိုဒီဒီသွားလိုက်၊ စားလိုက်၊ စာဖတ်လိုက်… ကြားထဲမှာလည်း တွေ့သမျှ ဓာတ်ပုံရိုက်ထားလိုက်နဲ့ ဘဝကို အေးအေးလူလူဖြတ်သန်းဖြစ်နေပါတယ်။ ☺️
14/08/2026
English below ↓
အခုတလော Algorithm က ကျွန်မရဲ့ video တွေကို ဘယ်လို audience ဆီ တွန်းပို့နေမှန်းတော့ မသိဘူး။ ဒါပေမဲ့ တချို့ video တွေက ရောက်သင့်တဲ့ audience မဟုတ်တဲ့သူတွေဆီ ရောက်နေသလိုပဲ။
ဒါကြောင့် တစ်ခုတော့ ရှင်းရှင်းလေး ပြောထားချင်ပါတယ်။
ဒီ page က အဓိကအားဖြင့် မိန်းကလေးတွေအတွက် ဖန်တီးထားတဲ့ နေရာလေးပါ။ ဘဝအကြောင်း၊ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်တဲ့အကြောင်း၊ ပြန်လည်ကုစားရတဲ့အကြောင်းနဲ့ ဘဝကို ဖြတ်သန်းရင်း ရလာတဲ့ အတွေးလေးတွေကို မျှဝေပါတယ်။
ဒီလိုအကြောင်းအရာတွေ၊ reflection တွေ၊ personal growth နဲ့ပက်သက်တာတွေကို စိတ်ဝင်စားလို့ ဒီမှာရှိနေတဲ့ ယောက်ျားလေးဆိုရင်တော့ ကြိုဆိုပါတယ်။ 🤍
ဒါပေမဲ့ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို လိုက်ကြည့်ဖို့၊ body နဲ့ပတ်သက်ပြီး မသင့်တော်တဲ့ comment တွေရေးဖို့၊ ရိုးရိုးသာမန် video တစ်ခုကို sexualize လုပ်ဖို့ ရောက်လာတာဆိုရင်တော့ ဒီ page က ရှင်တို့အတွက် မဟုတ်ပါဘူး။
ရှင်တို့ရှာနေတဲ့အရာတွေအတွက် Internet ပေါ်မှာ တခြားနေရာတွေ အများကြီးရှိပါတယ်။ ဒီနေရာတော့ မဟုတ်ဘူး။
ပြီးတော့ ကျွန်မရဲ့ body နဲ့ပတ်သက်ပြီး မသင့်တော်တဲ့ comment ရေးတာနဲ့ ချက်ချင်း block ပါမယ်။
ဒီမှာ ကျွန်မတည်ဆောက်ချင်တာက ကိုယ့်ကိုယ်ကို ပိုချစ်တတ်ဖို့၊ ပိုနားလည်တတ်ဖို့နဲ့ အတူတူတိုးတက်သွားနိုင်မယ့် community လေးတစ်ခုပါ။ အဲ့ဒီနေရာလေးကိုတော့ ကျွန်မကာကွယ်ထားချင်ပါတယ်။ 🤍
—
I’m not sure where the algorithm has been pushing my videos lately, but apparently some of them have reached the wrong audience.
So let me make something clear.
This page is mainly a space for women. I talk about life, self-growth, healing, and the things we experience while trying to figure ourselves out.
If you’re a man and you genuinely enjoy these conversations, reflections, and personal growth, you’re absolutely welcome here too.
But if you’re here to stare at women’s bodies, leave inappropriate comments, or sexualize a completely normal video, this page is not for you.
There are plenty of places on the internet for whatever it is you’re looking for. This isn’t one of them.
And if you leave inappropriate comments about my body, I will block you instantly.
I’m trying to build a space where people can reflect, grow, and feel comfortable being themselves. And that’s a space I intend to protect.
ခြေလှမ်းစလှမ်းဖို့ တွန့်ဆုတ်ခဲ့တဲ့ရက်တွေ မှတ်မိလား။
စိုးရိမ်စိတ်အပြည့်နဲ့
“ငါလုပ်နိုင်ပါ့မလား” ဆိုပြီးတော့လေ။
ဒီခြေလှမ်းတစ်လှမ်းကို လှမ်းဖို့တောင် သတ္တိအများကြီးလိုခဲ့တာမဟုတ်လား။
ဒါကြောင့် ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်
အရင်ဆုံး လှမ်းရဲခဲ့တဲ့ ကိုယ့်ကိုယ်ကို ဂုဏ်ယူပေးဖို့လည်း မမေ့သင့်ဘူးလေနော်။
- Mary (Her Maryverse)
နေဝင်ချိန်တွေကို ကြည့်ရတာ ကျွန်မသဘောကျတယ်။
ခဏလေးပဲ လှနေမယ်ဆိုတာ သိပေမယ့်
မြင်တိုင်းလည်း ရပ်ကြည့်မိတယ်။
တစ်ခါတလေ ဓာတ်ပုံရိုက်ထားမိတယ်။
ပြီးတော့ စဉ်းစားမိတယ်…
ကျွန်မဘဝထဲမှာလည်း
နေဝင်ချိန်တွေလို အရာတွေ အများကြီးရှိခဲ့တာပဲလို့။
တစ်ချိန်က ကိုယ့်အတွက် အရေးကြီးခဲ့တဲ့ အချိန်တွေ၊
ကိုယ်နေခဲ့ဖူးတဲ့ နေရာတွေ၊
တွေ့ဆုံခဲ့ဖူးတဲ့ လူတွေ၊
ပြန်တွေးမိတိုင်း သတိရနေမယ့် အမှတ်တရတွေ…
အခုချိန်မှာ အရင်အတိုင်း မရှိတော့ပေမယ့်
အဲ့ဒီအရာတွေ မတည်မြဲခဲ့လို့
အဓိပ္ပာယ်မရှိခဲ့တာတော့ မဟုတ်ဘူးလေ။
တချို့အရာတွေက
အမြဲတမ်းရှိနေဖို့ မလိုဘူးထင်တယ်။
ရှိနေခဲ့တဲ့အချိန်မှာ
ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တယ်။
အမှတ်တရကောင်းလေးတစ်ခု ချန်ထားခဲ့တယ်။
ဒါနဲ့တင် လုံလောက်တာလည်း ဖြစ်နိုင်တယ်။
နေဝင်ချိန်တစ်ခုလိုပဲ…
ခဏလေးပဲ ဖြစ်ခဲ့ရင်တောင်
လှခဲ့တာကတော့ လှခဲ့တာပဲ။ 🤍
တစ်စုံတစ်ယောက်အတွက် ခွန်အားလေးဖြစ်လိုဖြစ်ငြား… 🤍
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ကျွန်မဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ အရာတချို့နဲ့ အဲ့ဒီအရာတွေကြားကနေ ကိုယ့်ကိုယ်ကို တဖြည်းဖြည်း ပြန်ကုစားခဲ့ရတဲ့အကြောင်းလေးကို ဒီ video မှာ မျှဝေပေးထားပါတယ်။
တကယ်တော့ ဒီအကြောင်းကို ပြောချင်နေတာ ကြာပြီ။ ဒါပေမဲ့ ပြန်ပြောဖို့အတွက်တော့ သတ္တိလေးနည်းနည်း လိုခဲ့တယ်။
Video လေးက နည်းနည်းရှည်ပါတယ်။
ဒါပေမဲ့ အခုအချိန်မှာ ခက်ခဲတဲ့အရာတစ်ခုခုကို တစ်ယောက်တည်း ကြိုးစားဖြတ်သန်းနေရတဲ့သူရှိရင်…
“ငါလည်း တဖြည်းဖြည်း အဆင်ပြေသွားနိုင်မှာပါ” ဆိုတဲ့ မျှော်လင့်ချက်လေးဖြစ်ဖြစ်၊ ရှေ့ဆက်ဖို့ ခွန်အားလေးနည်းနည်းဖြစ်ဖြစ် ရသွားတယ်ဆိုရင်…
ဒီအကြောင်းတွေကို ပြန်ပြောပြရကျိုးနပ်ပါပြီ။ 🤍
— Mary (Her Maryverse) 🤍
ဖတ်နေတဲ့ ဇာတ်လမ်းက မပြီးသေးဘူးလေ။ 📖 🤍
#ဘဝအတွေးအမြင်
ဆုံးဖြတ်ချက်တိုင်းက
ကိုယ်မျှော်လင့်ထားသလို
ဖြစ်လာမယ်လို့ အာမခံချက်မရှိဘူး။
ဒါကြောင့်
ဖြစ်မလာသေးတဲ့အရာတွေကို
ထပ်ခါထပ်ခါ စိတ်ပူပြီး
ကိုယ့်ဆုံးဖြတ်ချက်ကို
ပြန်မေးခွန်းထုတ်နေပြီး စိတ်မောရတာထက်
“ငါအကောင်းဆုံးဆုံးဖြတ်ပြီးပြီ” ဆိုပြီး လွှတ်ချတတ်ရင် အကောင်းဆုံးပဲတဲ့။
คลิกที่นี่เพื่อเป็นสมาชิก?
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Ranong
