PDF Channel
ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก PDF Channel, Tha Thong
မန္တလေး သိပ္ပံလမ်းမပေါ်ရှိ နိုဘယ်လ်စင်တင်တေးဂီတဆိုင် မီးလောင်မှုဖြစ်ပွား
မန္တာလေး၊ ဇွန် ၂၂
မန္တလေးမြို့၊ သိပ္ပံလမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် နိုဘယ်လ်စင်တင် တေးဂီတဆိုင်တွင် ဒီကနေ့ ဇွန်လ ၂၂ ရက်၊ နေ့လယ်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
၇၃×၇၄ လမ်း၊ သိပ္ပံလမ်း၊ (က.ည.န) ရုံးနဲ့ မျက်နှာချင်းဆိုင်မှာ ဖွင့်လှစ်ထားသည့် နိုဘယ်လ်စင်တင်တေးဂီတဆိုင်တွင် ဒီကနေ့ ဇွန်လ ၂၂ ရက်၊ နေ့လယ်ပိုင်းမှာ စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး နေ့လယ် ၁ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မန္တလေးဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မြဝတီ&မဲဆောက်မီဒီယာမှ အသေးစိတ်သတင်းအချက်အလက်များ အတည်ပြုနိုင်ခြင်း မရှိသေးပါ။
PDF Channel
မနေ့က မတ်တရာမြို့နယ် ဒလန်ရှင်းလင်းပွဲသွားရင်း သတင်းပေါက်ကြားပီး ခေါင်းဆောင်အပါအဝင် ၆ ဦး
သေဆုံးခဲ့ရတဲ့ သတင်း လူတိုင်းသိမှာပါ...... 💔😢
#မသေခင်ဘယ်လောက်နှိပ်စက်ထားသလဲ
ခု video မှာသာကြည့်ကြပါတော့ 😭😭😭
PDF Channel
အမေ့အီမ်
NUG/PDF လိုအပ်နေတဲ့
တာဝေးပစ်ဒရုန်းတွေကို
ချက် သမတ္တနိုင်ငံက ကူညီးပေးမည် #
မအလ စကစသူခိုးအုပ်စု ဿရဏဂုံ တင်းထားပေါ့ကွာ #
11/06/2022
ဆာလောင်နေတဲ့ဒဏ်ကို ဖြေရှင်းဖို့
အစာတစ်လုပ်ကို အသက်နဲ့ ရင်းပြီး ထွက်ရှာရတယ်...
လူကိုလည်း ကြောက်ရ...
ခွေးကိုလည်း ကြောက်ရ...
ကြောင်ကိုလည်း ကြောက်ရ...
ဒီကြားထဲ
ဘာမှန်းမသိတဲ့ သက်မဲ့ထောင်ချောက် တွေကိုလည်း ကြောက်ရ...
သံပြားလေးပေါ်က ပိုင်ရှင်မဲ့တဲ့ အသားလေးတစ်တုံးကို
ရိုးရိုးသားသားသွားဖြုတ်စားမိတာ
ချက်ကနဲ မြည်လိုက်တဲ့ မောင်းတံဖြုတ်သံလေးမှာ
ခါးတစ်ပိုင်း ပြတ်သွားရတယ်...
ဗိုက်ဆာလွန်းလို့ ကောက်စားမိလိုက်ပါတယ်...
ဝမ်းဗိုက်တစ်ခုလုံး နာကျင်ခံစားပြီး
အသက်ဆုံးရှုံးသွားရတယ်...
(အဆိပ္ဆိုတဲ့ စကားလုံးကို သူတို့ မသိရွာဘူး)
အရှေ့မှာ အစာလေးမြင်လို့
ငါ့ကလေးတွေအတွက် ညစာတော့ ရပြီဟေ့ ဆိုပြီး
အပြေးလေးအသွား...
ခြေလှမ်းတွေက ရှေ့ဆက်မရောက်တော့...
အလွန် စေးကပ်တဲ့ စက္ကူရွက် တစ်ရွက်ပေါ်
တစ်ကိုယ်လုံး ဘုံးဘုံးလဲပြီး သေဖို့အချိန်ကို
တုတ်တုတ်မှ လှုပ်ခွင့်မရဘဲ စောင့်နေရ ရှာ...
ပြန်မလာနိုင်တဲ့ အမေကို
ချောင်ထဲကနေ မျှော်နေကြတဲ့ သားပေါက်လေးတွေလည်း ဆာလောင်နေကြရောပေါ့...
ကြွက်ဆိုတဲ့ သတ္တဝါက ပစ္စည်းတွေကို
ဖျက်ဆီးတတ်တာမှန်ပါတယ်...
လူဆိုတဲ့ သတ္တဝါတွေလောက်တော့
သဘာဝပတ်ဝန်းကျင်ကို ဒုက္ခမပေးတတ်ကြပါဘူး.....
ကြွက်လေးတွေဟာ ဖျက်ဆီးသူများဟု ခေါင်းစဉ် တပ်ခါခံရပါက လူလောကကြီးကို ချယ်လှယ်ဖျက်ဆီးနေသော လူသားများမှာ အဘယ်ဆိုဖွယ်ရှိသနည်းး....
🔰 စာဖတ်ပရိတ်သတ်များအား.အမြဲလေးစားလျှက်...📓
PDF Channel
10/06/2022
ကရင့်ခေါင်းဆောင် စောဘဦးကြီး အကြောင်း မသိရသေးသူများအတွက် ပြန်လည် တင်ပြလိုက်ပါသည်။
“ စောဘဦးကြီး ” ဟူသော နာမည် ကြားလိုက်သည်နှင့် ကရင်အမျိုးသား ခေါင်းဆောင်ကြီးဟု သိကြသည်။
စောဘဦးကြီးသည် ဘုရင်ခံ ဆာဟူးဘတ်ရန်စ် လက်ထက်တွင် ၀န်ကြီးအဖြစ်မှ မနုတ်ထွက်ဖြစ်ခဲ့ပါက မြန်မာအာဇာနည် ခေါင်းဆောင်များစာရင်းတွင် ပါ၀င်သွားနိုင်သည်။
ကရင်အမျိုးသားရေးစိတ်ဓာတ် ရှင်သန်သောကြောင့် ၀န်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။
စောဘဦးကြီးကို ၁၉၀၅ ခုနှစ်တွင် ပုသိမ်မြို့မှ မိုင် ၄၀ ခန့်ကွာဝေးးသော “ ဘဲဂရက် ” ရွာ၌ မွေးဖွားခဲ့သည်။ အဘမှာ စောသာမြတ် ဖြစ်သည်။
စောဘဦးကြီးသည် ပုသိမ်မြို့ပေါ်ရှိ နီကယ်စကောကရင် အထက်တန်းကျောင်းနှင့် မော်လမြိုင်မြို့ရှိ မစ္စတာ၀က်ဒက်၀ဖွန်ကျောင်း တို့တွင် ပညာသင်ကြားခဲ့သည်။
၎င်းနောက် ဗြိတိန်နိုင်ငံသို့သွားရောက်၍ ဥပဒေတန်း တက်ခဲ့ပြီး အင်္ဂလန်သူနှင့် အိမ်ထောင်ထူခဲ့သည်။
သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကားခဲ့ပြီး ၀တ်လုံဘွဲ့ရရှိသောအခါ မိသားစုအားလုံး နှင့်အတူ ပုသိမ်မြို့ ကန်သုံးဆင့်အရပ်တွင် နေထိုင်ခဲ့ကာ ရှေ့နေလိုက်ခြင်းဖြင့် အသက်မွေးမြူမှုပြုခဲ့သည်။
စောဘဦးကြီးသည် ပညာတတ်ရှေ့နေဖြစ်သည့်အပြင် ဥစ္စာဓန ကြွယ်၀ချမ်းသာမှုကြောင့် ထင်ပေါ် ကျော်ကြားလာသည်။
၁၉၄၂ ခုနှစ်၊ ဂျပန်ခေတ်တွင် ဒေါက်တာဘမော်အစိုးရလက်ထက် ကရင်-ဗမာ သင့်မြတ်ရေး ကရင်-ဗမာ ပြဿနာ ဖြေရှင်းရေးတို့အတွက် စောဘဦးကြီး၊ စောစံစီဖိုး၊ စောဘမောင်၊ ဆရာသာထို၊ မန်းဘခင်၊ စောဖားစ၊ ဒေါက်တာစောလှထွန်း တို့ပါ၀င်သော KCO ကရင်အဖွဲ့ချုပ်ကို ဖွဲ့စည်းပေးခဲ့သည်။ ယင်းအဖွဲ့တွင် အစိုးရအဖွဲ့၏ ကိုယ်စားလှယ်များအဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ ပအိုဝ့့်ဦးလှဖေတို့ ပါ၀င်ခဲ့သည်။
၁၉၄၅ ခုနှစ်၊ ဇွန်လတွင် KCO ညီလာခံကျင်းပခဲ့သည်။ ယင်းညီလာခံတွင် စောဘဦးကြီး ဗဟိုကော်မတီ၀င် ဖြစ်လာသည်။ ကရင်-ဗမာ သွေးစည်းရေးအတွက် ဖဆပလနှင့် ပူးပေါင်းဆောင်ရွက်လိုသော လူငယ်အစည်းအရုံး KYO အဖွဲ့၀င်များနှင့် KCO တို့ သဘောထားကွဲလွဲ ခဲ့ကြသည်။
စောဘဦးကြီးက ရွေးကောက်ပွဲကို ဆန္ဒပြမည့်ဘက်က ရပ်တည်သည်။ ၁၉၄၇ ခုနှစ်၊ မတ်လ(၁၂)ရက်နေ့တွင် စောဘဦးကြီးက ပုသိမ်မြို့့၌ အစည်းအဝေးတစ်ရပ်ခေါ်ယူပြီး ကရင်တိုင်းရင်းသားများအနေဖြင့် ရွေးကောက်ပွဲအား သပိတ်မှောက်ရန် တိုက်တွန်းခဲ့သည်။
စောစံဖိုးသင်နှင့် မန်း၀င်းမောင် တို့က ရွေးကောက်ပွဲ၀င်မည် ဆိုသောအခါ စောဘဦးကြီးက နယ်များတွင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးတရားများ ဟောပြောခဲ့သည်။
ထိုစဉ်က ဘုရင်ခံအနေဖြင့် စောဘဦးကြီးအား အစိုးရအဖွဲ့မှ နှုတ်ထွက်ခွင့်ပြုလိုက်ပြီး စောဘဦးကြီး၏ နေရာတွင် KNU အဖွဲ့ချုပ် ဥက္ကဌဟောင်း စောစံဖိုးသင်အား ခန့်ထားလိုက်သည်။စောစံဖိုးသင် ၀န်ကြီးဖြစ်လာသည်။
စောဘဦးကြီးသည် ဘုရင်ခံ ၊ ဖဆပလ အဖွဲ့ချုပ်တို့နှင့် သဘောထားအယူအဆ ကွဲလွဲမှုများ ဖြစ်ခဲ့သည်။
စောဘဦးကြီးက “ တနင်္သာရီတိုင်းအား သီးခြားကရင်ပြည်နယ် ထူထောင်ပေးရန် ’’ ဟူသော တောင်းဆိုချက်ကို တစိုက်မက်မက်တောင်းဆိုခဲ့သည်။
၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပြီး နောက်ပိုင်းတွင်လည်း သီးခြားပြည်နယ် ရရှိရေးကိုသာ အစဉ်တစိုက် တိုက်တွန်းနှိုးဆော်ခဲ့သည်။
၁၉၄၈ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် လူ၊ လက်နက် ပြည့်စုံနေသော KNU တို့သည် အင်္ဂလိပ်တို့၏ အဖက်ဖက်မှ ထောက်ပံ့ပေးမှုတို့နှင့် အင်အားကြီးမားလာပြီး ၃-၇-၁၉၄၈ ရက်နေ့တွင် သထုံမြို့ကို သိမ်းပိုက်ခဲ့သည်။
စောဘဦးကြီးတို့က “ သံလွင်ခရိုင်၊ တနင်္သာရီတိုင်း၊ မြစ်၀ကျွန်းပေါ်ဒေသ၊ တောင်ငူခရိုင်နှင့် သံတောင်နယ် ’’ တို့အား သီးခြား ကရင်ပြည်နယ်တောင်းဆိုခဲ့ရာ မြန်မာအစိုးရက မလိုက်လျောသည့်အတွက်
၁၉၄၉ ခုနှစ်တွင် ကရင်လက်နက်ကိုင်တပ်များ အတိအလင်း လက်နက်စွဲကိုင် တော်လှန် လာကြတော့သည်။
မြန်မာတပ်မတော်မှ ကရင်လက်နက်ကိုင်တပ်များရှိ လက်နက်များအား သိမ်းယူရန် အမိန့်ထုတ်လိုက်သည်။
ဤတွင် kNDO တို့သည် အတိအလင်း တော်လှန်ရေး စတင်ကြတော့သည်။
၁။ လက်နက်ချစကား အလျဉ်းမပြောရ
၂။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးမည်
၃။ ကရင့်လက်နက် ကရင်လက်ထဲရှိရမည်
၄။ ကရင်ပြည်သတ်မှတ်ခြင်း ပြီးပြည့်စုံရမည်
စသည့် မူလေးချက်ကို စောဘဦးကြီးမှ ချမှတ်ခဲ့သည်။
စစ်မျက်နှာသည် ရန်ကုန်ဆင်ခြေဖုံး အင်းစိန်၊ ကြို့ကုန်းထိရောက်ရှိခဲ့သည်။ အင်းစိန်တိုက်ပွဲတွင် မြန်မာစစ်တပ်၏ အပြင်းအထန် တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရသည်။
၎င်းနောက် တဖြည်းဖြည်း ပြန်လည်ဆုတ်ခွာခဲ့ရပြီး ၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် KNDO တို့၏ အကြီးဆုံး ခံတပ်ဖြစ်သည့် စာဗူးတောင်းရွာကြီးကို လွှတ်လိုက်ရသည်။ ထိုသို့ တဆင့်ပြီးတဆင့် ဆုတ်ခွာခဲ့ရာ ကော့ကရိတ်ထိ ဆုတ်ခွာခဲ့ရသည်။
၁၉၄၉ ခုနှစ်၊ သြဂုတ်လ (၁၀) ရက်နေ့တွင် စောဘဦးကြီး မိတ်ဆွေ ကပ္ပတိန်ဘီဘီယမ်းနှင့် ဘေကာတို့အဖွဲ့သည်
ကော့ကရိတ်နှင့် သထုံနယ်စပ်အကြား ``ထော့ကိုကိုး ” ရွာတွင် ရောက်ရှိနေကြောင်း သစ္စာဖောက် ကရင်တစ်ဦး၏ သတင်းပေးမှုကြောင့် မြန်မာတပ်မှ တပ်စိတ်တစ်စိတ်၏ လက်ဦးရယူ ၀င်ရောက် စီးနင်းခြင်းခံလိုက်ရသည်။
စောဘဦးကြီး လက်နက်မချခဲ့။
အမေရိကန်လုပ် ကာဘိုင်သေနတ်ကိုဆွဲ၍ စတင်ပစ်ခတ်သည်နှင့် ဘီဘီယမ်းနှင့် ဘေကာတို့ကလည်း ပစ်ခတ်ခဲ့ကြသည်။ သို့သော် အင်အားချင်း မမျှသဖြင့် စောဘဦးကြီး ကျဆုံးခဲ့ရသည်။ စောဘဦးကြီးနှင့်အတူ ကပ္ပတိန် ဘီဘီယမ်း၊ ဘေကာနှင့် သက်တော်စောင့်နှစ်ဦး ကျဆုံးခဲ့လေသည်။
စောဘဦးကြီး၏ အလောင်းကို “ထော့ကိုကိုး” ကျေးရွာမှ ၂၁ မိုင်မျှဝေးသော ကော့ကရိတ်သို့ သယ်ခဲ့ကြသည်။ ယင်းနောက် မော်လမြိုင်ဆေးရုံးကြီးသို့ ဆက်လက် သယ်ဆောင်ခဲ့ကြသည်။ ၁၅-၈-၁၉၅၀ပြည့် နံနက် ၉ နာရီတွင် စောဘဦးကြီး အလောင်းကို မော်လမြိုင်ဆေးရုံကြီးမှ ကျိုက္ခမီပင်လယ်၀သို့ မော်တော်ဖြင့် သယ်ဆောင်သွားကြသည်။ မော်တော်ပေါ်တွင် ခရစ်ယာန်ထုံးစံအတိုင်း သရဏဂုံတင်ပြီး စောဘဦးကြီး၏ ရုပ်အလောင်းကို ရေမျောလိုက်ကြသည်။
ကရင်လူထုအတွက် ကြီးမားသော ဆုံးရှုံးမူ ဖြစ်ခဲ့ရပါသည်။
ကရင်လူမျိုးများသည် လွတ်လပ်သည့်လူမျိုး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် လူမျိုးဖြစ်ကြောင်း စောဘဦးကြီးမှ လမ်းညွှန်ပြသပေးခဲ့သည်။ ကရင်လူမျိုးများအနေဖြင့် စောဘဦးကြီး ချမှတ်ခဲ့သော ကရင်ပြည်နယ်ထူထောင်ရေးမှာ
ယနေ့တိုင် အကောင်အထည် မဖော်နိုင်သေး သည်မှာ ၀မ်းနည်းဖွယ်ကိစ္စရပ် ဖြစ်နေပါသည်။
PDF Channel
10/06/2022
ပျူစောထီးခေါင်းဆောင်က ကျောင်းလာတက်တဲ့ ၈ နှစ်အရွယ်ကျောင်းသူကို ကျောင်းမှာအဓမ္မပြုကျင့်
ကန့်ဘလူ၊ဇွန် ၉ ၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အရှေ့ဘက် ၄ မိုင်ခန့်အကွာ နတ်အင်းရွာစာသင်ကျောင်းမှာ စစ်တပ်နဲ့အတူ စခန်းချထားတဲ့ ပျူစောထီးခေါင်းဆောင်က ဆယ်ကျော်သက်ကျောင်းသူတဦးကို အဓမ္မပြုကျင့်ခဲ့တယ်လို့ မြို့နယ်တွင်း သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ Infinity Group ရဲ့ပေ့ခ်ျမှာ ဖော်ပြထားပါတယ်။
နတ်အင်းရွာက အသက် ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသူလေးကို တရွာတည်းအတူနေအသက် ၅၃ နှစ်အရွယ်လောက်ရှိတဲ့ ပျူစောထီးခေါင်းဆောင်ရွှေဘ ဆိုသူက ဇွန်လ ၆ ရက်နေ့က အဓမ္မကျင့်ခဲ့တာလို့ ဆိုပါတယ်။
"ပျူတွေက သူတို့နားတဲ့ စာသင်ကျောင်းကအခန်းထဲကို ချော့ခေါ်ပြီး ပြုကျင့်တယ်လို့ သိထားတယ်ဗျ အဲဒါကို စစ်သားက ရွာခံတွေကျေနပ်အောင် နဲနဲပါးပါးရိုက်ပြတယ် သူတို့အချင်းချင်း လုပ်နေကျအကွက်ပဲဗျ အခုလို ဖြစ်လည်း ပျူရွာတွေဆိုတော့ ကျောင်းကတော့တက်မြဲပဲ ဒါပေမယ့် ပြုကျင့်ခံရတဲ့ မိန်းကလေးကိုတော့ ကျောင်းကိုမပို့တော့ဘူး " လို့ ဒေသခံတဦးကပြောပါတယ်။
အခုဖြစ်စဉ်အပြင်ကို ပေါက်ကြားမှာစိုးတဲ့အတွက် ကာယကံရှင်မိသားစုကို စစ်ကောင်စီဘက်က ငွေကျပ် သိန်း ၃၀ ပေးကာ ကျေအေးခိုင်းခဲ့ကြောင်းလည်း Infinity Group ရဲ့ ပေ့ခ်ျမှာ ဖော်ပြထားပါသေးတယ်။
အဲဒီနတ်အင်းရွာစာသင်ကျောင်းမှာ စစ်သား ၃ ဦးဝန်းကျင်လောက်သာရှိပြီး အများစုဟာ ပျူစောထီးတွေ ဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ် ကျောင်းသူလေး အဓမ္မပြုကျင့်ခံရမှုနဲ့ ပတ်သက်ပြီး မြေလတ်အသံကတော့ သီးခြားတအတည်ပြုချက် မရရှိသေးပါဘူး။
PDF Channel
ကကြမယ်
ဆွဲနေပိ
နိုင်ငံပျောက်သူကြည့်ပြီး မျက်ရည်များတောင်ကြတယ်ဆိုတဲ့ဟာတွေ သိဖို့။
ဒုတိယပိုင်းပါထပ်ရေးသည်။.
လွင်ကိုလတ် တူတဝမ်းကွဲ
အမျိုးနှစ်ဆယ်လောက် အဆိုင်လန်လျောက်ထား။
အမတ် သောက်စုတ်တွေမိသားစုလိုက်ပြေး။
သူတို့ အမျိုးနွယ်တွေပါ ပြေးကြ။
မဲဆောက်မှာ မူရီးကားသွားဖို့ ကျပြိဆိုရင်
ပါတီတွေလုပ်ကြ။
ဟန်ထူးလွင် မေရိကန်ရောက်။
ဒေါင်းက သွားရန်လျောက်ထားနေ။
ဏကြီးနဲ့ ပိုင်ဖြိုးသုက မဲဆောက်ဟိုတယ် မှာ ၃ ရက်နေ့ကပဲ အမေရိကန် အင်တာဗျူး။သွားတော့မယ်။
မင်းမော်ကွန်းက သြဇီမှာ
လင်းလင်း ချစ်သုဝေက
အမေရိကန်သွားရန်တရက်အလို။
ရည်မွန့်သမီးက တစ်လ ဒေါ်လာငါးသောင်းပေးရတဲ့ မေရီလန်း ဆေးတက္ကသိုလ် တက်။
အောင်ကြည်ညွန့် က မိသားစုလိုက် မူရီးကားမှာ။
သူ့သားမက်က သပြေအေး သံမဏိနဲ့ တစုထဲ။
အဲဒီ လူအစုလိုက်အပြုံလိုက် အthet ခံရတာ
နုဂျီမထိရဲ။
မင်းမော်ကွန်းသမီးက ဘားတွေတက်လို့။
မင်းမွေးတဲ့သမီး မင်းမိသားစု သာယာနေပြီး
ပြည်သူကိုမဆဲနဲ့။
လွင်ကိုလတ် က မယားကြီးနဲ့မိသားစု
အမေရိကန်ပို့ပြီး မယားငယ်နဲ့ မဲဆောက်နေတယ်။
ဇော်ဝေစိုးသမီးက စလုံးမှာ ပျော်နေတာ
အင်စတာဂရမ်မှာမြင်မကောင်း။
ကလေးတွေ တောထဲမှာ စစ်ပညာ သင်တော့
တယောက် သေနတ်သုံး ချက်တောင် ပစ်ခွင့်မပေးပဲ ဒေါ် ဖြူဖြူသင်း မွေးနေ့မှာ သေနတ် ပစ်ဖောက်ဂုဏ်ပြုခိုင်း
၂၀၂၁ နယူးရီးယားမှာ နုဂျီတို့ ပျော်ပွဲ ကျင်းပ
မလာနိုင်သူ ဇွန်းနဲ့ အော်ကြ
မဲဆောက်မှာ IOM ထားတဲ့ ဟိုတယ်မှာ
မေဒီးကားသွားဖို့ ဘန်ကောက်ရွေ့ရရင် နှုတ်ဆက်ပွဲ တွေ ကျင်းပပြီး သွေးသစ္စာသီချင်း ဆိုကြ
အိသဉ္ဇာမောင်က safe house ပေး ဖူးတဲ့ကောင်မလေး ကို အမေရိကန်ပို့ပေး
ဦးနိုင်ငံလင်းအမျိုးသမီးကမပြေးပဲ အမျိုးတွေက မဆီမဆိုင် ပြေးကြလို့ သူ့မိန်းမက စိတ်ဆိုး၊
ဒေါ်ဖြူဖြူသင်း တပည့် တောင်ညွန့် အန်အယ်ဒီ ဇော်မြင့် က ယူဂျီလိုလိုနဲ့ အစောကြီးပြေး။ ဇန်နဝါရီကထဲက မေဒီးကား ရောက်
ထပ်ဆဲလျင် ယောဘက်က အမတ်စုတ်အကြောင်း
သစ်သူခိုးအမတ်စုတ်အကြောင်း
ရန်ကုန် UG ကုဒ်တွေပေါက်အောင်လုပ်တဲ့ ကောင်မအကြောင်း
အလယ်ပိုင်းတိုင်းက ကလေးတွေ လည်ပင်းကြိုးတုပ် thet ဖို့လုပ်တဲ့အကြောင်း
စစ်ကိုင်းမှာ လနကိုင်ဆတ်ကြေးတောင်းလူthet
မိုက်ကြေးခွဲနေတဲ့ ပကဖ ပအဖတွေအကြောင်း
ကိုယ်စားလှယ်တွေ ပြည်သူငွေဘတ်ပြီး အောက်ခြေမပေးပဲ ဖာချ ကေတီဗွီသွားတဲ့အကြောင်း
မဲဆောက်က ဝန်ကလေးတယောက်
တောထဲဒဏ်မခံနိုင်တဲ့ရဲဘော်မလေးတွေကို ကယ်တင်တဲ့အကြောင်း
DKBA နဲ့ကုန်းတဲ့အမတ်မအကြောင်း
ကေအိုင်အေ ကထားပေးတဲ့ဟော်တယ်မှာနေပြီး
ဖျာခေါ်ချ သတင်းတွေပေါက်လို့ ကေအိုင်အေကနှင်ထုတ်တဲ့အကြောင်း
ဝစ်သောက်ကား တဝီဝီနဲ့ သေနတ်ခါးထိုးပြီး
တိုင်းရင်းသား အဖွဲ့တွေကို ဠီးစကားပြောတဲ့အမတ်အကြောင်း
ဖာကိုလပေးနဲ့ခေါ်ချတဲ့မအေဠိုးတကောင်အကြောင်း
ပီဒက်ကို ရိက္ခာ ပေးမယ် ပြောပြီး ဘုန်းသွားတဲ့ နုဂျီကိုယ်စားလှယ်အကြောင်း
စသောအကြောင်းအရာများစွာရေးမည်
PDF Channel
တိုင်းကျူးပါNUG
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ PDF Channel โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ
สมัครรับข่าวสาร
เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Tha Thong