Junni : Shawng
Hey there! I’m just a New Yorker navigating this wild ride we call life.
When I’m not dodging taxis and sipping coffee, you can find me on my blog, where I spill whatever’s on my mind—because let’s face it, life is too short to keep thoughts bottled up!
08/02/2026
My official tea policy: ☕️
🏃 Running tea? Always.
👟 Shoe tea? Absolutely.
📈 Training tips? Bring it on.
… you have VIP access. 🤭 Your tea is always accepted. 🙃😂
ပိုက်ဆံအများကြီးပေးပြီး ဝယ်ထားတဲ့ပစ္စည်းတစ်ခု ပျက်သွားပြီဆိုတာနဲ့ ချက်ချင်း မပစ်လိုက်ပါနဲ့နော်။ ✨
ဒါက ရှောင် ရဲ့ ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံပါ။
Philips Sonicare toothbrush ကို နှစ်အတော်ကြာ အသုံးပြုလာခဲ့ပါတယ်။ ပထမတစ်ခါ warranty အတွင်းမှာ ပြဿနာဖြစ်တော့ customer service ကို ဆက်သွယ်ခဲ့ပါတယ်။ မေးခွန်းနည်းနည်းမေးပြီးနောက် သူတို့က replacement အသစ်တစ်ခု ပို့ပေးခဲ့ပါတယ်။ Upgrade version အသစ်တောင် ရခဲ့ပါတယ်။ 🙌
နှစ်အနည်းငယ်ကြာပြီးနောက် battery ပြဿနာဖြစ်လာတော့ ထပ်ပြီး ဆက်သွယ်ကြည့်ခဲ့ပါတယ်။
အံ့သြစရာကောင်းတာက ဒီတစ်ခါလည်း သူတို့ရဲ့ response က အရမ်းကောင်းပြီး ကူညီပေးခဲ့ပါတယ်။ ဒီနေ့ replacement အသစ်လက်ခံရရှိခဲ့ပါတယ်။ 💙
တစ်ခါတလေ product တစ်ခုဝယ်တာက ပစ္စည်းတစ်ခုတည်းကို ဝယ်တာမဟုတ်ပါဘူး… အဲဒီ brand ရဲ့ service နဲ့ ယုံကြည်မှုကိုပါ ဝယ်တာပါ။
ဒါကြောင့် ပျက်သွားတာနဲ့ မပစ်လိုက်ပါနဲ့နော်။ Warranty နဲ့ customer service ကို အရင်စုံစမ်းကြည့်ပါ။ ✨
ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံလေး မျှဝေတာပါ။ 💙
My favorite soundtrack lately?
👟 Tap. Tap. Tap.
Convince me—what should my next running shoes be? 👟
POV:how much you like အဝါရောင်…💛
Me: 🏃♀️🏃♀️
08/01/2026
သူမျာ အရမ်းတွေ စပိုင်ဒါလို့ .. ကိုယ်လဲ စပိုင်ဒါနဲ့ .. မနက်က ပြေး ခဲ့ကြောင့် လို့…🤓
08/01/2026
the starting line.
📍Montreal, Canada 🇨🇦
Montreal ကို တစ်ယောက်တည်း သွားလည်တုန်းက Airbnb ကို မတော်တဆ တစ်ညပဲ booking လုပ်မိခဲ့တယ်။ 😅 အဲဒီလို အမှားလေးတွေကပဲ ခရီးစဉ်ကို ပိုပြီး မှတ်မိ😊
ရှောင်က ခရီးသွားတဲ့အခါ tourist တစ်ယောက်လို မဟုတ်ဘဲ local တစ်ယောက်လို နေထိုင်ပြီး လေ့လာရတာကို ပိုသဘောကျတယ်။ ဒါကြောင့် နာမည်ကြီးနေရာတွေထက် ဒေသခံတွေ အမှန်တကယ် သွားနေကျနေရာတွေ၊ သူတို့ရဲ့ lifestyle ကို သွားကြည့်တယ်။
ဒီတစ်ခေါက်မှာတော့ Yoga Studio ကို သွားခဲ့ပြီး local တွေနဲ့ တွေ့ဆုံခဲ့တယ်။ အဲဒီအတွေ့အကြုံက ခရီးတစ်ခုကို ဓာတ်ပုံတွေနဲ့ပဲ မဟုတ်ဘဲ လူတွေနဲ့ အမှတ်တရတွေပိုရခဲ့တယ်..
ရှောင်သတ်မှတ်ထားတဲ့ခရီးဆိုတာ နေရာအသစ်တွေကိုပဲ သွားကြည့်တာ မဟုတ်ဘူး။
လူအသစ်တွေ၊ ယဉ်ကျေးမှုအသစ်တွေ၊ ဘဝပုံစံအသစ်တွေကိုလည်း သင်ယူရတဲ့ အခွင့်အရေးတစ်ခုသတ်မှတ်ထားတာ🤍
ညီမလေး တစ်ယောက်ရဲ့ DM ကနေ ဒီဗီဒီယိုကို ရိုက်ဖြစ်ခဲ့တာပါ။ 💛
မြန်မာနိုင်ငံမှာ ဘွဲ့ရပြီးသားဆိုရင် အမေရိကန်ကောလိပ်မှာ Credit တွေ ဆက်ယူလို့ရမလား?” ဆိုတဲ့ မေးခွန်းကို အများကြီး ကြုံဖူးပါတယ်။
ကျောင်းတစ်ကျောင်းနဲ့ တစ်ကျောင်း သတ်မှတ်ချက်မတူပေမယ့်၊ အများအားဖြင့် Credit အားလုံးကို လက်ခံပေးတာ မဟုတ်ပါဘူး။ တချို့ Credit တွေပဲ လက်ခံပေးတာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် မလျှောက်ခင် ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ သတ်မှတ်ချက်ကို သေချာစုံစမ်းဖို့ အရေးကြီးပါတယ်။
ဒီအကြောင်းကို မျှဝေနေရင်း Montreal တစ်ယောက်တည်း ခရီးသွားခဲ့တဲ့ အမှတ်တရတွေကိုလည်း ထည့်ထားပါတယ်။ ကျွန်မအတွက်တော့ သင်ယူခြင်းဆိုတာ စာသင်ခန်းထဲမှာပဲ မဟုတ်ပါဘူး။ ခရီးသွားခြင်း၊ လူသစ်တွေနဲ့ တွေ့ဆုံခြင်း၊ နေရာအသစ်တွေကို လေ့လာခြင်းကလည်း ဘဝအတွေ့အကြုံနဲ့ အမြင်အသစ်တွေ ပေးပါတယ်။
ဒီဗီဒီယိုက အမေရိကန်မှာ ပညာဆက်လက်သင်ယူဖို့ စဉ်းစားနေတဲ့သူတစ်ယောက်အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 🤍
📚 သင်ယူတာကို မရပ်လိုက်ပါနဲ့။
🌎 ဆက်လက်လေ့လာပါ။
✨ ကိုယ့်အိပ်မက်ကို တစ်လှမ်းချင်း အကောင်အထည်ဖော်ပါ။
တကယ်လို့ အမေရိကန်မှာ ကျောင်းတက်ချင်ရင် ဘာမေးခွန်းတွေရှိလဲ? Comment မှာ ရေးခဲ့ပါ။ နောက်ဗီဒီယိုမှာ ဖြေပေးပါမယ်..
#ခရီးသွား #လေ့လား #ပညာ
07/29/2026
တကယ်ပါဆို စျေးချတာ မြင်လို့မရတဲ့ ရေားဂါ ဆို😵💫
#လျှော့စျေး
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
New York, NY
11373
