Bless 7 Premium USA Products

Bless 7 Premium USA Products

Share

Cosmetics outlet ပစည်းလံုးဝမရောင်းပါ. စတိုးမှရသည့် gift အတိုင်းပြန်ရမည်. စျေးတော့မပေါပါ.

08/15/2026

🥰Review လေးတွေရေးတာ ကျေးဇူးတင်ပါတယ်…

💜Full size လေးတွေ ရောင်းမယ်ရှင်…

📌Hydrazen gel cream 50ml - 180000
(04/27) (၈လကျန် ဖွင့်ပီး ၁၂လ)

📌Hydrazen gel cream 50ml - 230000
(09/28)

📌Peptide cream 50ml - 475000 (08/28)
💜TS နဲ့တွဲသုံး မျက်နှာတအားဖြူနုချော

📌Night cream 50ml - 465000 (12/28)
💜Renergie တွေက အကုန်ကောင်း

📌Clarifique milky cream 50ml - 280000 (01/28)
💜အဆီပြန်တဲ့သူတွေအတွက် အထူးသင့်လျော်ပီး စေးကပ်ကပ်မဖြစ်ပဲ အသာကြည်လင်ပီး glass skin ကို ရစေပါမယ်... Dual Essence နဲ့ Pro Solution နဲ့တွဲသုံးရင် perfect 👌

💜💜ကဲ အဲ့ဒီတော့ ငွေကြေးတတ်နိုင်သူများ full size လေး ဝယ်သုံးကြပါရှင် 💜💜

08/15/2026

Centrum ဈေးချလို့ လာဝယ်တာပါ. မှာထားသူတွေရပါမယ်. ဗီယိုရိုက်မလို့ကို ယွကျားက အတင်းခေါ်နေလို့ ဟီလာထ နေတာ 🤭😂

08/14/2026

🥰Thank you 🥰

🩷ဥဝဲနဲ့ပတ်သက်ပီး review လေး ရေးချင်လို့ပါ. အချစ်ကလေးတွေလည်း အတွေ့အကြုံကို ရေးလို့ရပါတယ်...

🩶အမြဲ ငတ်ကြီးကျနေလို့ ကမ္ဘာပတ်ပီး စားစရာမှာနေတဲ့သူက မြန်မာပြည်က စားစရာတွေမှာတယ်. အာ့မှာ အာလူးကြော်တွေမှာတာ ဝယ်ပီးလား ဆို မဝယ်ရသေးဘူးတဲ့. ကြိုဝယ်ထားရင် ကြေပီးဆီဂျီးစော်နံကုန်မှာစိုးလို့ ပို့ခါနီးမှ မှာမယ်တဲ့ (အံ့ဩ 😮🫡) ကြက်သွန်ကြော် တို့ ပုဇွန်ခြောက်တို့ဆို "မ ဘလောက်သားလဲ" နောက်တခြားဟာဆိုလဲ အတိအကျပြန်မေးတာ လုံးဝ details နော်. Respect ပါ 🫡

🤍ကျမ ဒီလူကို ဒါပေးရမယ်. ဒီလူကို ငွေလွှဲရမယ် လို့ပြောလိုက်ရင် ၂ခါထပ်ပြောစရာမလိုဘူး. ဒါ့အပြင် မမ မြတ်ရည်မွန် တို့ မမ သင်းစုတို့ဆီပို့ရင် deli ခ မတောင်းဘူး. လချုပ်စာရင်းတင်ရင်လဲ အလို အသေးအမွှားတွေကို သူစာရင်းထည့်မထားဘူး...
(ချစ်အမတွေ ဥဝဲကို မုန့်ဝယ်ကျွေးကြ 🤭)

🩷Moreover, ကျမ အမေဆီသွားရင်ဖြစ်ဖြစ် ယခမဆီ သွားရင်ဖြစ်ဖြစ် စားစရာလေးတွေ အမြဲယူသွားတတ်သလို ဆီဖိုးနဲ့ မုန့်ဝယ်တာမျိုးတွေ ကျမအမေမှာလို့ ဝယ်ပေးရတာတွေအတွက် ကျမက ငွေပြန်ပေးမယ် ပြောပေမဲ့ သူဘတော့မှ စာရင်းမပြောဘူး...

❤️အလိုစိတ်ထားလေးတွေကြောင့် သူ့စေတနာသူပြန်အကျိုးပေးမယ် ဆိုတာ ယုံကြည်ပါတယ်. မကောင်းတာတွေပိုများလာတဲ့ လောကကြီးမှာ ကောင်းတာလုပ်ရင် ကောင်းကျိုးပြန်ပေးမှာပါ... (လိုချင်နေတဲ့ ဆန္ဒလေးတခု အမြန်ပြည့်ပါစေ)

💜နောက်တခုက ကျမအပေါ် နေရာပေး respect ထားတာကို ပြောချင်ပါတယ်... mini gift လေးတွေ အများကြီးပိုနေလို အခေါက်တိုငိးဝယ်တဲ့သူတွေကို လက်ဆောင်လေးတွေထည့်ပေးလို့ မှာထားလို့ ပစည်းထည့်ပေးတိုင်း "မဒီ လက်ဆောင်လေးပါ" တဲ့. ကျမပြုံးမိတယ်. ကျမ နာမည်ထည့်ပြောစရာမှ မလိုတာလေ. "လက်ဆောင်လေးထည့်ပေးထားပါတယ်"ဆို ရပီမို့လား. အသေးစိတ်ကအစ သူရဲ့ သိတတ်မှုပါ...

❤️‍🩹အလိုလေးတွေကြောင့် ဥဝဲကို ကျေးဇူးတင်ကြောင်း ပြောရင်း အမတွေ ညီမတွေလည်း TGIF မှာ မအိပ်သေးရင် ပျော်ပျော်ပါးပါး review လေးတွေရေးရင်း mascara လေးတွေ ဝင်ယူကြပါလား ဟိ

💖Honest review နော်. Don’t cheat me!

❣️

08/14/2026

🌸ကဲ ကဲ Star City မှာ ရောင်းဖို့ကလဲ မိုးတွင်းမို့ရက်မရတဲ့အတွက် သိမ်းထားတာလေးတွေ ရောင်းပါတော့မယ်…

🩷တိုနာဘူးကြီး မတတ်နိုင်ရင် ဒါလေးကိုယူပါ…

📌125ml - 90000 (08/27)

🩷မျက်နှာသစ်ပန်းရောင် အရင်တခေါက်က မရတဲ့သူတွေမတွက် 50ml ပြန်ရပါပီ…

📌40000 (07/28)

❌Viber မသုံးပါ. Viber မှငွေတောင်းရင် ဆဲပီးဘလော့လိုက်ပါ ❌

❌❌❌ကုန်ပီနော် ကျေးဇူးပါ ❌❌❌

08/14/2026

🥰ခူရှင်ဖောင်ဒေးရှင်း 🥰

08/13/2026

🗣️Kiehls လိုချင်လို့ လာမေးထားသူတွေ ၅၀% ရလို့ လိုချင်တာလာပြောပေးပါ.

08/13/2026

🥰ဥဝဲက ဒီလိုလေးတွဲပေးထားလို့ တတွဲကို ၆၅၀၀၀ နဲ့ယူပါ…

🖤Genifique serum လက်သစ် 7ml + eye cream 5ml + mascara

🩶၂မျိုးထဲတောင်တန်နေတာ mascara နဲ့ serum foundation sample စမ်းဖို့က လက်ဆောင်ပါ ...

08/12/2026

ဒီနေ့ည တဲ့... 💵 🤞🍀

08/12/2026

🍀ခုကာလမှာ လိမ်စားနေတဲ့သူတေကလွဲလို့ အားလုံးခက်ခဲကြပါတယ်...

🍀ဒီလို ခက်ခဲတဲ့ကာလမှာ အတူရှိနေပေးတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်...

🍀အထူးသဖြင့် သာလို့နားတာမဟုတ်ပဲ ဘာလေးလိုချင်ချင် ကျမဆီကသာ မှာတဲ့သူတွေကို မှတ်မှတ်သားသားရှိပါတယ်…
(စျေးလဲမမေးပဲ လာမှာတဲ့သူတွေဆို ကျမက ရတဲ့အမြတ်ထက် သွားရတာကပိုနေတောင် ဝယ်ပေးသလို တခါတလေ သူတို့မှာချိန် စျေးကမချသေးရင်လဲ ပစည်းကပို့ရတော့မယ်ဆို ကျမဝယ်ပေးပီး ၁၅% လျှော့စျေးနဲ့တွက်ပေးပီး ၁၀% ပြန်ယူရင်တောင် ၅% ကရှံုးနေပါသေးတယ်. ဒါပေမဲ့ ကျမက ငွေထက် လူကိုသာ တန်ဖိုးထားလို့ လုပ်ပေးတယ်)

🍀အလိုပဲ ကျမအပေါ်လည်း ကျမရောင်းစျေးကိုမကြည့်ပဲ ကျမမို့ ဝယ်တာဆိုတဲ့ သူတွေကိုလည်း မှတ်မှတ်သားသားရှိပါတယ်…

🍀 🎁page စဖွင့်ထဲကနေ ခုထိ ၅ နှစ်အတွင်း ဘာရောင်းရောင်း ဝယ်တဲ့ လူ အယောက် ၂၀ ကို ဒီဇင်ဘာကျ ၅ နှစ်ပြည့်မှာ အထူးလက်ဆောင်ပေးပါမယ်...

🍀မိတ်ဆွေစစ်ကို ဒုက္ခရောက်ချိန်မှာ ရှာဆိုသလို ခက်ခဲတဲ့အချိန်မှာ ဘယ်သူတွေကတော့ အတူရှိနေပေးလဲ ဘသူတွေက ကူညီပီး ဘသူတွေကတော့ လူကိုတန်ဖိုးမထား ငွေနောက်လိုက်သွားလဲ ဆိုတာကို မြင်ရသိရပါတယ်...
(တချို့အမတွေ သုံးစရာကျန်သေးပေမဲ့ ကျမကို ကူညီပီး ဝယ်ပေးတယ်ဆိုတာလည်း သိပါတယ်)

🍀အဲ့တော့လေ လူဆို ကိုယ့်စိတ်နဲ့တန်တဲ့ ဘဝသာ ရတာမို့ လူကိုတန်ဖိုးမထား ငွေကိုသာကြည့်တဲ့လူတွေ ကိုယ်ပေးတာနဲ့ တန်တာသာ ပြန်ရပါလိမ့်မယ်…

🍀ရှေ့ဆက် ပိုကြပ်တည်းလာအုံးမှာမို့ အတုတွေပေါပီး အစစ်ရှားလေ ဖြစ်လာပါလိမ့်မယ်. အဲ့အခါမှ တန်ဖိုးမသိသူတွေအတွက် တန်ဖိုးမရှိတဲ့သူတွေနဲ့သာ တူရာစုသွားပါလိမ့်မယ်…

🍀ကျမကတော့ ကိုယ်တိုင်လည်း တန်ဖိုးရှိအောင်နေသလို သူများကိုလည်း တန်ဖိုးထားတတ်တယ်. အလိုပဲ ကိုယ့်ကို တန်ဖိုးထား ဆက်ဆံတဲ့သူတွေကိုလည်း အလေးထားလို့ ဒီနှစ်ကုန် ၅ နှစ်ပြည့်မှာ ကျေးဇူးဆပ်ဖို့ ဥဝဲကို စာရင်းခွဲပီး မှတ်ခိုင်းထားပါတယ်...

🍀ကျမစေတနာနဲ့ ထိုက်တန်ရဲ့လား ဆိုတာအပြုအမူက သက်သေပြပါလိမ့်မယ်...

💌

08/11/2026

💜 ကဲ အသက် ၃၅ ကျော်တာနဲ့ မဖြစ်မနေသုံးသင့်တဲ့ Retinol မို့ serum ၃မျိုးပေါင်းထားတဲ့ Triple Serum Retinol ကို မသုံးဘူးသေးရင် ခု စ သုံးလိုက်ပါ 💜

💫အသက်အရွယ်ရလာတာနဲ့အမျှ မျက်နှာမှာ နဖူးအရေးအကြောင်းတွေ၊ မျက်မှောင်ကြားလိုင်းတွေ၊ ချွေးပေါက်ကျယ်လာတာ၊ အသားအရေမတင်းရင်းတော့တာ တွေ စတင်သိသာလာပြီလား? 🥺

💜ဒါဆို Lancôme ရဲ့ Rénergie C.R.x. Triple Serum Retinol ကို မိတ်ဆက်ပေးချင်ပါတယ်ရှင်✨

💜ပုံမှန် Retinol Serum တစ်မျိုးလိုမဟုတ်ဘဲ Anti-Aging အတွက် အဓိကလိုအပ်တဲ့ Powerful Ingredients 3 မျိုးကို Serum တစ်ဘူးတည်းမှာ ပေါင်းစပ်ထားတဲ့ 3-in-1 Triple Serum ပါ။

💜 PURE RETINOL
အရေးအကြောင်းနဲ့ Fine Lines တွေကို လျော့ပါးသိသာစေပြီး Skin Texture ပိုချောမွေ့လာစေဖို့၊ ချွေးပေါက် တွေ ပိုသေးသိမ်စေဖို့ ကူညီပေးပါတယ်…

🍊 PURE VITAMIN C
မွဲခြောက်ပြီး အရောင်မညီတဲ့အသားအရေကို ပိုမိုတောက်ပကြည်လင်လာစေပြီး Radiance ပြန်ရလာအောင် ကူညီပေးပါတယ်…

🤍 X-PEPTIDE
Skin Texture ကို ပိုမိုချောမွေ့နူးညံ့စေပြီး အသားအရေကို Soothe + Hydrate လုပ်ပေးလို့ Retinol ပါဝင်ပေမယ့် Skin ကို caring ဖြစ်အောင် Balance လုပ်ပေးထားပါတယ်…

💫ပြီးတော့ Lancôme ရဲ့ Consumer/Clinical Study Results တွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်… 👀✨

🌝ပထမဆုံးတစ်ညသုံးပြီးနောက် Consumer Study မှာ
✨ 91.7% — Skin Renewed ဖြစ်သလိုခံစားရတယ်…
✨ 83.3% — Pores ပိုသေးသိမ်မြင်ရတယ်
✨ 81.7% — နောက်နေ့မနက်မှာ Skin visibly renewed ဖြစ်တယ်လို့ဆိုပါတယ်…

တစ်ပတ်အကြာမှာတော့
✨ 95% — Skin ပို Renewed ဖြစ်တယ်.
✨ 90.8% — Skin ပိုတင်းရင်းလာတယ်.
✨ 88.3% — Wrinkles ပိုလျော့တယ်လို့ ဖြေထားကြပါတယ်….

Clinical Study မှာလည်း 56 ရက်အကြာ
✨ Forehead Wrinkles 24% လျော့နည်း
✨ Frown Lines 23% လျော့နည်း
✨ Pores 24% လျော့နည်း တာတွေ့ရပါတယ်။

💜 Retinol စသုံးမယ့်သူတွေအတွက်လည်း တဖြည်းဖြည်း Skin ကိုအကျင့်လုပ်ပေးလို့ရပါတယ်…

💥လူးပုံကတော့
✨ပထမအပတ်မှာ ၃ ရက်တစ်ကြိမ်, ဒုတိယအပတ်မှာ တစ်ရက်ခြား, တတိယအပတ်ကစပြီး Skin ခံနိုင်ရည်ကောင်းရင် နေ့စဉ် သုံးနိုင်ပါတယ်. မနက်/ည နှစ်မျိုးလုံးသုံးနိုင်ပေမယ့် SPF 30+ Sunscreen ကို မဖြစ်မနေတွဲသုံးပေးပါနော်. ❌မျက်လုံးတဝိုက်နဲ့ မျက်ခွံပေါ်ကိုတော့ မလိမ်းရပါဘူး❌

🌟 💜✨ အရေးအကြောင်းတွေကိုသာမက ချွေးပေါက်ကျယ်ခြင်း၊ အသားအရေ မညီညာခြင်း၊ မွဲခြောက်ခြင်းနဲ့ တင်းရင်းမှုလျော့နည်းလာခြင်း စတဲ့ အသားအရေ အိုမင်းရင့်ရော်မှုဆိုင်ရာ ပြဿနာတွေကို တစ်ပြိုင်တည်း ပြုစုချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ Premium Anti-Aging Serum လေးပါ💜

✨all skin type ရသလို sensitive skin အတွက်လည်း သုံးလို့ရပါတယ်…

📌 မူရင်းစျေး ၇ သိန်း ဝန်းကျင်ကို gift ဖိုး ပြန်နုတ်ပေးထားလို့ “၄၆၅၀၀၀” နဲ့ ရသလို date ကလဲ very fresh “12/28”မှ ကုန်မှာပါ…

📌10/27 ကုန်မဲ့တဘူးကတော့ “၄၅၀၀၀၀” နဲ့ယူပါ. ပုံမှန် ၁၄ လကျန်သလို ဖွင့်ပီး ၁၂ လမို့ ၂နှစ်လောက်ထိတော့ ရပါတယ်…

🥰မနက်ဖန်ငွေလွှဲပေးရမှာရှိလို့ ကူညီပီးဝယ်ပေးအုံးနော် 🥰

Want your business to be the top-listed Beauty Salon in New York?
Click here to claim your Sponsored Listing.

Category

Website

Address


New York, NY
10038