ECHO - New York store

ECHO - New York store

Share

Welcome to my page

10/02/2026

ဒီကနေ့
(Friday )Live sale
နားပါတယ်ရှင့်🥰

10/02/2026

Octoberလရဲ့အစEcho မိသားစုပြုတဲ့

ကုသိုလ် ပါ 🙏🙏🙏

10/01/2026

လက်စွတ်ချည်း ပဲ မရချင်ဘူး

နားဆွဲလေးပါ ရချင်တယ်ဆိုလို့

တင်ပေးလိုက်ပါပီ😂🥴

10/01/2026

အခု မြန်မာပြည်မှာ လူကြိုက်များနေတဲ့

Hot နေတဲ့ကြက်သွန်ခွံရေ

အရည်ဖြောင့် အရည်မှန် စစ်စစ်

အလည်ထိုင် အပွင့်ကြီး ကို

ဝယ်သူအားလုံးကို ရချင်ရင်

လက်ဆောင်🎁

ပေးချလိုက်မယ်နော်😂😅🤣

✨Echo Birmanie ✨

Photos from ECHO - New York store's post 09/29/2026

ဆီထမင်းဝါဝါလေးနဲ့ ဂျိုးကြော် 😍

09/27/2026

ကျောက်အထည်လေးတွေ
ဝတ်ဆင်ချင်ရင် ဒီလို ကျောက်နဲ့
သက်ဆိုင်တဲ့
အခြေခံ ဗဟုသုတ လေး ရှိရင်
ပိုအဆင်ပြေပါမယ် 😌

သူများရေးထားတာကို
copyယူလာပေးတာပါရှင့်🥰

🌷🌷🌷
💎 မိုးညှင်းနီလာ (Kyanite) ဟာ နီလာ မဟုတ်ပါ ဂုဏ်သတ္တိတွေ မတူညီသလို စျေးနှုန်းလဲ အများကြီးကွာပါတယ်

💎 မိုးကုတ်မြ (Diopside) ဟာလဲ မိုးကုတ်ကထွက်သောမြ မဟုတ်ပါ
မြ (Emerald) မဟုတ်သလို အများစုဟာ ပြည်ပမှ တင်သွင်းလာသောကျောက်များဖြစ်ပါတယ်

💎 ဥဿဖရားဆိုတာ စာထဲမှာ Topaz ဖြစ်ပြီး အပြင်မှာပြောနေကြတဲ့ ဥဿဖရားဆိုတာ yellow sapphire သို့မဟုတ် white sapphire ကို ရည်ညွှန်းလေ့ရှိကြပါတယ်
ဒါကြောင့် မြန်မာလို ဥဿဖရားလို့ပြောရင် English name ကို ပြန်မေးလိုက်တာက အကောင်းဆုံးပါ

💎 သူယောင်ဆိုတာ တကယ်တော့ Scapolite ကိုခေါ်တာဖြစ်ပြီး သူယောင်လို့ စျေးကွက်ထဲမှာ လူသိများတာက Rose Quartz (ပန်းရောင်သလင်း) ဖြစ်ပါတယ်
Scapolite ကို မျောနီ လို့လည်းခေါ်ပါတယ်
(ဒါဆို ယောက်ကျားချစ်တာ ဘယ်ကျောက်လဲ မေးရင် မသိပါဘူး 😬)

💎 ပြောင်ခေါင်းစိမ်းဆိုတာ မိုးကုတ်မြို့အနီး ပြောင်ခေါင်းရွာကနေ ထွက်ရှိရာက အစွဲပြုပြီး ခေါ်လာကြတဲ့ နာမည်ပါ သို့သော် အရွယ်သေးတဲ့ peridot တွေက အခြားနိုင်ငံကလဲ ထွက်ပါတယ်

💎 ခရမ်းဆွဲဟာ ဒေသစွဲထားစရာမလိုတဲ့ ကျောက်ဖြစ်ပါတယ် ဆိုလိုတာ ထွက်ရှိရာဒေသ အရေးမကြီးပါဘူး

💎 ကျောက်မျက်တိုင်းဟာ မိုးကုတ်မှ အကောင်းဆုံးဆိုတာ မဟုတ်ပါဘူး ပတ္တမြား နီလာ အရွယ်ကြီးမားတဲ့ ပြောင်ခေါင်းစိမ်းတွေကလွဲရင် အခြားနိုင်ငံကထွက်ပြီး ပိုလှတဲ့ကျောက်တွေ များစွာရှိပါတယ်

💎 အရောင်လေးကြိုက်လို့ ဝတ်ချင်တာဆို ကြိုက်တဲ့ကျောက်သာဝယ်ပါ
မဝတ်ချင်ဘူး စုထားချင်တာဆိုရင်တော့
Blue topaz အစား Aquamarine (မြပြာ/စလင်းစိမ်း)
Citrine (စလင်းဝါ) အစား Danburite (ရွှေတွင်းဝါ) Yellow Sapphire (နီလာဝါ) တို့ကိုသာဝယ်ပါ

💎 ပတ္တမြားဟာ နီရဲပြီး စင်သန့်လွန်းနေရင် Too good to be true ဆိုတာကို သတိရပါ

💎 ဖန်နဲ့ တွင်းထွက်ကို အလွယ်ကူဆုံးခွဲခြားဖို့ ပါးမှာကပ်ကြည့်ပါ တွင်းထွက်ကျောက်ဟာ အေးနေပြီး ဖန်ကတော့ မအေးပဲနွေးနေတတ်ပါတယ်

💎 ပုလဲအတုနဲ့ အစစ်ကို အလွယ်ကူဆုံးခွဲခြားဖို့ အရှေ့သွားရဲ့ မျက်နှာပြင်ပေါ်မှာ ပုလဲကိုပွတ်ကြည့်ပါ ဂျစ်ဂျစ်နဲ့ gritty ခပ်ကြမ်းကြမ်းလေးဖြစ်နေရင် အစစ် ချောနေရင် အတုလို့ အကြမ်းအားဖြင့် သတ်မှတ်နိုင်ပါတယ်

💎 သဘာဝ ခရမ်းဆွဲတွေဟာ ကြွေသားအဖြူရောင် ခွက်တစ်ခုခုထဲမှာ ရေထည့်ပြီး ကျောက်ကို မှောက်ပြီး ရေစိမ်ကြည့်ရင် အရည် (ကာလာ) လေးတွေ ချွန်းမှာလာစုပြီး ဘေးဘက်မှာ သိသိသာသာဖြူသွားတတ်ပါတယ်

💎 များသောအားဖြင့် သဘာဝခရမ်းဆွဲတွေဟာ ချွန်းထူမှ အရည်လှ အရည်ပြည့်တတ်ပြီး ချွန်းပါးပြီး အရည်ပြည့်နေရင် ချက်ကျောက်ဖြစ်နိုင်ပါတယ်

💎 ပယင်းအတုအစစ်ခွဲဖို့ ရေခွက်ထဲမှာဆားထည့်ဖျော်ပါ နောက်ထပ်ဆားထပ်မပျော်ဝင်တော့တဲ့ ပြည့်ဝဆားဖျော်ရည် (saturated) ဖြစ်ပြီဆို အဲ့ရေထဲ ပယင်းကို စိမ်ကြည့်ပါ ရေပေါ်ပေါ်ရင် အစစ် မပေါ်ရင် အတုပါ

💎 စိန်အစစ်နဲ့ ရုရှားစိန်ကိုခွဲခြားဖို့ သတင်းစာ ဂျာနယ်ပေါ်က စာလုံးတွေပေါ်မှာ စိန်ကို မှောက်ပြီးတင်လိုက်ပါ အောက်ကစာကိုမြင်ရရင် အတု မမြင်ရဘူးဆို အစစ် ဖြစ်ပါတယ်

💎 စိန်နဲ့ Moissanite ကိုအလွယ်ကူဆုံးခွဲခြားဖို့ဆိုရင်တော့ 10X lens လိုပါမယ်
10X lens နဲ့ မျက်နှာပြင်ဘက်ကနေ ကြည့်မယ်ဆိုရင် ချွန်းဘက်မှာ မျဉ်းနှစ်ကြောင်းထပ်နေတာကို မြင်ရမယ်ဆိုရင် Moissanite ပါ

💎 ဒီနည်းတွေဟာ ကိရိယာလွတ် အလွယ်စမ်းသပ်နည်းတွေဖြစ်တာကြောင့် ဓါတ်ခွဲခန်းက အဖြေလောက် မမှန်ကန်နိုင်ပါဘူး
အကောင်းဆုံးကတော့ ပညာရှင်တွေဆီမှာ စစ်ဆေးပါ

💎 ကိုရီးယားစိန်လို့ ပြောရင် စိန်အတုပါ

💎 ပြင်သစ်ကျောက်လို့ပြောရင် ကျောက်အတုပါ

💎 18 K ဆိုတာ ရွှေ 75% ပါဝင်သော 12 ပဲရည် ဖြစ်ပါတယ်

💎နေ့စဉ်ဝတ်ဆင်ဖို့အတွက်ဆိုရင် မာဆင့် 7 နှင့်အထက်ရှိသော တွင်းထွက်မှသာ ပိုသင့်တော်ပါတယ်

💎 နဝရတ်ကိုးပါးထဲမှာ ပါတဲ့ကျောက်တွေက ပတ္တမြား မြ စိန် ကြောင် နီလာ ဂေါ်မိတ် ဥဿဖရား သန္တာ ပုလဲ တို့ပဲဖြစ်ပါတယ်
(ဒီထဲမှာ ကျန်တဲ့ကျောက်တွေက ကြားဖူးနားဝ ရှိကြတာများပြီး ကြောင်က ဘာလဲလို့ မေးတတ်ကြပါတယ် ကြောင်က Chrysoberyl Cat’s eye ပါ)

💎 မိုးကုတ်မှာ နဝရတ်ကိုးပါးကို ဗူးစီထားတာလေးတွေဝယ်ရင် စိန်နေရာမှာ white sapphire ကြောင်နေရာမှာ moonstone ထည့်ထားလေ့ရှိပါတယ်
စျေးနှုန်းအားဖြင့်လဲ ပတ္တမြားတန်ဖိုးကိုသာ ယူလေ့ရှိကြပါတယ် (အားလုံးကိုမဆိုလိုပါ)

💎 most of the gemstones are minerals, but pearl, amber, coral and jet are organic gemstones.

💎 မီးဖုတ်ပြုပြင်တယ်ဆိုတာ ကာလာပိုလှအောင်သော်လည်းကောင်း ဂေါ်နည်းသွားအောင်သော်လည်းကောင်း ပြုပြင်ထားတာပါ ချက်ကျောက်လို အတုပါ

Credit-
ပုံထဲက ကျောက်ကတော့ ကျမ ဝယ်ထားတဲ့
စပင်နယ် အမာရည် ၆လုံးစီးပါ 😍
စျေးက 1ct 150000 စျေးပါ🥰


Credit. Thae ei san

09/26/2026

🪷🪷ဒီကနေ့September 26th )ဟာ
ကျမတို့ ဗုဒ္ဓဘာသာဝင်တို့ရဲ့
မွန်မြတ်တဲ့ တော်သလင်းလပြည့်နေ့
(ဂုရုဓမ္မအခါတော်နေ့ )ဖြစ်ပါတယ်ရှင် 😊

🪷🪷အချိန်ပိုင်း၈ပါးသီလ
ဆောက်တည်ပြီး
ညကြရင်တော့ …🕣
မုသာဝါဒကံဆောက်တည်တာ
ရပ်ပြီး စျေးရောင်းပါမယ်ရှင့်😜

09/25/2026

ဒီကနေ့ ( Friday) September 25th မှာ

ကျမ စျေးရောင်းဖြစ်ပါမယ်ရှင့် 👋

ကြည့်ချင်တာ ရှိရင် cb မှာ message

ပို့ထားပေးပါနော် 🤗

ဒီအပတ် Friday က

ဥပုသ်နေ့ မဟုတ် တာကြောင့်

ကျမ ဟုတ်တာရော

မဟုတ်တာရော ပြောချင်ရာ

ပြောလို့ ရတယ်လေ😅

Want your business to be the top-listed Beauty Salon in New York?
Click here to claim your Sponsored Listing.

Category

Website

Address


New York, NY

Alerts

Be the first to know and let us send you an email when ECHO - New York store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in New York.