Skip to content
Salons10
T T Naing

T T Naing

Omaha Health/Beauty

Healthy life, healthy style🥰

11/11/2026

ပူတုန်းကလဲပူလိုက်တာ
အေးတော့လဲစိမ့်နေတာဘဲ
အသက်ကလေး ရလာတော့ ပူတာလဲမခံနိုင်
အေးတာလဲ မခံနိုင်တာ။
#ရာသီဥတု

11/10/2026

ဝယ်သင့်တာဘဲဝယ် အပိုတွေမဝယ်မိအောင် ငေးဘဲငေးကြည့်လိုက်တယ်။

Photos from T T Naing's post 11/09/2026

သူစိမ်းသူရဲ့ပါဝါဘဏ်နဲ့
မိမိရဲ့ ဖုန်းကို အားသွင်းမိလိုက်တာနဲ့
ဖုန်းထဲက ဒေတာကို မသမာသူအချို့က ခို -းယူနိုင်နေပါပြီ။

ဘယ်လိုနည်းနဲ့ ယူနိုင်သလဲဆိုတော့
မသမာသူတွေက သူတို့ရဲ့ ပါဝါဘဏ်ထဲမှာ
ဘက်ထရီအပြင် microchip အသေးစားမျိုးလေးတွေ
ကို ဒေတာများကူးယူနိုင်အောင်
ပြုပြင်ဖန်တီးထားပြီး ပါဝါဘဏ်ထဲကို ထဲ့ထားတာပါ။

သူတို့ရဲ့ ပါဝါဘဏ်နဲ့ မိမိရဲ့
ဖုန်းကို အားယူသွင်းမိလိုက်တာနဲ့ Data line
ကနေတစ်ဆင့် ကူးယူသွားနိုင်ပါတယ်။

ဖုန်းထဲကို ဗိုင်းရပ်စ် Malware
ထည့်သွင်းပြီးလုပ်ဆောင်သွားနိုင်တယ်လို့
သိရပါတယ်။

မိမိရဲ့ ဖုန်းဒေတာတွေကို
ကာကွယ်တဲ့ အနေနဲ့ အခမဲ့
အားသွင်းနိုင်အောင်စီစဉ်ထားသော
လေဆိပ် ကားဂိတ် နဲ့ စားသောက်ဆိုင်
များမှာ ရှိတဲ့ USB ခေါင်းများနဲ့
သူစိမ်းလူဆီက ငှါးပေးတဲ့ ပါဝါဘဏ်တွေမသုံးပါနဲ့။

ဘယ်သွားသွား ကိုယ်ပိုင်
အားသွင်းကြိုးနဲ့ ပါဝါဘဏ်ကိုသာအသုံးပြုပါ။

မိမိအိမ်မှလွဲ၍ အခြားနေရာရောက်လျှင်
ကိုယ့် အားသွင်းကြိုး ကိုယ့်အားသွင်းခေါင်းနဲ့
နံရံကလျှပ်စစ် ပလပ်ပေါက်ကို သာအသုံးပြုပြီး
မိမိဖုန်းကို အားသွင်းပါ။

တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ
မကောင်းတဲ့ နည်းပညာတွေက ပါဒွန်တွဲပြီး
တိုးတက်လာနေတော့ နည်းပညာတွေကို
အမြဲလေ့လာ သတိထားသင့်ပါတယ်။
#ဖုန်း #နည်းပညာ

11/07/2026

TV ကြည့်တာ တစ်လတစ်လ
ဓါတ်ခဲ ဆယ်လုံးလောက်ကုန်နေတာ
ကြာလာတော့ အဆင်မပြေတော့ဘူး

ဓါတ်ခဲအား အကုန်မြန်တာကလဲ
ကျမ ဇာတ်ကားတွေကြည့်ရင် ရစ်ကြည့်တာ
များပါတယ်။
အခုတော့ ဒီလိုအားပြန်သွင်းလို့ရတာလေး
ဝယ်ထားလိုက်တော့
အားကုန်သွားရင် အားပြန်သွင်းလိုက်တော့
တော်တော်လေးအဆင်ပြေသွားပါပြီ။
#ဓါတ်ခဲ #ဘက်ထရီ

Photos from T T Naing's post 11/02/2026

အချစ်ရဲ့စွမ်းအား
အခုရက်ပိုင်း မှာလူအများစိတ်အဝင်စားဆုံး
မင်္ဂလာပွဲလေးကတော့ တရုပ်နိုင်ငံ
ယူနန်ပြည်နယ် ဇောက်တုံမြို့လေးက
ဆွေမျိုးမရှိ မိဘမရှိတဲ့ သာမန်လူငယ်လေးရဲ့
မင်္ဂလာပွဲလေးပါ။

ဒီလူငယ်လေးက ဘဝကိုခတ်ခဲစွာကြိုးစားရင်း
ချစ်သူတစ်ယောက်ရခဲ့ ပြီးမင်္ဂလာပွဲဆင်နွဲ့ဖို့
သူမှာ ဖိတ်စရာလူမရှိတဲ့အတွက်
လူအချို့ကလဲ သူ့ကိုဆင်းရဲလို့
အရေးတယူလဲမရှိတာကြောင့်

မင်္ဂလာပွဲလူမရှိရင် ချစ်သူမိန်းကလေးမျက်နာ
ငယ်မှာဆိုးလို့ အချစ်ရဲ့ စွမ်းအားကနေ
သူအရဲစွန့် ပြီး video လေးတစ်ပုဒ်ရိုက်ပြီး
အွန်လိုင်းပေါ်တင်လိုက်ပါတယ်။

ဒီ video လေးမှာသူပြောတာက
သူဘဝ အကြောင်းလေးပြောပြပြီး
မင်္ဂလာပွဲကို လာရောက်ဖို့ ဖိတ်လိုက်တာပါ
သူတို့ နှစ်ဦးရဲ့ စစ်မှန်တဲ့ အချစ်ကြောင့်
လူအများ ကသူတို့ နှစ်ဦးရဲ့

မင်္ဂလာပွဲကို ဝိုင်းဝန်းကူညီဖို့ လိုအပ်သည့်
ပစ္စည်းများနဲ့ လက်ဖွဲ့ များယူလားပြီးဝိုင်းဝန်း
ကူညီပေးလိုက်တာ October 31
ရက်မှာကျင်းပခဲ့တဲ့ မင်္ဂလာပွဲကြီးက
မထင်မှတ်လောက်အောင်
လူပေါင်း သောင်းချီတက်ရောက်ခဲ့ ပြီး

မိဘမယ့် ကောင်လေးရဲ့ မင်္ဂလာပွဲလေးက
ကမ္ဘာကျော် မင်္ဂလာပွဲကြီးဖြစ်ခဲ့ပါတော့တယ်။
#မင်္ဂလာပွဲ #အချစ်

10/27/2026

ကြက်ကင်အရသာ
ကြက်တောင်ပျံလေးတွေကို ကြက်ကင်အရသာလေးရအောင်ကြော်ထားတာပါ။
#ကြက်ကြော် #အကင်

Photos from T T Naing's post 10/24/2026

မွှေးကြက်ကြော်
ကလေးတွေအကြိုက် ကြက်ကြော်လေးပါ
ကြက်ရင်ဘုံသားလေးပါးပါးလှီးထားပြီး
လျှာလကာရည်အနဲငယ်နဲ့အရင်နယ်ထားပါ

ကြက်ဥတစ်လုံးဖောက် ဆား အချိုမူန့်
ငရုပ်ကောင်းမူန့် အနည်းစီကို
အခုနက လျှာလကာရည်နဲ့နယ်ထားတဲ့
ကြက်သားထဲကို အားလုံးထဲ့လိုက်ပါ

နောက်ထပ် မွှေးကြက်ကြော်မူန့်လေးပါ
ထဲ့ ပြီးနယ်ပေးပါ အားလုံးသမအောင်နယ်ပြီးလျှင်
ဆီပူပူထဲတွင် တစ်ခုချင်းထဲ့ကြော်လို့ရပါပြီ။
လွယ်ကူမြန်ဆန်တဲ့ကြက်ကြော်နည်းလေးပါ။
#ကြက်ကြော်

10/20/2026

တိချစ်သူတွေဖြစ်ရတာလဲနော်
ကိုယ့်အတွက်ချွေတာ သူတို့အတွက်
လိုအပ်တာအကုန် ဖြည့်ဆည်းပေးရတယ်
သူတို့ လိုအပ်တဲ့ပစ္စည်းကလဲအကုန်ဈေးကောင်း
#တိချစ်သူများ

10/17/2026

တိလေးတွေချစ်တော့လဲ
သူအတွက်လိုအပ်တာအကုန် ဖြည့်ပေးချင်တာနော်
နေ့ခင်းနေ့လည်အဆာပြေ သူ့အတွက်
မုန့်လေးတွေသွားကြည့်တာ
ဈေးနူန်းတွေဖတ်ပြီး

မဝယ်ဖြစ်ခဲ့ဘူး အိမ်မှာရှိတဲ့မုန့်ဘဲ ကျွေးတော့မယ်။
#တိချစ်သူများ

10/14/2026

ဒီအသီးဂေါ်ရခါးသီးလဲမဟုတ်ဘူး
ဘာအသီးလဲသိသူများပြောပါဦး
အပြင်မှာအခုမှမြင်ဘူးတယ်။
#အသီး

Other Health/Beauty in Omaha

Show All
  • We carry a variety of products for weight loss, appetite suppression, healthy energy drinks, nutrition, Essential oils and Air/Water purification.

  • Semi-Permanent Powder Brows�Soft, naturally beautiful�Minimal to NO pain�lasting 2-3 years�Custom to your style

  • jo.luxbeauty

    jo.luxbeauty

    7333 Farnam Street Suite 1, Omaha 68114

  • Evodia Fragrances

    Evodia Fragrances

    8790 F Street, Suite 202, Omaha 68127

    Evodia Fragrances: Where Memories, Make Scents! Create an everlasting euphoria! From hand-crafted signature collections to custom-made personal!

  • �Omaha, NE | Shipping Available Come ride this Wave � Black Owned | shEO: @therealmartres As

  • adoreyouherbal

    adoreyouherbal

    Omaha 68134

    Adore You Herbal and Wellness L.L.C provides tools and services that assist with cleansing, healing, relaxation, meditation, and providing information. Our products are designed to...

Alerts

Be the first to know and let us send you an email when T T Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Omaha.